Feb 5, 2013

GTC ကျောင်းသား ရိုးမဘဏ်ဝင်ရောက်ဖောက်ထွင်း၊ဗ.က.သ များ ပူးပေါင်း၍ တရားခံကျောင်းသား အား အမှူမှ လွတ်မြောက်စေရေး ကူညီရန် အသင့်ရှိ

ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် GTC ကျောင်းသား လူငယ်တစ်ဦးအား ရိုးမဘဏ် ကို ဖောက်ထွင်းမှုဖြင့် ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ရက် နံနက် ၁နာရီခန့်က အသက် ၁၉နှစ်ရှိ မောင်---သည် ရိုးမဘဏ် မျက်နှာကျက် မှဖောက်ထွင်း ဝင်ရောက်ကာ ငွေ ၁ရဝဝဝကျပ်ကို ခိုးယူခဲ့ မှုဖြင့် ယင်းသို့ ဖမ်းဆီးအရေး ယူခဲ့ကြောင်း အဆိုပါဘဏ်မှ သိရသည်။ရိုးမဘဏ်(အောင်ပန်း) ငွေခန်းဒုတိယ တာဝန်ခံ ဒေါ်ခင်သက်ဦးက ''ဘဏ်ကို မျက် နှာကျက်ကနေ ဖောက်ပြီးတော့ ဝင်တယ်။ ငွေခန်း ကိုတော့ ဖောက်လို့မရဘူး။ အဲဒါကြောင့် ဘဏ်ဝန်ထမ်း တွေရဲ့ စားပွဲတွေကနေ ငွေကျပ် ၁ရဝဝဝကျော် ကို ခိုးယူသွားတယ်''ဟု ဆိုသည်။


အဆိုပါတရားခံကို နံနက် ၃နာရီတွင် ဖမ်းဆီးရမိခဲ့ပြီး အောင်ပန်းမြို့နယ်ရဲစခန်း မှ အရေး ယူထားကြောင်း သိရသည်။ ဒေါ်ခင်သက်ဦးက ''ကောင်လေးက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ပြီးတော့ အင်ဂျင်နီယာ ကျောင်းသားတစ်ယောက်လဲ ဖြစ်တယ်။ သူ့အဖေက ပညာရေး (၃)က အရာ ရှိတစ်ယောက်လို့ပြောတယ်။ မနက် ၈နာရီ မှာ အဲဒီကောင်လေးကို ခေါ်လာပြီး ရဲအရာ ရှိတွေက ဘဏ်မှာ သရုပ်ပြ ခိုင်း တယ်''ဟု ဆက်လက် ပြောသည်။ရိုးမဘဏ်သည် ယခင်က ငွေလွှဲလုပ်ငန်း ကိုသာ အဓိက လုပ်ကိုင်သော်လည်း လက်ရှိ တွင် ဘဏ် လုပ်ငန်း ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်လျ က်ရှိသည့် ပုဂ္ဂလိလိကဘဏ်တစ်ခု ဖြစ်သည်ဟု ရန်ကုန်မီဒီယာဂရုမှ သတင်းဖော်ပြထားပါသည် ။

ထိုသို့ဖမ်းဆီးခံရသော ကျောင်းသားအတွက် သက်ဆိုင်ရာကျောင်းများနှင့် ထိုဒေသရှိ အခြားသော ကျောင်းများမှာ ဗ.က.သ ကျောင်းသားသမဂ္ဂ များမှ အမှူမှ လွတ်မြောက်ရေး ကြိုးပမ်းမည်ဟု ကြားသိရပါသည် ။

 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မိပြီးမှတော့ ဘာမှလုပ်လို့မရတော့ဘူး။ ထောင်ထဲမှာ အချိန်ပေးလိုက်ပေတော့။ ဒီအလုပ်လုပ်စားချင်ရင် သော့ဖွင့်တတ်အောင်၊ မေ့ဆေးသုံးတတ်အောင်၊ အင်္ဂတေဖေါက်တတ်အောင် သင်ယူ၊ ပစ္စည်းစုထားသင့်တယ်။ မဖေါက်ခင် ဘဏ်ဖေါက်တဲ့ ဗီဒီယိုတွေများများကြည့်ပြီး ပြင်ဆင်ဖို့ကောင်းတယ်။

Anonymous said...

ကောင်းလိုက်တဲ့comment ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ