Nov 23, 2012

သံတွဲ-ရန်ကုန်ကားများပေါ်တွင် မွတ်စလင်များမလိုက်ရ

From:.oppositeye
သံတွဲမြို့မှ ရန်ကုန်သို့သွားသောအဝေးပြေးခရီးသည်တင်ယာဉ်များတွင် အစ္စလာမ် ဘာသာ ၀င်များ မပါ ရှိစေ ရေး ကြပ် မတ်ရန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် မ.ထ.သ မှ ညွှန်ကြားချက် ထုတ်ပြန် လိုက်သည်။
ခရိုင် အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ယင်းညွှန်ကြားချက်အား မြို့နယ် မ.ထ.သ က နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် အဝေးပြေးကားလိုင်းများထံဆက်လက် အကြောင်းကြား ခဲ့ သည်။

ဒေသခံတစ်ဦးက“ လေယာဉ်နဲ့သွားမယ်ဆိုရင် ကားခထက် လေးငါးဆမက  ကုန်တာပေါ့၊ တော်ရုံနဲ့ ခရီး သွား ဖို့ မလွယ်တော့ဘူး” ဟုပြောသည်။

သံတွဲ- ရန်ကုန်ကားခမှာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် အထိဖြစ်ပြီး  လေယာဉ်ခ များမှာ မြန်မာ့ေ လကြောင်း ၄၈၀၀၀ ကျပ်နှင့် ကျန်ပုဂ္ဂလိက  လေကြောင်းလိုင်းများမှာ ၇၅၀၀၀ ကျပ်ဖြစ်သည်။

“တစ်ကယ် ဆိုရင် ကားလမ်းမှာ လုံခြုံမှု မရှိဘူးဆိုရင် အာဏာပိုင်တွေ က လုံခြုံရေး စီစဉ်ပေးသင့်တယ်” ဟုလည်း အခြားဒေသခံတစ်ယောက်က  ပြောသည်။

အဆိုပါ ညွှန်ကြားစာ များတွင် မည်သည့် အကြောင်းကြောင့်ဟုမပါရှိပဲ  နောက်ထပ် ညွှန်ကြားချက် မရမီ အချိန် ထိ လိုက်နာ ရန်ဟုသာ ဖော်ပြ  ထားသည်။
Yangon Press International....
.(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ