Nov 24, 2012

အမေရိကန် ကာကွယ်ရေးဝန်ကြီးမှ မြန်မာ(myanmar) ဟု ခေါ်ရမည့်အစား ဘားမား(burma) ဟု ခေါ်ဝေါ်မိသည့်အတွက် တောင်းပန်ခဲ့

From:.မြဝတီ.//
အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပင်နက်တာတို့ အလွတ် သဘော တွေ့ဆုံ ဆွေးနွေးရာတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးမှ အာဆီယံဒေသသည် ပိုမိုအရေးပါ လာကြောင်း၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးသည် အရေးကြီးကြောင်း၊ မလက္ကာ ရေလက်ကြား လုံခြုံရေးသည် ပင်လယ်ရေကြောင်း သွားလာရေးအတွက် အရေးကြီးကြောင်း၊ အမေရိကန်အနေဖြင့် အာဆီယံ နိုင်ငံများနှင့် စစ်ဘက်ဆိုင်ရာ ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်ရေး လေ့ကျင့်ခန်းများလည်း တိုးတက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကာကွယ်ရေးဝန်ကြီး လီယွန်ပင်နက်တာမှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများကို ကြိုဆို ထောက်ခံကြောင်း၊ အနာဂတ်တွင် ပိုမိုရင်းနှီးစွာ ဆက်ဆံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအား ဘားမားဟု သုံးနှုန်းခဲ့ပါသည်။


ထို့နောက် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်မှ ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့ရကြောင်း၊ သို့သော် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ ထောက်ခံအားပေးမှုသည် အင်အားတစ်ခု ဖြစ်စေပြီး ရှေ့သို့တိုးတက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဘားမားဟု ခေါ်ဆိုခြင်းနှင့် ပတ်သက်၍ ရှင်းပြလိုကြောင်း မြန်မာနိုင်ငံတွင် လူမျိုးစုများစွာ နေထိုင်လျှက်ရှိပြီး ဗမာလူမျိုးသည် လူမျိုးစု ၁ ခု ဖြစ်ကြောင်း ဘားမားဆိုသည်မှာ ဗမာလူမျိုးကိုသာ ကိုယ်စားပြုကြောင်း၊ မြန်မာဆိုသည်မှာ တိုင်းရင်းသား လူမျိုးအားလုံးကို ကိုယ်စားပြုကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုအားလုံးကို ကိုယ်စားပြုသည့် မြန်မာဆိုသည့် အသုံးအနှုန်းသာ အသုံးပြုစေလိုကြောင်း ပြောကြားခဲ့ရာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်သူများမှ လက်ခုပ်တီး၍ ချီးကျူးသြဘာ ပေးခဲ့ကြသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးမှ ပြန်လည် ပြောကြားရာတွင် မိမိအနေဖြင့် ပြောနေကျ နှုတ်ကျိုးနေ၍ ယခုလို ပြောကြား ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ် ချက်မရှိပါကြောင်း၊ မိမိအား မြန်မာနိုင်ငံမှ လူမျိုးစုများအကြောင်း ရှင်းလင်းပြပြီး မိမိအမှားကို ထောက်ပြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း နောင်တွင် မြန်မာဟု သုံးနှုန်းသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားရာ အစည်းအဝေး တက်ရောက် လာသူများမှ ဝိုင်းဝန်းသြဘာ ပေးခဲ့ကြပါသည်။

သို့သော်လည်း မြန်မာဒီမိုခေါင်းဆောင်ဟူ၍ နာမည်ခံထားသော ဒေါ်အောင်ဆန်းစုကြည်ကတော့ မိမိဘာသာကြိုက်သလိုခေါ်ခွင့်ရှိကြောင်း တစ်သက်လုံး ဘားမား ဟုသာ ခေါ်နိုင်မည်ဖြစ်ပြီး မိမိဘာသာကြိုက်သလိုခေါ်ခွင့်ရှိသည် ဟု ပြောခဲ့ပြီး ကုလား အား ကုလားဟု မိမိသဘောကျ ခေါ်သူများကို မိမဆုံးမ ဖမဆုံးမ များလို့ ပြောကြားခဲ့ပါတယ် ။

 (မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________ 

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ