Jan 10, 2013

၂၀၁၃ ဧပြီမှစ၍ အစိုးရဝန်ထမ်းများ လစာ(သို့)ထောက်ပံကြေး တိုးနိုင်ကြောင်း သမ္မတပြောကြား

အစိုးရဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ လာမည့်ဘဏ္ဍာနှစ်တွင် တိုးမြှင့်ပေးနိုင်တော့မည့် အနေအထားရှိကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ပေးပို့သော သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး သဝဏ်လွှာတွင် အရိပ်အမြွက် ထည့်သွင်း ပြောကြားသွားသည်။ ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သော လူမှုရေး ဆောင်ရွက်ချက်များအကြောင်း ပြောကြားရာတွင် သမ္မတ က ယခုလို ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

 “လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေ ငွေစာရင်း ဆွေးနွေးသည့် ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တဆင့်ပြီး တဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်” ဟု သမ္မတ၏ နှစ်သစ်ကူး သဝဏ်လွှာတွင် ရေးသားပါရှိသည်။ လာမည့် ဘဏ္ဍာနှစ်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်မည် ဖြစ်သည်။


 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

လစာတိုးတာတော့ကောင်းပါတယ် အခြေခံကုန်ဈေးနှုန်းတွေ
လဲတက်လာပါဦးမယ်ဗျာ အဲဒီဆိုရင်တော့လက်လုပ်လက်စားသမားတွေတော့
ဒုက္ခရောက်လိမ့်ဦးမယ်ကုန်သည်ကြီးများကိုယ်ချင်းစာတရား
ထားနိုင်ကြပါစေဗျာ

Anonymous said...

ကုန်ဈေးနှုန်းမတိုးဘို့ကအဓိကပါ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ