Oct 12, 2012

အစိုးရမှ ကေအိုင်အိုနှင့်တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းသော်လည်း ကေအိုင်အို လက်မခံချင်သေး

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ေ ဆာင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မကြာမီ တွေ့ ဆုံမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ပြောသည်။ သုံးလကျော်ကြာ နှစ်ဖက် တွေ့ဆုံမှု ရပ်ဆိုင်းခဲ့ပြီးနောက် ဝန်ကြီး ဦးအောင်မင်း က ရွှေလီမြို့ သို့မဟုတ် မူဆယ်မြို့ တွင် ပြန်လည်တွေ့ဆုံရန် အောက်တိုဘာလ ၁ဝ ရက်နေ့က ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ထံ စာပေးပို့ခဲ့ခြင်း ဖြစ်သည်။
 “KIO က ရွှေလီမှာလို့ တောင်းဆိုထားတာ။ ခု အစိုးရဘက်က ရွှေလီ သို့မဟုတ် မူဆယ်မှာ တွေ့မယ် လို့ ပြောလာရင်တော့ စည်းဝေးက ရွှေလီမှာ တွေ့ဖို့ သေချာနေပြီ။ ရက်ပဲ သတ်မှတ်ရတော့မယ်။ ဒီရက်ပိုင်း အတွင်း တွေ့နိုင်မယ်။ ခုဒီတခါတွေ့ရင်တော့ စစ်တပ်ပိုင်းဆိုင်ရာ တွေ့မယ်လို့ ထင်တယ်။ နောက် KIO လိုလားတာ က မူတခုခု ချမှတ်နိုင် မှ နောက်တကြိမ် ဘယ်နေရာဖြစ်ဖြစ် နိုင်ငံရေးစတင် ဆွေးနွေးမယ်။ ဒါကြောင့် မူတခုခု ချမှတ်နိုင်မယ်လို့ မျှော်လင့်နေတယ်” ဟု ဦးဂွမ်ဂျာ က ပြောသည်။



 ဦးအောင်မင်း ကမ်းလှမ်းသည့် စာအား လက်ခံရရှိကြောင်းနှင့် ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဗဟိုကော်မတီ စည်းဝေးဆုံးဖြတ်၍ အကြောင်းပြန်မည်ဟု KIO ဘက်မှ ကြာသပတေးနေ့က တုန့်ပြန်လိုက်ပြီး သောကြာနေ့တွင် KIO ဗဟိုကော်မတီ စည်းဝေးကျင်းပနေသည်ဟု ဦးဂွမ်ဂျာ က ဆိုသည်။ ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က လွယ်ဂျယ်မြို့အနီး ပရန်ငေါနဒေသတွင် အလွတ်သဘော တွေ့ဆုံေ ဆွးနွေးရာတွင်ပြန်လည်တွေ့ဆုံပါက KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် အစိုးရ ဒု-ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ စစ်တပ်ပိုင်းဆိုင်ရာ ဆွေးနွေးရန် သဘောတူခဲ့ကြသည်။ သို့သော် ယခု ထပ်မံတွေ့ဆုံသည့် ဗိုလ်ချုပ်ကြီး စိုးဝင်း ပါဝင်မှု ရှိ/မရှိကိုမူ မသိရသေးသော်လည်း စစ်တပ်ဘက်မှ လည်း ပါဝင်နိုင်မည်ဟု ယူဆပြီး အောက်တိုဘာလ ၁၅ ရက်နေ့ မတိုင်မီ တွေ့ဆုံနိုင်ကြဖွယ်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦး ဖြစ်သူ ဦးဆန့်အောင် က ပြောသည်။

 ဝန်ကြီး ဦးအောင်မင်းနှင့် ဇွန်လက အလွတ်သဘောတွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာကိစ္စ များအတွက် ရုံးခန်းတခု ဖွင့်လှစ်ရန် သဘောတူခဲ့သည့် အလျောက် တရုတ်နယ်စပ် လွယ်ဂျယ်နှင့် မိုင်ဂျာယန် ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ပရန်ငေါန်ဒေသတွင် Justic and Negotiation Center (တရားမျှတမှုနှင့်စေ့စပ်ရေးဌာန) ရုံးတခုကိုလည်း စက်တင်ဘာလ ၁၈ ရက်နေ့က KIO က ဖွင့်လှစ်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နှစ်ဘက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အစိုးရနှင့် KIO ကြား တွေ့ဆုံ ဆွေးနွေးမှု ကိုးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သော်လည်း မည်သည့် သဘောတူညီမှုများ မရသေးဘဲ ဖြစ်နေသည်။ အစိုးရအမိန့်ဖြင့် ထိုးစစ်ရပ်တန့်နေသော ကေအိုင်အေအားရင်ဆိုင်ထားသော တပ်မတော်စစ်ကြောင်းများ အား ကေအိုင်အေမှ မကြာခဏ မိုင်းထောင်ခြင်း ချောင်းပစ်ခြင်းနှင့် အများပြည်သူသွား လမ်းတံတားရထားလမ်းများအား မိုင်းခွဲခြင်းများ ပြုလုပ်နေသေးသည် ။
ဖားကန့်မြို့နယ်တွင် အောက်တိုဘာလ ၁ဝ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အင်္ဂလိပ်နဲ့ဂျပန်ကိုတော်လှန်ခဲ့သောမြန်မာသည် KIA နဲ့ KIO ကိုဘာလို့မနိုင်တာလည်း
အမေရိကန်ကူညီမှလား သို့မဟုတ် တရုတ်ကူညီမှလား

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ