Nov 24, 2012

ကမ္ဘာပေါ်တွင် အမြန်ဆုံး အင်တာနက်လိုင်း ရရှိသူ

From:.TechSpace Journal.....//
ကမ္ဘာ့ အမြန်ဆုံး အင်တာနက်လိုင်းရရှိသူကတော့ Sigbritt Löthberg အမည်ရ အသက် ၇၅ နှစ်အရွယ် ဆွီဒင် အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ သူ့အိမ်မှာ တပ်ဆင်ထားတဲ့ အင်တာနက် လိုင်းက တစ်စက္ကန့်ကို 40Gbs အထိ လိုင်းစွဲအားများပါတယ်။


 ဒါကြောင့် Full HD ဗားရှင်း ဗီဒီယို ဖိုင်တစ်ဖိုင် ကို Download ဆွဲဖို့ ၂ စက္ကန့် သာ ကြာပါတယ်။ HDTV channel အခု ၁၅၀၀ ကိုလည်း တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သာမန်လူတစ်ယောက်ရရှိတဲ့ အင်တာနက် လိုင်းစွဲအားထက် အဆပေါင်း များစွာသာလွန်နေတာ ဖြစ်ပါတယ်။ ဒီလို အင်တာနက် လိုင်းမြန်ရတဲ့ အကြောင်းအရင်း ရှိပါတယ်။ သူ့သား Peter Löthberg ဟာ အင်တာနက် geek တစ်ဦး ဖြစ်ပြီး နောက် တစ်ယောက် Karlstad Stadsnät ကလည်း ဒေသတွင်း Network ကောင်စီမှာ အရာရှိ တစ်ဦး ဖြစ်ပါတယ်။ 

ဆွီဒင်နိုင်ငံ အင်တာနက်လိုင်း မြန်မြန်ဆန်ဆန် ရရှိရေးအတွက် ကြိုးပမ်းနေသူများ ဖြစ်ပါတယ်။ ယခု Sigbritt အမေအတွက် ဖန်တီးပေးထားတဲ့ အင်တာနက်လိုင်းက စံပြ တစ်ခု ဖြစ်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ် အနည်းဆုံး ဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ဒီလို လိုင်း ဖြစ်အောင် ပြု လုပ် ပေးဖို့လည်း ကြိုးစားနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)
________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ