Oct 10, 2012

ရန်ကုန်မြို့ ကောင်းကင်ပေါ် တွင် ညဘက်ထွက်ပေါ်လာသော စလိုက်မီးတန်းများနှင့် ပတ်သတ်ပြီး ဤသို့တွေးကုန်ကြသည်

By:Tun Paing Soeမနေ့ညက ကောင်းကင်ပေါ်က အလင်းတန်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းကြည့်ရာမှာ-

 အရပ်သားတဦး။ ဘာကြောင့်လဲတော့ မသိဘူး.. တော်တော်ကြောက်စရာကောင်းပါတယ်။ ကြောက်လွန်းလို့ ကျနော်တို့မိသားစု ဘုရားစာတွေပဲ ထိုင်ရွတ်နေကြတယ်။

 မိုးဇလမှ ၀န်ထမ်းတဦး။ ဟုတ်ကဲ့.. ဒါက ရာသီဥတုကြောင့် တိမ်တွေထဲက လျှပ်စစ်သံလိုက်ကွင်းတွေ အချင်းချင်း ပွတ်မိပြီး ဖြစ်တာပါ။

 ပယောဂဆရာ တဦး။ ဒါဟာ နိုင်ငံအတွင်းမှာ ကံဆိုးမှုတွေ ကျရောက်တော့မယ့် နိမိတ်ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေက မြူးတူးပျော်ပါးနေတာ ဖြစ်ပါတယ်။

 တတ်သိပညာရှင်။ ဒါဟာ အနောက်နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ UFO ရဲ့ အလင်းတန်းတွေပါ။ ဟိုတလောတုန်းကလည်း ကျနော်တို့ နိုင်ငံကို UFO တွေ ရောက်လာသေးတယ်လေ။

 လက်နက်အရေးကျွမ်းကျင်သူ။ ဒါက ရှင်းနေတာပဲ။ အစိုးရက နျူကလီးယား လက်နက်ကို စမ်းသပ်နေတာပါ။ ဒါမှ မဟုတ်ရင်လဲ ကချင်တိုက်ပွဲအတွက် ဓာတုလက်နက်တွေကို စမ်းသပ်တဲ့ သဘောဖြစ်ပါလိမ့်မယ်။

 နိုင်ငံရေးသမားတဦး။ ဒီလိုအဖြစ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့နိုင်ငံမှာ အစိုးရက ပွင့်လင်းမြင်သာမှု အားနည်းသေးတယ်လို့ ပြောရမှာပေါ့ခင်ဗျာ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ကြိုတင်သတင်းထုတ်ပြန်မှုတော့ ရှိသင့်ပါတယ်။

_______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ