Oct 12, 2012

တာလီဘန်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးငယ်၏ကိုယ်ခန္ဓာမှ ကျည်ဆန်ကိုဖယ်ရှားနိုင်ပြီ

ပါကစ္စတန်နိုင်ငံ ဆွက်တောင်ကြားဒေသတွင် တာလီဘန်စစ်သွေးကြွတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံခဲ့ရသော အသက် ၁၄ နှစ်အရွယ် တာလီဘန်ဆန့်ကျင်ရေး လှုပ်ရှားတက်ကြွသူ မိန်းကလေးငယ်၏ ကိုယ်ခန္ဓာအတွင်းမှ ကျည်ဆန်ကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဆရာဝန်များက ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရသည်။
ပက်ရှ်ဝါမြို့မှ ဆရာဝန်များက အဆိုပါမိန်းကလေးငယ်၏ ဦးခေါင်းမှ ဖောက်ကာ ပခုံးတွင် စိုက်ဝင်နေသည့် ကျည်ဆန်ကို ကော်ထုတ်ဖယ်ရှားပြီးနောက် ၄င်းမှာ အခြေအနေ တည်ငြိမ်မှုရှိနေသည်ဟု ဆိုသည်။ မာလာလာယူဆွမ်ဇိုင်းအမည်ရှိ အသက်(၁၄)နှစ်အရွယ် ယင်းကျောင်းသူကလေးမှာ ဆယ်ကျော်သက် အင်တာနက်ဘလော့ဂါအဖြစ် ပိုမိုထင်ရှားသည်။ ၄င်းသည် စစ်သွေးကြွ ဆန့်ကျင်ရေးစကားများကို တိုးမြှင့်ပြောကြားနေသူဖြစ်ပြီး ၄င်း၏ အင်တာနက်ဘလော့တွင် ဆွက်ဒေသ၌ တာလီဘန်တို့၏ အုပ်စိုးမှုအောက်မှ ဆိုးရွားလှသောဘ၀ကို ထုတ်ဖော်ရေးသားသူလည်း ဖြစ်သည်။
  အောက်တိုဘာ ၉ ရက်တွင် ကျောင်းသူလေး မာလာလာ စာသင်ကျောင်းမှ ကျောင်းကားဖြင့် အိမ်သို့ပြန်လာစဉ်တွင် တာလီဘန်စစ်သွေးကြွတစ်ဦးက ၄င်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ