ဗီယက်နမ် နိုင်ငံတွင် ယနေ့ ယှဉ်ပြိုင် ကစားခဲ့သည့် ၂၀၁၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာအသင်းသည် ထိုင်းအသင်းအား တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲသို့ တက်လှမ်း နိုင်ခဲ့ပြီဖြစ်သည်။
တစ်ဖက် အုပ်စုတွင် ပထမရကာ ဆီမီးဖိုင်နယ်သို့ တက်လာသည့် ထိုင်းနှင့် ပွဲတွင် မြန်မာ အမျိုးသမီး အသင်း အနေဖြင့် ပထမပိုင်းတွင် ဂိုးမရှိ သရေ ဖြစ်နေခဲ့ သော်လည်း ၆၇မိနစ်တွင် အဓိက တိုက်စစ်မှူး စန်းစန်းမော်က တစ်လုံးတည်းသော အဆုံးအဖြတ် ဂိုးအား ခေါင်းတိုက် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုရလဒ်ကြောင့် မြန်မာ အမျိုးသမီး အသင်းသည် နောက်ဆုံး ဗိုလ်လုပွဲတွင် အုပ်စုတွင်း ပြိုင်ဘက် ဗီယက်နမ်နှင့် ပြန်လည် ရင်ဆိုင်ရ တော့မည် ဖြစ်သည်။ အုပ်စုတွင်း ကစားခဲ့စဉ်က ဗီယက်နမ် အသင်းက မြန်မာအသင်းအား ၂-၁ ရလဒ်ဖြင့် အနိုင်ရရှိကာ အုပ်စု ပထမ နေရာ ရယူ ထားနိုင်ခဲ့သည်။ နောက်ဆုံး ဗိုလ်လုပွဲစဉ်မှာ စက်တင်ဘာ ၂၂ရက်နေ့၌ ကစားရမည် ဖြစ်သည်။

1 ယောက် ဆွေးနွေးခဲ့တယ်:
hi, Sept 22???,, isn't Oct 22::( today is Oct 12,2012..).
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။