Oct 8, 2012

အရပ်သား စစ်သတင်းထောက်များ လက်ခံနေကြောင်း သတင်းရရှိ

စစ်တပ်၏ မီဒီယာကဏ္ဍအား အဆင့်မြှင့်တင်မှု အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများနှင့် ပြည်နယ်များတွင် ဖြစ်ပွားလျှက်ရှိသော ဖြစ်စဉ် အခြေအနေများနှင့် တိုက်ပွဲသတင်းများအား ပြည်သူများ အချိန်နှင့် တပြေးညီ သိရှိစေရေးအတွက် အရပ်သား စစ်သတင်းထောက်များအား အလိုရှိကြောင်း သိရှိရသည်။ လျှောက်ထားသူ စစ်သတင်းထောက် များအနေဖြင့် နယ်မြေဒေသများသို့ အချိန်မရွေး သွားရောက် တာဝန် ထမ်းထောင်နိုင်သူ ဖြစ်ရမည်ဖြစ်ပါသည်။

 ထို့နောက် သတင်းနှင့် ဖြစ်စဉ်များအား အချိန်နှင့် တပြေးညီ တင်ပြရမည် ဖြစ်ပြီး တာဝန်သိသူ၊ အလုပ်ကြိုးစားသူ၊ တာဝန်နှင့် ဝတ္တရားများအား စစ်သားများကဲ့သို့ လေးစားလိုက်နာနိုင်သူ ဖြစ်ရမည်ဟု သိရှိရသည်။ လစာနှင့် ခံစားခွင့်များအနေဖြင့် စစ်သားများ၏ လစာနှုန်းထားအတိုင်း ပေးဆောင်သွားမည် ဖြစ်ပြီး ဆုံးရှုံးနစ်နာမှုများ အတွက်လည်း စစ်သားများ၏ နှုန်းထားအတိုင်း ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ စစ်သားများ၏ ခံစားခွင့်နှင့် ဆုံးရှုံးနစ်နာမှုများအတွက် သတ်မှတ်နှုန်းထား များ ကတော့

 ၁။ ခြေ၊ လက် ဆုံးရှုံးရပါက - ၃၀၀၀၀၀ ( ၃ သိန်း) ကျပ်
  ၂။ အသက် ဆုံးရှုံးရပါက - ၈၀၀၀၀၀ ( ၈ သိန်း) ကျပ် တို့ ဖြစ်ပါတယ်။


အစမ်းခန့်မည့် သူများအနေဖြင့် နိုင်ငံခြားသို့ UN ၏ အကူအညီဖြင့် ပညာသင်စေ လွှတ်သွားမည် ဖြစ်ကြောင်း နှင့် စေလွှတ်မည့် နိုင်ငံများကတော့ ဆီးရီးယား၊ အီရတ်၊ လစ်ဗျားနှင့် အာဖဂန် တို့ဖြစ်ကြောင်း သတင်းရရှိ ပါတယ်။ အရပ်သား စစ်သတင်းထောက်အနေဖြင့် တာဝန်ထမ်းဆောင်လိုပါက ဆက်သွယ် ရမည့် လိပ်စာကတော့ နီးစပ်ရာ စစ်တပ်ကို ဝင်ရောက် သတင်းပေးပို့နိုင်တယ်လို့ သိရှိရပါတယ်။ Myanmar Express
oppositeye
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကောင်းတယ်ကွာ။သဘောကျတယ်။လူငယ်တွေစစ်သားတွေလို
သားတစ်ကွဲ၊မယားတစ်ကွဲန့ဲ့နိုင်ငံအတွက်အနစ်နာခံပြီး၊ပေးဆပ်
်ခြင်းနှင့်တာဝန်ထမ်းဆောင်နိုင်ကြပါစေ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ