Feb 4, 2013

လင်မယားနှစ်ယောက်ကိုဖမ်း ၊ ယောကျာင်္းကို ငယ်ပါဖြတ်သတ် ၊ အမျိုးသမီးကို အခုထိဖမ်းပြီး သတင်းဖျောက်ထားတဲ့ ကေအိုင်အေ ဗိုလ်မှူးတစ်ဦးရဲ့ လုပ်ရပ်

ကိုထွန်းအောင်ကျော်နဲ့ ဇနီးမသင်းသင်းအောင် တို့ဟာ တရုတ်ပြည်ကနေ မြစ်ကြီးနားကို မိုဘိုင်းဖုန်းနဲ့ဖုန်းအပိုပစ္စည်းသယ်ယူရောင်း ချတဲ့ အလုပ်လုပ်ကိုင်ပါတယ် ။(၁၈-၁၂-၂၀၁၂)ရက်နေ့ မှာ သူတို့ လင်မယား တရုတ်ပြည်ကနေ လိုင်ဇာကို ပြန်အဝင်မှာပဲ လိုင်ဇာမြို့ဟာ အဝင်/အထွက် ပိတ်ထားခြင်း
ခံရလို့ လိုင်ဇာထဲက အသိမိတ်ဆွေအိမ်မှာတည်းခိုနေခဲ့ရပါတယ် ။
 
 
ဒီလိုနဲ့ (၂-၁-၂၀၁၃) ရက်နေ့မှာကိုထွန်းအောင်ကျော် တို့ လင်မယားနှစ်ယောက် မြို့ထဲကို သွားခဲ့ပါတယ် ။အဲဒီအချိန်မှာ လိုင်ဇာမြို့ထဲမှာ ကလပ်ဖွင့်ထားတဲ့ ကေအိုင်အေ ဗိုလ်မှူးနဲ့ကေအိုင်အေ ရဲဘော်လေးယောက်အပြင် ELEVEN MEDIA သတင်းထောက်တစ်ယောက်တို့ ပါဝင်တဲ့ အုပ်စုဟာ အဆိုပါကလပ်ထဲကို  ကားပေါ်ကဆင်းပြီး ကလပ်ထဲသို့ရယ်မောပြီး ဝင်ရောက်နေပါတယ် ။ကိုထွန်းအောင်ကျော်ဟာ သူကိုင်ဆောင်တဲ့ စမတ်ဖုန်းနဲ့ အဆိုပါကေအိုင်အေအုပ်စုကို ဓါတ်ပုံရိုက်မိပါတယ် ။အဲဒါကို ကေအိုင်အေ ရဲဘော်တစ်ယောက်ကမြင်သွားပြီး နောက်ရဲဘော်တစ်ယောက်ကိုခေါ်လာပြီး မေးမြန်းပါတယ် ။ကေအိုင်အေ ရဲဘော်တစ်ယောက်က မေးမြန်းနေလို့ ကိုထွန်းအောင်ကျော်က ပြန်လှန်ပြောနေစဉ် လာရောက်မေးမြန်းတဲ့ အခြားကေအိုင်အေ ရဲဘော်က ကိုထွန်းအောင်ကျော်ကို သူကိုင်ဆောင်တဲ့ သေနတ်ကို အသုံးပြုပြီး သေနတ်ဒင်နဲ့ ရိုက်ချလိုက်ပါတယ် ။ပြီးတော့ မေ့လဲနေတဲ့ ကိုထွန်းအောင်ကျော်နဲ့သူ့ဇနီး မသင်းသင်းအောင် ကိုပါ ဖမ်းချုပ်ပြီး ကေအိုင်အေဗိုလ်မှူးစီးနင်းလာတဲ့ကားနောက်ခန်းပေါ်ဆွဲတင်ပြီး ခေါ်ဆောင်သွားပါတယ် ။ 
 
အဲဒီအချိန်မှာ မသင်းသင်းအောင်ရဲ့ မောင်လေးဟာ ညစာသွားဝယ်နေလို့ အဲဒီအဖြစ်ကို မသိလိုက်ပါဘူး။သူ့အစ်မ လင်မယားစောင့်နေတဲ့နေရာကို ရောက်လာတဲ့အချိန် ပတ်ဝန်းကျင်ကပြောပြလို့
သူ့ကိုပါ ဖမ်းလာမှာစိုးတဲ့အတွက် တည်းခိုနေတဲ့အိမ်ကို အမြန်ပြန်ပြီး ၄င်းအနေနဲ့လိုင်ဇာမှ မဖြစ်မနေ ရှောင်နေရတော့မည်ဖြစ်ကြောင်း ပြောဆိုတဲ့အတွက် တည်းခိုနေထိုင်ရာအိမ်ရှင်နှင့် ပတ်ဝန်းကျင် အိမ်နီးချင်းတို့မှ လိုင်ဇာမြို့ပြင်ရှိ ဒုက္ခသည် စခန်းမှာ နာမည်ပြောင်း၍သွားရောက်ပို့ဆောင်ခဲ့ကြပါတယ် ။၎င်းတို့အနေနဲ့ ဖမ်းဆီးသွားသော လင်မယားနှစ်ဦးကိစ္စအား အတတ်နိုင်ဆုံးကူညီ စုံစမ်းပါမည်ဟုလည်း
ကတိပေးခဲ့ပါတယ် ။
 
ဒါပေမယ့်  ကိုထွန်းအောင်ကျော်ကို  ၄-၁-၂၀၁၃ ရက်နေ့မှာပြန်တွေ့ခဲ့ပါတယ် ။ကံဆိုးသူ ကိုထွန်းအောင်ကျော်ကို လိုင်ဇာမြို့ပြင်ဘက်ရှိ ရေဆိုးထုတ်မြောင်းတစ်ခုပေါ်မှာ နောက်စေ့ကွဲတဲ့ဒဏ်ရာနဲ့
သေဆုံးနေတဲ့ အလောင်းအဖြစ်နဲ့ပဲ ပြန်တွေ့ခဲ့ရပါတယ် ။အဲဒါနဲ့ပဲ စောင်နဲ့ပတ်ထားတဲ့ ကိုထွန်းအောင်ကျော်
အလောင်းကို ဒုက္ခသည်တွေက စခန်းကို သယ်ဆောင်မြေမြှုပ်ဖို့လုပ်တဲ့အခါ ကိုထွန်းအောင်ကျော်ရဲ့ ငယ်ပါ
ကိုပါဖြတ်ထားခြင်းခံရတာကိုတွေ့ရှိရပါတယ် ။ကိုထွန်းအောင်ကျော်ဟာ ဘုရားတရားလုပ်ပြီးနေထိုင်တဲ့ လူအေးကြီးလို့ သိရပါတယ် ။နောက်စေ့ကိုရိုက်ခွဲခံရပြီး ငယ်ပါအဖြတ်ခံထားရတဲ့ကိုထွန်းအောင်ကျော်ရဲ့ အလောင်းမှာဝတ်ဆင်ထားတဲ့ အဝတ်အစားများအား အဖမ်းခံရစဉ်က ဝတ်ဆင်သွားသော အဝတ်များမဟုတ်တော့ပါ ။အသတ်ခံရသူ ကိုထွန်းအောင်ကျော်ရဲ့ ဇနီး မသင်းသင်းအောင်ရဲ့ သတင်းကိုလည်း မရရှိတော့ပါဘူး ။မြို့ထဲက မိတ်ဆွေများကတော့ ထုံးစံအတိုင်း ကေအိုင်အေ အရာရှိတစ်ယောက်ယောက်ရဲ့ မယားငယ်ဖြစ်ရင်ဖြစ် မဖြစ်ရင် ရဲမေဖြစ်သွားပြီ နေမှာပေါ့ လို့ ပြန်ပြောပါတယ် ။ 
 
အခုဆိုရင် ဒုက္ခသည်စခန်းမှာ ကိုထွန်းအောင်ကျော်ရဲ့ ယောက်ဖ ရှိနေတာကို သိရှိသွားတဲ့ ကေအိုင်အေအနေနဲ့ အပူတပြင်းရှာဖွေနိုင်ပါတယ် ။ကိုထွန်းအောင်ကျော် နဲ့ ဇနီး၊ယောက်ဖတို့ အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရတာကို မိသားစုနဲ့ မိဘဆွေမျိုး များသိရှိသေးခြင်းမရှိသေးပါဘူး ။ဒါကြောင့် ကျွန်တော်တို့ မောင်ကျောက်ခဲ အဖွဲ့သားများက နောက်ကျသတင်းအနေနဲ့ စိတ်မကောင်းစွာ ဖော်ပြလိုက်ပါ
တယ် ။အခုဆိုရင် လိုင်ဇာမြို့အဝင်ထိ ကေအိုင်အေကို အစိုးရတပ်မတော်မှ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်
ကေအိုင်အေ အနေနဲ့ အရပ်သားများကဲ့သို့ ဝတ်ဆင်ကာ လှုပ်ရှားနေရပါတယ် ။အိမ်ထောင်ရှိသူများ အမိတစ်ဦးတည်းအဖတစ်ဦးတည်းရှိသူများအား မိသားစုနှင့်အမိ/အဖတို့အားဖမ်းဆီးကာ အရွယ်ကောင်း အမျိုးသားအမျိုးသမီးတို့အား အရပ်ဝတ်များနှင့် အစိုးရတပ်မတော် လှုပ်ရှားရာဒေသများ
သို့လည်းကောင်း မြို့ပေါ်များသို့လည်းကောင်းစေလွတ်ပြီး ထောက်လှမ်းရေးနဲ့ ဖောက်ခွဲရေးတာဝန်များခိုင်း
စေထားပါတယ် ။ထို့အပြင် အစိုးရတပ်မတော်တပ်များ ပြန်လည်သိမ်းပိုက်ပြီးသော ဒေသများအတွင်းလည်း
ကေအိုင်အေ ရဲမေများအပြင် အကြပ်ကိုင်စေလွတ်ခံရသော ကချင်/ရှမ်း အမျိုးသမီးများအားစေလွတ်ကာ
တပ်မတော်သားတို့အား မြုဆွယ်ပြီး သတင်းယူရန် ၊ အခွင့်သာပါက သတ်ဖြတ် မိုင်းထောင်ရန်လည်း စေလွတ်ထားပါကြောင်း သတင်းအတိအကျရရှိထားပါတယ် ။ 
(သတင်း/ဓါတ်ပုံ=မောင်ဖြူ/မောင်ကျောက်ခဲအဖွဲ့)
Print Friendly and PDF

6 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

သူပုန် ဗိုလ် တွေက အဂုင်္လိမာလထက်တောင် ဆိုးနေ

ပါလား ငယ်ပါဖြတ်ပြီး လည်ပင်းမှာဆွဲဖို့လား

Anonymous said...

မဟုတ်ဘူး အပျင်းပြေ စုပ်ဖို့။

Anonymous said...

ဒါမျိုးတွေကြတော့ လိုင်ဇာမှာရှိတဲ့ media ခွေးများ ရေငုံနုတ်ပိတ်နေနေကြပါလား

Anonymous said...

ဒါအမှန်ပါဗျာ ကိုကျောက်ခဲကိုအရမ်းကျေးဇူးတင်ပါတယ် အခုထက်ထိကိုထွန်းအောင်ကျော်ရဲ့ယောက်ဖလေးကိုဆက်သွယ်လို့မရသေးပါဘူး။ သူ့မိဘတွေကိုလဲအကြောင်းမကြားနိုင်သေးပါဘူး စိတ်မကောင်းဖြစ်မှာစိုးလို့ပါ။

Anonymous said...

media ခွေးများ ဟောင်သံ ပျောက်နေပါသည်...အားလုံးကို မဆိုလိုပါ

Unknown said...

KIA=11media, they are evil alliance.

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ