Oct 7, 2012

ဘင်္ဂလီကုလား အရေး ဆောင်ရွက်မပေးနိုင်ကြောင်း ဦးသိန်းညွှန့် (NNDP)ပြော

ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းသော မည်သူ့ကိုမဆို နိုင်ငံသားအဖြစ် လက်ခံ အသိမှတ်ပြု သော်လည်း ‘ရိုဟင်ဂျာ’ ဟူသည် မြန်မာနိုင်ငံ သမိုင်းကော်မရှင်က အသိမှတ်ပြုထားသော လူမျိုးများထဲတွင် မပါဝင်၍ ရိုဟင်ဂျာအရေးကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ခေါင်းဆောင် ဦးသိန်းညွှန့် က ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်သော NNDP တည်ထောင်သည့် တနှစ်ပြည့် အခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့် ဦးသိန်းညွှန့်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ကျနော် မဲရဖို့ သက်သက်နဲ့ ဟိုမှာတမျိုး ဒီမှာတမျိုး မပြောနိုင်ဘူး။ ဟိုပုဂ္ဂိုလ်ပြော ဒီပုဂ္ဂိုလ်ပြောကို မပြောဘူး။ မြန်မာနိုင်ငံ သမိုင်းကော်မရှင် တင်ပြထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာ ‘ရိုဟင်ဂျာ’ မပါတဲ့အတွက် ရိုဟင်ဂျာ အရေးကို မဆောင်ရွက်ပေးနိုင်ပါဘူး” ဟု ဦးသိန်းညွန် က ယတိပြတ် ပြောဆိုသွားသည်။ 

 ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ပြည်သူဆန္ဒကို ရယူထားသည့် ဥပဒေ ဖြစ်ပြီး ကုလသမဂ္ဂမှ ချမှတ်ထားသော စံချိန်စံနှုန်းနှင့် မကိုက်ညီမှာသာ ၎င်းအနေနှင့် အဆိုတင်သွင်းမည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ဆက်လက်ပြောဆို သည်။ “၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေက အဲ့ဒီတုန်းက အာဏာရှင်စနစ် အောက်မှာ ပြုထားသော်လည်း လူ့အခွင့်ရေးကို အသိမှတ်ပြုတယ်။ နိုင်ငံသား မဟုတ်တဲ့ လူတွေကို ဧည့်နိုင်ငံသား ပြုခွင့် ပေးထားတယ်။ မပေးထားတာ တချက်ပဲ။ နိုင်ငံသား မဟုတ်တဲ့အတွက် သမ္မတ လုပ်လို့ မရဘူး၊ လွှတ်တော်ကိုယ်စားလှယ် လုပ်လို့မရဘူး။ နိုင်ငံရေး ရာထူးတွေ ယူလို့မရအောင် လုပ်ထားတယ်။ ဒါက ကျနော်တို့နိုင်ငံမှ မဟုတ်ဘူး။ တခြားနိုင်ငံမှာလည်း နိုင်ငံသားမဟုတ်တဲ့လူ တွေ ဒီလိုကန့်သတ်တာပဲ” ဟု ၎င်း၏ ပါတီ နှစ်ပတ်လည်အခမ်းအနားတွင် ပြောဆိုသွားသည်။

(မောင်ကျောက်ခဲံ အဖွဲ့)
________________________________________________________________________ 
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

zawmyoaung said...

ဘကြီးရေ ဘကြီးပြောနေသောစကားတွေကို ဟိုသေသွားတဲ့ဦးနုဆိုတဲ့လူကြီးကိုပေးနားကြားစေချင်တယ်ဗျ။

Anonymous said...

thanks.
u thein nyut.. you r jingo. for all myanmar you r manliness you r gentle man.. how about aung thein linn? how about su kyi? because your r not selffish.. carry on.. try your best as your brilliant mind so imitate him,, u thein nyut is very good person our nationalities. we will must be follow wiht him..
..jingo

Anonymous said...

ကျွန်တော်အသက်ကတော့ အခုဆို ၄၀ နီးပါးရှိပါပြီ.... အစိုးရ၀န်ထမ်း ဘ၀နဲ့(၁၃)နှစ်ကာလမှာ လူ့အလွှာအသီးသီး မြန်မာနိုင်ငံ ဒေသအသီးသီးလဲ စုံခဲ့ပါပြီ.... ဘယ်ရွေးကောက်ပွဲကိုမှလဲ တစ်ကြိမ်တစ်ခါမျှ မဲဝင်မပေးခဲ့ဘူး.. ဒါပေမဲ့ အဘ ဦးသိန်းညွန့်လို လူကြီးမျိုး မြန်မာနိုင်ငံမှာ များစွာရှိသင့်နေသလို.... ခေတ်ကလဲတောင်းဆိုနေပါပြီ.... ကျွန်ုပ်တို့ လိုချင်သော ခေါင်းဆောင်ဆိုတာ ကို့တိုင်းပြည် ကို့လူမျိုးအပေါ်မှာ အဲလို တိကျပြတ်သားတဲ့အဖြေကို ပေးစွမ်းနိုင်တဲ့သူပဲဖြစ်တယ်.... ကျွန်တော် တစ်ခုပဲမျှော်လင့်တယ်.... အဘသာ နိုင်ငံတကာကပေးတဲ့ နိုဘယ်လ်ဆုကိုများ ရခဲ့မယ်ဆိုရင် မယူပါနဲ့....အဘစီမှာ ကျွန်တော်တစ်သက် ကျွန်ခံလုပ်ကျွေးပါ့မယ်... ဒီတစ်ခါ ရွေးကောက်ပွဲမှာတော့ အဘကို ကျွန်တော် မဲဝင်ပေးတော့မယ်ဗျာ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ