Feb 3, 2013

လက်ပံတောင်း တောင် သံဃာများ မီးလောင်ဗုံးသင့်ခြင်းမဟုတ်ကြောင်း ဇာဂနာ သိသော်လည်း အစိုးရ ဖက်ရပ်တည်လိုက်ပါက ၀ိုင်းဆော်ခံရမည်ကို စိုးရိမ်သည့်အတွက် မပြောခြင်း ဖြစ်ကြောင်း ဇာဂနာ ဝန်ခံပြီ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံ့မြို့သို့ စာပေဟောပြောပွဲခရီး အဖြစ် (၂၃-၁၂-၂၀၁၃)ရက်နေ့ တွင် ရောက်ရှိခဲ့သော လူရွှင်တော် ဇာဂနာ၊ ဇော်သက်ထွေးနှင့်ညီမင်းညိုတို့ (၃)ဦးသည် ဒေသခံ ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဉ် လက်ပံတောင်းအရေးအခင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲလေး တစ်ခုကို လူအင်အား(၇)ဦးဖြင့် တည်းခိုနေထိုင်ရာ ရွာငံ့မြို့၊ ဈေးတန်းရပ်ကွက်ရှိ ပွဲစီစဉ်သူ တစ်ဦးနေအိမ်တွင် စကားဝိုင်းဆွေးနွေးပွဲလုပ်ရမှာ ထိုစကား ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရပါသည်။



အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်သော ရပ်မိ/ရပ်ဖများ ဇာဂနာ ပြောဆိုခဲ့သည်မှာ  လက်  ပံေ တာင်းတောင် အရေးအခင်းဖြစ်နေချိန်တွင် ဆန္ဒပြ သံဃာများသည် ကျောင်းပိုင်မရှိသော သံဃာများ အများစုပါဝင်နေကြောင်း၊ အချို့သံဃာများသည် ရက်ပိုင်းလေးအတွင်း သင်္ဃန်းဝတ်ဆင်ထားသည် ဟု ၄င်းမှယူဆထားကြောင်း ပြောခဲ့ပါသည်။ လူအများစုမှာလည်း အဆိုပါ ကျေးရွာသားများသာ ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှ လူစုခွဲရန် နံနက်လင်းအားကြီးအချိန်တွင် အသံချဲစက်ဖြင့်ကြေညာသောလည်း သပိတ်စခန်း တွင် အိပ်ပျော်နေသော သံဃာနှင့် လူအများစု သည် ညနက်ပိုင်းအထိ စကားဝိုင်းဖွဲ့ ပြောဆိုခြင်း၊ ညနက်မှ အိပ်ယာဝင်ခြင်း တို့အတွက်ကြောင့် နံနက်လင်းအားကြီးချိန်တွင် လူစုခွဲခိုင်းမှုကို မထေ့မဲ့မြင် ပြုခြင်းသာဖြစ်ကြောင်း၊ သတ်မှတ်ချိန်ရောက်သောအခါ သပိတ်စခန်းမှ လူစုမကွဲ သဖြင့် သက်ဆိုင်ရာမှ မျက်ရည်ယိုဗုံး ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ သပိတ် မှောက် သူများယာယီ နေထိုင်သော ပလပ်စတစ် တဲများသည် မျက်ရည်ယိုဗုံး ကျခြင်းကြောင်း မီးလောင်မှုအနည်းငယ် သာရှိပါကြောင်း၊ သို့သော် အဆိုပါ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ လိုက်ပါလာသော မီးသတ် တပ်ဖွဲ့ဝင်များသည်  သပိတ်စခန်းလူစုမခွဲသဖြင့်  မီးသတ်ပိုက်ဖြင့် လူစုထပ်မံခွဲရပါကြောင်း၊


 ထိုအခါ မီးသတ်ကားများမှ ရေကုန်သွားသောအခါ နံနက်လင်းအားကြီး အချိန်ဖြစ်သည့် အတွက် ရသည့်ရေ သွားရောက်ယူငင်ပြီး ရေစုတ်ရကြောင်း ထိုရေဖြင့် ထပ်မံ လူစုခွဲကြောင်း ၊အဆိုပါ  ရေ ကုန်၍ ရေသွားရောက်ယူသော ဒီပဲရင်းမြို့နယ်ပိုင် မီးသတ်ယာဉ်(၁)စီးသာရှိပါကြောင်း၊ အဆိုပါ မီးသတ်ရေယာဉ်မှာ စုတ်ယူသော ရေသည် ကံဆိုးစွာ တရုတ်စက်ရုံမှ ထုတ်သော စွန့်ပစ်ရေ ကန် သည် အက်စစ် ပါ နေကြောင်း၊အဆိုပါ မီးသတ်ယာဉ်မှ ရေဖြန်းသူလည်း အက်စစ် လောင်ခံရကြောင်း ရေထိသော သံဃာ အများစုသည်လည်း အက်စစ်ထိမှန်သွားခြင်းသာ ဖြစ်ကြောင်း၊ ဒါကြောင့် ဆေးကု သသော်လည်း ရေထိပါက အက်စစ်ထိသော ခန္တာကိုယ်ပေါ်ရှိ ဒဏ်ရာများ သည်  ပြန် ကြွနေသည့် အတွက် တော ဆေးကုသရန် ခက်ခဲနေခြင်း ဖြစ်ကြောင်း ရွာငံ့မြို့ ရပ်မိ/ရပ်ဖများကို ရှင်းလင်းပြော ကြားသွားပါသည်။



ရပ်မိ/ရပ်ဖများမှ ဒီအကြောင်း သတင်းမီဒီယာကို ဘာဖြစ်လို့ မရှင်းပြတာလည်း ဟု ဇာဂနာအား မေးမြန်းရာ ဇာဂနာမှ မိမိသည် အစိုးရ ဖက်ရပ်တည်ပါက ၀ိုင်းဆော်ခံရမည်ကို စိုးရိမ်သည့်အတွက် မပြောခြင်း ဖြစ်ကြောင်း ဖြစ်စဉ်အားလုံးကို ဒေါ်အောင်ဆန်းစုကြည် သိသော်လည်း ဆန္ဒပြလူစု ရဲကိုသာ စွပ်စွဲနေသည့် အတွက် အလိုက်သင့်လေးသာ နေရကြောင်း သို့သော် နိုင်ငံတော် သမ္မတကြီးထံ စုံစမ်းရေး ကော်မရှင်မှ တင်ပြစာတွင် ထည့်သွင်းဖေါ်ပြသွားမှာ ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သာ ဒီကိစ္စကို မီဒီယာမှ ရှင်းပြရန် တိုက်တွန်းသွားမှာ ဖြစ်ကြောင်း၊ ဖြစ်စဉ်မှန်များအား သိရလို့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်နှင့် ကိုကိုကြီးတို့ ခေါင်းရှောင်သွားပြီး နှုတ်ဆိတ်နေခြင်း သာ ဖြစ်ကြောင်း ၊မင်းကိုနိုင်လည်း စာပေဟောပြောပွဲများကို နယ်အနှံလိုက်လံဟောပြောနေသောလည်း ဒီကိစ္စကို ရေငုံနှုတ်ပိတ် မရှင်းပြတာကိုလည်း အံ့သြ မိကြောင်း ရပ်မိ/ရပ်ဖများကို ရှင်းလင်းသွားပါသည်။

From:[_ ခေတ်သစ်မြန်မာ_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

7 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အထက်ပါသတင်းမှာ စဉ်းစားစရာ ရှိပါသည်။ အက်စစ်ပါသောရေသည် သင်္ကန်းကို စားမည်၊ အသားကိုလောင်မည် မှန်သော်လဲ မီးထတောက်စရာ အကြောင်း မရှိပါ။ ယခု ဒဏ်ရာရသော ဘုန်းကြီးများအားလုံးလိုလို သင်္ကန်း မီးလောင်ခံရသူချည်း ဖြစ်သည်။ ထို့ကြောင့် အက်စစ်ပါသောရေ တခုတည်းကြောင့် မဖြစ်နိုင်ပါ။
ှိ

Anonymous said...

wp လည်းအနည်းအကျဉ်းပါပါလိမ့်မယ်။grenade ကsmoke screening ဆိုရင်ပေါ့။
oxygen နဲ့ဓာတ်ပြုတာwpလေ။WPပါမှမီးတောက်ရမှာဗျ။WPပါတဲ့ခဲယမ်းကိုဓာတုဗုံး
လို့မသတ်မှတ်ပါဘူး။စစ်မြေပြင်သုံးMOTOR GRENADE တွေမှာWPပါတယ်ဗျ။၃လက်
မစိန်ပြောင်းတွေမှာသုံးတာတွေ့ဖူးတယ်။အဲဒီ wpက လေနဲ့ထိလေမီးတောက်လေပဲ။wpပါတဲ့ခဲယမ်းတွေသက်တမ်းရင့်ရင်ရေထဲနှစ်ပြီးRepair လုပ်ရတာဗျ။wpအကြောင်းလေးပါ။အဲဒါထိမိရင်ရေလောင်းလည်းမငြိမ်းသွားပါဘူး။ရေကန်ထဲတကိုယ်
လုံးနှစ်လိုက်မှမီးငြိမ်းတာပါ။

Anonymous said...

အဆော်ခံရမှာကြောက်ရင်နိုင်ငံရေးလုပ်မနေနဲ့။နိုင်ငံရေးလုပ်တဲ့လူရဲ့စိတ်ဓာတ်ဟာ
"ခေါင်းပြတ်ရင်တောင်ပန်းကန်လုံးလောက်အမာရွတ်ပါ"ဆိုတဲ့စိတ်ဓာတ်ရှိမှကွ။အဲလို
လူမျိုးဆိုတကယ်လေးစားမှာပါ။

Anonymous said...

မင်းတို့ ကို လီးပဲကွာ။

Anonymous said...

သံဃာတွေဆိုတော့ တရားသဘောနဲ့ဖြေပေါ့.....
ကံ ကံ၏အကျိုး ဆိုတာထွေထွေထူးထူး ပြောစရာမလိုဘူး...အားလုံးသိပြီးသားဖြစ်
မှာပါ...မသိရင်လည်း သဗိတ်စခန်းလာတဲ့ သံဃာတွေကိုမေးကြည့်ပါ................

Anonymous said...

မိ မိ အ ပြော ခံ ရ မှာ ကျောက် ရင်. နိုင် ငံ ရေး မ လုပ် သင့် ပါ. တစ် ဘက် သား အ တွက်. အ လွန်. နစ် နာပါ သည်

Anonymous said...

Stupid Zarganar! ဆိတ်လစိ လုပ်နေပြန်ပြီ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ