Nov 23, 2012

ဒုချုပ်ဗိုလ်ချုပ်ကြီး စိုးဝင်း တရုတ် အပြည်ပြည်ဆိုင်ရာ လေကြောင်းသိပ္ပံနှင့် နည်းပညာပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တတ်ရောက်လေ့လာ

From:.မြဝတီ.။
.ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Qi Jianguo ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ (၁၂) ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် ညနေ(၆)နာရီ၌ ကူမင်းနိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိ ခဲ့ပါသည်။ လေဆိပ်တွင် ယူနန်ပြည်နယ် စစ်ဒေသကြီး၊ ဒုတိယ စစ်ဦးစီးချုပ် Sr. Col Zhao Yongqi မှ ခရီးဦးကြိုဆို ခဲ့ပါသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းသည် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် Zhuhai လေဆိပ်၌ ပြုလုပ်သည့် (၉)ကြိမ်မြောက် တရုတ် အပြည်ပြည်ဆိုင်ရာ လေကြောင်းသိပ္ပံနှင့် နည်းပညာပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုင်ငံအလိုက် လေကြောင်း စွမ်းပကား ပျံသန်းပြသမှုကို ကြည့်ရှုခဲ့ပါသည်။
 
ဖွင့်ပွဲအခမ်းအနားတွင် ခင်းကျင်း ပြသထားသော လေကြောင်းနှင့် အာကာသနည်းပညာ ဆိုင်ရာ ပြခန်းများအား ကြည့်ရှုခဲ့ပါသည်။ ပြခန်းများအနက် C4ISR စနစ်၊ မောင်းသူမဲ့ လေယာဉ် (UAV) ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်၊ သံချပ်ကာ လူသယ်ယာဉ်၊ မြန်နှုန်းမြင့် စက်သေနတ်ကြီး၊ အာကာသသိပ္ပံပြခန်း၊ ရဟတ်ယာဉ် ပျံသန်းမှုပုံစံတူ လေ့ကျင့်ခြင်း Simulator များကို လေ့လာ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။


 (မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ