Oct 13, 2012

ကာတွန်းဥိးဘဂျမ်းပြောတဲ့ ဘာမှမသိတဲ့ အပြောကောင်းနိုင်ငံရေးသမား

 ထိုကဲ့သို့သော နိုင်ငံရေးသမားများ မြန်မာနိုင်ငံတွင် အမြောက်အမြားတွေ့နိုင်ပေသည် ။၎င်းတို့သည် လူစုံလျှင် နိုင်ငံရေးတရား စီးပွါးရေးမကောင်းကြောင်း အစိုးရကို ပုတ်ခတ်သော လှိုင်လှိုင်ကြိး သုံးသတ်သည် ။အစိုးမှန်လျှင်မကောင်းကြောင်းပြောသော်လည်း မိမိတို့သာလျှင်ကယ်တင်ရှင်ကြီးများဖြစ်ကြောင်း ပြောတတ်လေသည် ။ အနီးစပ်ဆုံးပြောပါလျှင် လက်ပံတောင်တောင် ကိစ္စတွင် ကုမ္မဏီများစတင်ခြေချလာကတည်းက လျှော်ကြေးငွေများပေးအပ်ခဲ့ခြင်းကို မည်သူမျှ မပြောကြချေ။နောက်ပိုင်းတွင် လူထုဆန္ဒပြမှူမှသည် ဘာမှန်းမသိသော ပေါကြောင်ကြောင် ပါဖောမန့် များဖြင့် ပြုလုပ်လာချေပြီ (ပါဖောမန့် ဟုသည် မြင်သူက ထိုသူပြောချင်သည်ကို တန်းသိနိုင်သည့် ပညာဖြစ်သော်လည်း မြန်မာနိုင်ငံရှိ နိုင်ငံေ၇းသမားများသုံးသော ပါဖောမန့်သည်ကား အချင်းချင်းပင် မသိနိုင် နောက်ဆုံး ပါဖောမန့်ပညာပြသူကပင် ပြန်ရှင်းပြမှနားလည်ရသော ပေါကြောင်ကြောင် အဆင့်မမှီသော ပညာသည်များပင်တည်း ဤကား စကားချပ်)..။ထို့သို့ပြုလုပ်တတ်သည်မှာ ပြည်သူများသိကြသော ယခုတိုင်ကျောင်းတတ်နေဆဲ အသက် ၄၀ ကျော်ကျောင်းသားများဆိုသူနှင့် ၈၈ အရေးတော်ပုံကြီးမှ ကမြောက်ကချောက်များ သာဖြစ်ကြောင်းမိဘပြည်သူများ အသိပင်ဖြစ်ခဲ့သည် ။အကျိုးမြတ်ကြည့် နိုင်ငံရေးသမားဆိုသည်ကား ခေတ်မည်မျှပင် ပြောင်းလဲစေကာမူ အစိုးရအားတိုက်ခိုက်ရလျှင်ပြီးရော..ရသည့်နည်းဖြင့် တိုက်မည် ဆူပူမည်အဖွဲ့ကို သွေးထိုးပေးမည် စကားလုံးလှလှများသုံးမည် ခံရပြီဟေ့ဆိုလျှင် မသိချင်ယောင်ဆောင်တတ်ပြီး ကိစ္စအောင်မြင်ခဲ့လျှင် နှမ်းဝင်ဖြူးတတ်သောသူများသာ ဖြစ်တော့သည် ။

(မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ