Feb 4, 2013

စစ်ကိုင်းတိုင်း တမူးမြို့၌ ပြည်ထောင်စု အမျိုးသားလွတ်မြောက်ရေးတပ်ဦး ကိုပို့ဆောင်မည့် RPG နှင့်ကျည်ဆံများ ၊ G3 ရိုင်ဖယ်နှင့် Mauser ရိုင်ဖယ် အပြင် BAR အမျိုးအစားနှင့် Type 79 လက်ဖြောင့်စနိုက်ပါရိုင်ဖယ်များ ၊ မူးယစ်ဆေးဝါးမြောက်မြားစွာ ဖမ်းဆီးရရှိ

၃-၂-၂ဝ၁၃ ရက်နေ့ ဝ၇ဝဝ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူး မူးယစ်(အထူး)အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သတင်းအရ တမူးမြို့၊ စန္ဒကူး(၃)ရပ်ကွက်၊ အိမ်အမှတ်၊ စဒ-၃/၂ဝ နေအိမ်ရှေ့ လမ်းမပေါ်၌ ၈ဈ/×××× MICRO BUS အမျိုးအစား၊ မီးခိုး/နံ့သာရောင်ယာဉ်ပေါ်ရှိ ယာဉ်မောင်းဖြစ်သူ အထက်ပါလိပ်စာနေ စိုးမြင့်ဝင်း(၄၇)နှစ်နှင့် ဇနီးဖြစ်သူ မဖြူဖြူဝင်း(၄၃)နှစ်တို့အား တွေ့ရှိသဖြင့် ရှာဖွေစစ်ဆေးရာ ယာဉ်အလယ်ခန်းနှင့် နောက်ခန်းအတွင်းမှ စက္ကူဂျပ်ဖာများဖြင့် ထုပ်ပိုးထားသည့် ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ အအေးမိနှာစေးပျောက်ဆေးပြား (အကြွေ) ၁ဝဝ၈ဝဝဝ ပြား၊ အလေးချိန် ၁ဝဝ.၈ ကီလို၊ စုစုပေါင်းတန်ဘိုး ၁၂ဝ၉.၆ သိန်းအား သိမ်းဆည်းရမိခဲ့သည်။

G3 ၊Mauser ၊BAR အမျိုးအစား ရိုင်ဖယ်များ

 ၎င်းတို့၏ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်အောက်မှ လက်နက် မျိုးစုံ ၄ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ ရှာဖွေသိမ်းဆည်းရမိခဲ့သည်။ ၎င်းအပြင် နေအိမ်အိပ်ခန်းအောက် (၁ဝ)ပေပတ်လည် မြေအောက်ခန်းအတွင်းရှိ သံသေတ္တာ ၁ဝ လုံးအတွင်းမှ လက်နက်မျိုးစုံ ၉၂ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း လက်နက်ငယ်မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံ ၆ဝ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ကျည်မျိုးစုံ ၇၉ဝ၇ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၉၅ ခု၊ ယမ်းတောင့် ၂၅၁ တောင့်နှင့် ယမ်းကြိုးခွေ ၄ ခွေ တို့အား သိမ်းဆည်းရရှိခဲ့သည်။
ရုရှားနိုင်ငံ၏ နာမည်ကြီးစနိုက်ပါရိုင်ဖယ်တစ်မျိုးဖြစ်သော dragonov ၏ မျိုးကွဲဖြစ်သော တရုတ်နဲ့ အရှေ့အလယ်ပိုင်းဒေသများမှထုတ်လုပ်သော Type 79 စနိုက်ပါရိုင်ဖယ်များ၊့ RPG နှင့် ယမ်းတောင့်များ

စစ်ဆေးပေါ်ပေါက်ချက်များအရ ၂၃-၁-၂ဝ၁၃ ရက်နေ့တွင် တမူးမြို့နယ်၊ ခွန်မွန်းနွန်ရွာနေ ရဲဝင်းစိုး(၃ဝ)နှစ်မှ အိန္ဒိယနယ်စပ်တွင် ဆူဒိုအက်ဖီဒရင်းဆေးပြားများ ထည့်ထားသည့် စက္ကူဖာ (၆)ဖာအား သယ်ဆောင်ခငွေ ကျပ်သိန်း ၆ဝ ဖြင့် မန္တလေးမြို့သို့ ပို့ခိုင်းကြောင်း၊ ရဲဝင်းစိုးမှာ မန္တလေးမြို့သို့ ကြိုတင် ထွက်ခွာသွားကြောင်းနှင့် စိုးမြင့်ဝင်းမှာ ပြည်ထောင်စုအမျိုးသားလွတ်မြောက်ရေးတပ်ဦးတွင် ရိက္ခာပို့နေသူဖြစ်ပြီး ၂ဝ၁ဝ ခုနှစ် ဇူလိုင်လခန့်တွင် ပြည်ထောင်စု အမျိုးသားလွတ်မြောက်ရေးတပ်ဦးမှ မှူးကြီး အဆင့်ရှိသူ ဦးတွန်ဘနှင့် ဗိုလ်အဆင့်ရှိသူ မြင့်အောင်တို့မှ အဆိုပါလက်နက်သေတ္တာ (၁ဝ)လုံးအား လာရောက်အပ်နှံထား၍ သိမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ တွေ့ရှိသူ စိုးမြင့်ဝင်း၊ မဖြူဖြူဝင်းနှင့် ဖမ်းဆီးရန်ကျန်ရှိသော ရဲဝင်းစိုး တို့အား တမူးရဲစခန်း၊ မူးယစ်(ပ) ၁၂/၂ဝ၁၃ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ခ)/၂၂ (ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ရဲဝင်းစိုးအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

From:[_ မြန်မာနိုင်ငံရဲတပ်ဖွဲ့_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

ilovesong22 said...

ဒါမျိုးရှိနေရင်တိုင်းပြည်တိုးတက်တော့မှာမဟုတ်ဘူး။

ilovesong22 said...

နောင်ရေးအတွက်စိတ်အေးရအောင်တမူးမြို့မှကသည်းများအခုချက်ချင်းမောင်းထုတ်လိုက်ပါ။

ilovesong22 said...

ကသည်းစကားဗမာယုံဆိုတာအဲဒါမျိုးကိုခေါ်တယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ