Nov 19, 2012

အိုဘားမား၏ အဖိုးသည် မြန်မာပြည်အားကိုလိုနီနယ်မြေအဖြစ်သိမ်းပိုက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ခဲ့ဖူး

လက်ရှိ အမေရိကန် သမ္မတ ဘားရတ်ဟူစိန်အိုဘားမား၏ အဖိုးဖြစ်သူဟူစိန် အွန်ညာဂို အိုဘားမားသည်ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်၏အာဖရိကန်ရိုင်ဖယ် တပ်ခွဲ၁၁ နှင့်အတူ မြန်မာနိုင်ငံတွင်တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း သမိုင်းပညာရှင်ဒေါက်တာ သန့်မြင့်ဦးက ၄င်း၏ Facebook စာမျက်နှာ တွင် ရေးသားထားသည်။

ယင်းတပ်ခွဲသည်ချင်းတွင်းမြစ်နှင့်မြစ်ကြီးနား၊ မန္တလေးတိုက်ပွဲများ ချီတက် ဆင်နွဲခဲ့ကြောင်း ယင်းကဆက်လက်ရေးသားထားသည်။

ကင်ညာ နိုင်ငံသားဟူစိန်အွန်ယာဂိုအိုဘားမား သည်ဗြိတိန်တပ်ခွဲမှဗိုလ်ကြီးတစ်ဦး၏ ထမင်းချက် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း The New York Times သတင်းစာပါ ဆောင်းပါး တစ်ပုဒ်တွင်ရေးသားထားသည်။

ယင်းအချိန် ဗြိတိသျှ စစ်တပ်တွင် ကင်ညာနိုင်ငံသား ခုနစ်သောင်းခွဲခန့်တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ထိုခေတ်အိုဘားမား၏ အဘိုးဖြစ်သူ အပါအဝင်ကင်ညာ နိုင်ငံသားတို့ယင်းအတွေ့ အကြုံမှတဆင့်ပြင်ပ ကမ္ဘာနှင့် ထိတွေ့ပြီးဘဝ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဆောင်းပါးတွင်ထပ်မံဖော်ပြထားသည်။

“အိုဘားမားရဲ့ဇစ်မြစ်ဟာ မြန်မာက ဖြတ်သွားခဲ့ပါတယ်”ဟုစိန့်လူးဝစ်ရှိဝါရှင်တန် တက္ကသိုလ်မှအာဖရိကန်သမိုင်းပါမောက္ခ တီမွန်သီပါဆွန်စ်က ပြောဆိုသည်။

သမိုင်းပညာရှင်ဒေါက်တာ သန့်မြင့်ဦးကမူ မြန်မာနှင့်သမ္မတအိုဘားမား သည်အခြား အမေရိကန်ခေါင်းဆောင်များတွင်မရှိနိုင်သည့် ဆက်နွယ်မှုမျိုးတစ်နည်းနည်းဖြင့်ရှိကောင်းရှိ နေနိုင်ကြောင်း သုံးသပ် ပြောဆို ထားသည်။

ဟူစိန်အွန်ညာဂိုအိုဘားမားကို ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့ကြောင်းခန့်မှန်းထားပြီးသမ္မတ ဘားရက် အိုဘားမားမှာ အင်ဒိုနီးရှား နိုင်ငံတွင်ငယ်ဘဝ ဖြတ်သန်းခဲ့ဖူးသည်။(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ