Feb 4, 2013

ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှလိုင်ဇာသို့ လမ်းလျှောက်ကြသည့် အဖွဲ့များအား ပြည်ခိုင်ဖြိုး+NLD တို့မှ ပျဉ်းမနားမြို့အရောက်တွင် နံနက်စာကျွေးမွေးပြီး ကျန်းမာရေးအတွက် တပ်မတော်မှ ဆေးစစ်မှူများဆေးဝါးများထောက်ပံ့ခဲ့

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများရပ်စဲရန်အတွက် ရန်ကုန်မြို့မှ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ လမ်းလျှောက်ချီတက်နေသော အဖွဲ့ကို ပျဉ်းမနားမြို့နယ်အရောက်တွင် ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ပူးပေါင်း၍ နံနက်စာကျွေးခဲ့ကြောင်း သတင်းရရှိသည်။ "ပျဉ်းမနားမြို့ သရက်ဆိပ်ကျေးရွာမှာ ဒီနေ့မနက် (ဖေဖော်ဝါရီ ၂ ရက်) က ပြည်ခိုင်ဖြိုးပါတီနဲ့ အင်န်အယ်လ်ဒီပါတီ ပေါင်းပြီး နံနက်စာကျွေးတယ်။ မနက်ဖြန်လည်း ကျွေးဦးမယ်လို့ ပြောထားပါတယ်" ဟု လမ်းလျှောက်သောအဖွဲ့တွင်ပါဝင်သော ကိုရန်နိုင်ထွန်းက ပြောသည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးကြီးမြင့်အောင်သန်းနှင့် ဆေးရုံအုပ်ကြီးတို့ကလည်း လမ်းလျှောက်သည့်အဖွဲ့အား ကျန်းမာရေးဆေးစစ်မှု ပြုလုပ်ပေးခဲ့ပြီး ငွေကျပ် တစ်သိန်းကျော်ဖိုးရှိ ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း ကိုရန်နိုင်ထွန်းက ပြောသည်။ အဖွဲ့ဝင် ၃၀ ကျော်ပါဝင်သော ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သော အဆိုပါအဖွဲ့သည် ရန်ကုန်မြို့မှ ဇန်န၀ါရီလ ၂၁ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး ယနေ့ညတွင် ပျဉ်းမနားမြို့နယ် နန့်အော်ကျေးရွာ၌ ညအိပ်ရပ်နားမည်ဖြစ်သည်။
 From:[_Ko John _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

Unknown said...

မိုင်းရှာတဲ့အဖွဲ့အခုမှပျဉ်းမနားဘဲရောက်သေးတာလား။မြန်မြန်လေးလျှောက်ကြပါ မိုင်းတွေကနင်းပေးမယ့်သူမရှိလို့ပျင်းနေကြလို့ပါ

Unknown said...

မိုင်းရှာတဲ့အဖွဲ့အခုမှပျဉ်းမနားဘဲရောက်သေးတာလား။မြန်မြန်လေးလျှောက်ကြပါ မိုင်းတွေကနင်းပေးမယ့်သူမရှိလို့ပျင်းနေကြလို့ပါ

Anonymous said...

ဓါတ်ပုံတင်ရင်လည်း ရုပ်ရည်အသင့်သင့်ရှိတဲ့ လူကိုတင်ပါ.............ကြည့်ရတာ ကျက်သရေကို မရှိဘူး....ဆိုက်ကားနင်းမကောင်းလို့ စိတ်ပျက်နေတဲ့ပုံပဲ.........

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ