Feb 3, 2013

တရားရုံးချုပ်ကို ဟိုတယ်အဖြစ် တည်ဆောက်မည့် ကိစ္စအားအရေးကြီးအဆိုအဖြစ် လွှတ်တော်တွင် အဆို တင်သွင်းမည်

ရန်ကုန်တိုင်းတရားရုံးချုပ်နှင့် စုပေါင်းတရားရုံးအဆောက်အဦးတို့ကိုဟိုတယ် အဖြစ်တည်ဆောက်ရန် ဌားရမ်းထားခြင်းနှင့် ပတ်သတ် ပြီးလွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်း လွှာရေးသားရန် ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပေ ဒရေးရာ ကော်မတီဥက္ကက ပြောကြားသည်။

ယခင်ရန်ကုန်တိုင်းတရားရုံးချုပ် နှင့် စုပေါင်းတရားရုံးကိုဟိုတယ်အဖြစ် တည်ဆောက်ရန် ပုဂ္ဂလိကသို့ အဌားချ ထားခြင်းနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှပြည်သူ့လွှတ်တော် တရားစီရင်ရေးဥပဒေရေးရာကော်မတီအား တင်ပြရာလာမည့်အပတ် လွှတ်တော် အစည်းအဝေး အမှီအချက်အလက် အပြည့် အစုံရေးသားပေးပို့ရန် ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာကော်မတီဥက္ကဋ္ဌကဖေဖော်ဝါရီလ ၂ရက်နေ့ UMFCCI တွင် ပြုလုပ်သော တွေ့ဆုံ
ဆွေးနွေးပွဲတွင်ပြောကြားသည်။

“ကမ်းနားလမ်းကစုပေါင်းတရားရုံးက ၁၄.၄သန်းနဲ့ ဈေးတည့်တယ်။ ၁၄.၄သန်းက ဘယ်နှနှစ်ဆိုတာ ကျွန်တော်မသိဘူး။ သို့သော်နှစ် ၃၀လောက် ဌားရင်တောင် တစ်လကိုသိန်း၃၀၀၊ သိန်း ၄၀၀ ထက်မပိုတဲ့ နှုန်းထားဖြစ်ပါတယ်။အတော့်ကို နည်းပါတယ်”ဟု မြန်မာ နိုင်ငံရှေ့ နေများ
ကွန်ယက်မှ ရှေ့ နေဦးကိုနီက ပြောကြားသည်။


ယခုအခါတွင် ရန်ကုန်တိုင်းတရားရုံးချုပ်နှင့် စုပေါင်းတရားရုံးကို ဟိုတယ်အဖြစ်တည်ဆောက်ရန် အတွင်းပိုင်းတွင် ပြန်လည်တည်ဆောက် ရန် ဖြိုဖျက်မှုများကိုပြုလုပ်နေပြိဖြစ်သဖြင့်
လွှတ်တော်တွင် တင်သွင်းမည့် အဆိုကို သာမာန်အဆိုအဖြစ် တင်သွင်းခြင်းထက် အရေးကြီး အဆိုအဖြစ် တင်သွင်းပေးရန်မြန်မာနိုင်ငံရှေ့ နေများကွန်ယက်မှ ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာ ကော်မတီကို တောင်း ဆိုခြင်းဖြစ်ကြောင်းသိရသည်။

From:[_ဆုဝေ/ The Myanma Age_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ