Oct 11, 2012

လိုင်ဇာဌာနချုပ်မှ တစ်လလျှင် တစ်မဟာတစ်ခုအတွက် လူသစ် (၂၅၀) ယောက်မရရသည့်နည်းဖြင့်စုဆောင်းရန် အမိန့်ထုတ်

KIA တပ်မဟာ(၅) မှ ဗိုလ်မှူး ခေါင်လွန်းမှ ခေါင်းဆောင်ပြီး KIA တပ်သား (၂၀) ဦးခန့်သည် အောက်တိုဘာ (၉) ရက်နေ့လည်ပိုင်းတွင် မြစ်ဆုံ အရှေ့ဘက် မေခမြစ်ကမ်းဘေးရှိ သဲဝိုင် အနီးတစ်ဝိုက်ရှိ တောင်ယာလုပ်ကိုင်နေသူများနှင့် ရွှေကျင်နေသူများမှ စုစုပေါင်း(၂၁) ဦး အား လူသစ်အဖြစ်ဖမ်းဆီးသွားပြီး ထိုဖမ်းဆီးသွားသူများတွင် အမျိုးသမီး (၅) ဦးပါဝင်ကြောင်းသိရသည်။

လူသစ်လိုက်စုနေသော ကေအိုင်အေမှ တပ်ဖွဲ့ဝင်တစ်ဦး


 ထိုသို့ အတင်းအဓမ္မလူသစ်အဖြစ်ဖမ်းဆီးနေရခြင်းမှာ KIA တပ်မဟာများအား လိုင်ဇာဌာနချုပ်မှ တစ်လလျှင် တစ်မဟာတစ်ခုအတွက် လူသစ် (၂၅၀) ယောက်အား ရသည့်နည်းဖြင့် ရှာဖွေသင်တန်းပေးရန်ညွှန်ကြားထားသောကြောင့်ဖြစ်ကြောင်း သိရသည်။ 
ထို့ကြောင့် KIA တပ်များသည် လူသစ်ရရှိရေးအတွက် ရွာအလိုက်ခွဲတမ်းတောင်းခံခြင်း၊ တောင်ယာတဲများ၊ ရာဘာခြံများ ၊ ကျေးရွာများနှင့် မြို့အစွန်များတွင် ၀င်ရောက်ဖမ်းဆီးခြင်းများဆောင်ရွက်နေရခြင်း ဖြစ်ကြောင်းသိရသည်။

(မောင်ကျောက်ခဲ)
_______________________________________________________________________ 
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Unknown said...

ဒီလိုလူသစ်အသဲအသန်စုနေပြီဆိုရင်စစ်ရေးအခြေအနေ မကောင်းတော့ဘူးလို သိနိုင်ပြီ၊ နောက်ပြီး ကေအိုင်အေ အပေါ်ကချင်တွေရဲ့ထောက်ခံမှုကြဆင်းလာ ပြီလို့ ဆိုနိုင်တယ် တပ်မတော်က သမ္မတရဲ့အမိန့်နဲ့ ပြတ်ပြတ်သားသားမချေမှုန်း ဘဲဝိုင်းပတ်ထိမ်းချုပ်ထားတာကိုသိထားဖို့လိုတယ် တပ်မတော်ကို စစ်ရေးနည်းနဲ့ အနိုင်ယူပြီး နိုင်ငံတော်ကို အကြပ်ကိုင်ဖို့ဆိုတာ အုပ်နံရံကိုခေါင်းနဲ့ ဆောင့်တာမှဖြစ် နိုင်အုံးမယ် ကေအိုင်အေခေါင်းဆောင် လူတစ်စုရဲ့ လောဘ နဲ့အာဏာ ကိုမက်မောမှုက ဒေသခံပြည်သူတွေရဲ့မျက်ရေတွေ လက်အောက်က စစ်သားတွေရဲ့အသက်တွေနဲ့စတေးပြီး ထိမ်းသိမ်းဖို့ ကျိုးစားနေတာ ရှက်စရာကောင်းလွန်းတယ် စကောလောက်မှဇောက်မနက်တဲ့ အကြံသာဖြစ်တယ်

Anonymous said...

လောဘဇောတက်နေတဲ့ အရိုင်းအစိုင်း ကကြီးခခွေးတွေ ပြည်နယ်အေးချမ်း သာယာဖွံ့ဖြိုး တိုးတက်လာရင် အချင်းချင်း သြဇာအာဏာ မသက်ရောက်မှာ သူတို့ကိုလွှမ်းမိုးသွားမှာကို စိုးရိမ်နေတာပါ.....

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ