ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ CDMA 800 MHz, CDMA 450 MHz များ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
“နောက်ပိုင်းမှာ CDMA ဖုန်းလိုင်းတွေ ထပ်ထုတ်မှာ မဟုတ်ပါဘူး။ GSM တွေကိုပဲ လိုင်းပိုကောင်းအောင် လုပ်သွားမှာ။ CDMA လိုင်းတွေက အင်တာနက်လိုင်း သုံးလို့မရဘူးဆိုတော့ အဆင်ပြေမှာ မဟုတ်ဘူး။ GSM 3G နဲ့ 4G Network တွေကိုသာ ပိုကောင်းအောင် လုပ်သွားမှာပါ။ အရင်ဝယ်ထားတဲ့ ဖုန်းလိုင်းတွေကိုတော့ အရင်အတိုင်းပဲ သုံးလို့ရပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။
From:[_ Weekly Eleven_]
(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
![Print Friendly and PDF](http://cdn.printfriendly.com/pf-button-both.gif)
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။