Nov 21, 2012

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးစတင်

From:..Yangon Media Group..//
အမေရိကန်ပြည်ထောင်စု၏ USS Bonhomme Richard စစ်သင်္ဘော ပေါ်သို့ မြန်မာရေတပ် အရာရှိများလာ ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ ယင်းသည် ဆယ်စုနှစ်များအတွင်း အမေ ရိကန် စစ်တပ်နှင့် မြန်မာနိုင်ငံစစ်တပ်တို့ ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံမှုတစ် ရပ်အဖြစ် တွေ့မြင်ရခြင်း လည်းဖြစ်သည်။ အမေရိကန်စစ်သင်္ဘော USS Bonhomme Richard သည် အန်ဒါမန်ဆီး အနီးရှိ ဆိပ်ကမ်းတစ်ခုတွင်၎င်း၏လှည့်လည်ရေးခရီးစဉ်အတောအတွင်းရပ်နားထားစဉ်မြန်မာရေတပ်အရာရှိတို့ကလာ ရောက် လည်ပတ်ခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။


အမေရိကန်ပြည်ထောင်စုစစ် တပ်၏ သတိအနေအထားနှင့် ဆက်စပ် ပတ်သက်မှုသည် မြန်မာနိုင်ငံသို့ အလည် အပတ်ရောက်ရှိစဉ် သမ္မတဘားရတ်အို ဘားမား၏ အထင်ကရမိန့်ခွန်းထဲမှ မြန်မာ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဆက်ဆံရေး အဆင်ပြေချောမွေ့မည့် အနေ အထားတွင် ရှိလာမည်ဟူသော အာဘော် ကို ထင်ဟပ်ခြင်းလည်းဖြစ်သည်ဟု သိရ သည်။

မကြာသေးမီက မြန်မာနိုင်ငံသို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် လာရောက် လည်ပတ်ပြီးနောက်ပိုင်း သမ္မတအိုဘား မားက ခရီးတစ်ထောက် ရောက်ရှိလာခဲ့ ခြင်းသည် ပင် နှစ်နိုင်ငံစစ်တပ်အချင်းချင်း ဆက်ဆံရေးအတွက် လမ်းဖွင့်ပေးခဲ့ခြင်း လည်းဖြစ်သည်။

လွန်ခဲ့သည့်လက ပစိဖိတ်စစ် တပ် တပ်မှူး ဗိုလ်မှူးချုပ် ဖရန်စစ်ဝီယာ စင်စကီးနှင့် အရှေ့အာရှဆိုင်ရာ လက် ထောက် ကာကွယ်ရေးဝန်ကြီး ဗီကရမ်ဆင်း တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံခေါင်းဆောင်တို့က ပြဿနာ များနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ ကြောင်း သိရသည်။ ထိုသို့ဆွေးနွေးပြော ဆိုရာတွင် လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အခြားသော စိုးရိမ်ပူပန်ဖွယ် ရာများကို ဆွေးနွေးခဲ့ကြောင်း ပစိဖိတ် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူး ကြီး သီရိဆာဒွန်နယ်လီ က ပြောကြားခဲ့ ကြောင်း သိရသည်။

(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

HEIN said...

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ