Feb 4, 2013

အစိုးရအနေဖြင့် ရခိုင်တိုင်းရင်းသားများဘက်မှ ရပ်တည်ကာ ဖိဖိစီးစီးဖြင့် ဘင်္ဂလီအရေးအား လျှင်မြန်စွာ ဖြေရှင်း အဆုံးသတ်စေလိုကြောင်း

မင်းပြားမြို့နယ်ရှိ စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စုသည် ရွာကိုစွန့်ပစ်ကာထွက်ပြေးနေရခြင်းအပေါ် အစိုးရမှ ဖြေရှင်းပေးနိုင်ခြင်းမရှိသကဲ့သို့ ကလေးငယ်များလည်း ပညာသင်ကြားနိုင်ခွင့်မရရှိသေးပါ။မင်းပြားမြို့နယ်အတွင်းရှိ စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စု တို့သည် မိမိတို့၏ရွာကိုစွန့်ပစ်ကာ ထွက်ပြေး နေရသည်ဟု သတင်းရရှိပါသည်။

ထိုအိမ်ထောင်စုများတွင် ကျား ၇၃ ဦး၊ မ ၇၆ ဦးတို့ရှိပြီး ထိုသို့ထွက်ပြေးရခြင်းမှာ ရွာအနီးတွင် စမ္ဘလေ ဘင်္ဂလီများစွာရှိနေသဖြင့်စမ္ဘလေရွာရှိအားကြောက်ရွံ့စိုးရိမ်သဖြင့်ယခုကဲ့သို့ထွက်ပြေးနေခြင်းဖြစ်သည်ဟုလည်းသိရသည်။ စက်ရုံမော်ရွာသားများ သေကန်ကျေးရွာသို့ ပြောင်းရွှေ့ပြေးသွားကြစဉ်တွင် ရွာရှိ ကျန်ခဲ့သောပစ္စည်များနှင့်အိမ်ထောင်ပရိဘောဂများကိုဘင်္ဂလီများကလာရောက်ယူငင်သွားသည်ဟုလည်းသိရပါသည်။

၁၂-၁၀-၂၀၁၂ နေ့တွင်ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပြီးသေကံကျေးရွာနှင့် စာသင်ကျောင်းအကြား မြေကွက်လပ် တစ်ခု တွင် ကောက်ရိုးတဲများထိုးကာ ယနေ့တိုင် နေထိုင်ကြရ သည်ဟုသိရသည်။ သေကန်ရွာသားများက ကူညီမှု ဖြင့် ငတ်တလှည့်ပြတ်တလှည့်နေထိုင်ကြရကြောင်းလည်း စက်ရုံမော်ရွာသားများ၏ပြောစကားအရသိရသည်။

မိမိတို့၏ ရွာသို့ ပြန်လည်ရွှေ့ပြောင်းရန် ကြိုးစားနေစဉ်တွင် သေကန်ရွာမှ ဦးမောင်သိန်းနုအား ဘင်္ဂလီများထံတွင်ဓါးထိုးခံရသည့်အပြင်တရားခံအားယနေ့တိုင်ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အတွက် ဘင်္ဂလီများရန်ကိုစိုးရိမ် ကာ ယနေ့တိုင်တဲများတွင် နေထိုင်ကြရကြောင်းဖြင့်လည်းသိရှိရပါသည်။
ဦးမောင်သိန်းနု အားဓါးဖြင့်ဝိုင်းဝန်းခုတ်သူများထဲတွင်စမ္ဘလေဘင်္ဂလီကျေးရွာမှ ဦးကျော်ဇံလှ ဆိုသူနှင့်အပေါင်းပါ ငါးဦးတို့ပါဝင်ခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၃း၃၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းတွက် သေကန်ကျေးရွာနေ ဦးမောင်သိန်းနု (ဘ)ဦးကျော်စိန်အောင်၊အသက် (၄၉)နှစ် တွင် ဓါးဒဏ်ရာ ၂ ချက်ရရှိခဲ့ ပြီး မင်းပြားဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်ဟုသိရသည်။

ယနေ့တိုင် တရားခံအားဖမ်းဆီးနိုင်ခြင်းမရှိသေးသည်မှာ ဦးကျော်ဇံလှသည် ထွက်ပြေးနေခြင်းမဟုတ်ကြောင်းနှင့် ယင်းရွာတွင်း၌ပင်ရှိနေကြောင်းသိရသည်။ လာဒ်ပေးလာဒ်ယူမှုများကြောင့်သာ တရားခံအားဖမ်းဆီးနိုင်ခြင်းမရှိဖြစ် နေသည်ဟုလည်း မင်းပြားမြို့ပေါ်မှ စီးပွားရေးလုပ်ငန်းများနှင့် မြို့သူမြို့သားများကသုံးသပ်ပြောဆိုကြပါသည်။ ယင်းသို့ဖမ်းဆီးနိုင်ခြင်းမရှိသော်လည်း ရခိုင်တိုင်းရင်းသားများအား ဖမ်းဆီးနေမှုများစွာ ရှိနေကြောင်းနှင့် အပြစ်မရှိ ဘဲနှင့် အိမ်အောက်တွင် ယမ်းထောင်းသေနတ်တွေ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူများလည်းရှိနေကြောင်းသိရ သည်။
၂၀၁၃-ခုနှစ် ဇွန်န၀ါရီလ (၂၉)ရက်နေ့ မနက်ပိုင်းက ဘုန်းကြီးဝတ်သင်္ကန်း အစုံ နှစ်ဆယ်ခန့် နှင့် အတူ ဖမ်းဆီး ရရှိခဲ့သည့် ဂေါင်းတကာ ဒုက္ခသည် စခန်းနေ ကုလားနှစ်ဦး။

စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စုတို့သည် ယနေ့တိုင်မည်သည့် ကူညီထောက်ပံ့ရေးကိုမှ မရရှိသ ဖြင့်စားဝတ်နေရေးလွန်စွာခက်ခဲ နေသည်ဟုသိရသည်။ ထိုရွာသားများသည် လူနည်းစုဖြစ်သဖြင့် ဘင်္ဂလီများရန်ကို ကြောက်ရွံ့နေရသကဲ့သို့ လုံခြုံရေးအပိုင်းတွင်လည်း ယုံကြည်မှုမရှိသည့်တွက် ထိုသို့ တဲများတွင်နေထိုင်ရခြင်း ဖြစ် သည်ဟုသိရသည်။

ထို့အပြင်အရေးအကြီးဆုံးမှာ ကျောင်းနေအရွယ် ကလေးငယ် ၃၀ ကျောက်ရှိကြောင်းနှင့် ထိုကလေးငယ်များသည် စာသင် ကျောင်းအနီးတွင်နေထိုင်ရသော်လည်း ကျောင်းတက်ခွင့်မရနိုင်သေးကြောင်းသိရပါသည်။ အကြောင်းမှာ စမ္ဘလေကျေးရွာစာ သင်ကျောင်းအား ပိတ်ထားသဖြင့်ကျောင်းထွက်လက်မှတ်မရရှိခြင်းကြောင့်သေကံကျေးရွာကျောင်းမှလည်းလက်ခံကြောင်းသိ ရသည်။ အလားတူစွာပင် ကျောင်းထွက်ခွင့်မပေးကြောင်း၊ ကျောင်းထွက်ခွင့်စာတောင်းလျင် ယင်းကျောင်းမှ ကျောင်းအုပ်က ငွေ ကြေးများတောင်းခံသည်များလည်းရှိနေကြောင်းသိရသည်။ ယင်းအတွက် ကျောင်းရှေ့တွင်နေရသော်လည်း ကျောင်းတက်ခွင့် မရကြသော ကလေးငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်လာနိုင်ကြောင်းနှင့် ကူညီထောက်ပံ့သူများအနေဖြင့် လည်း သတိထားစောင့်ကြည့်သင့်ကြောင်း သုံးသပ်မိပါသည်။
ဝေသာလီဂေါက်ကွင်းအရာရှိရိပ်သာအားဘင်္ဂလီခိုဝင်သူများက မီးရှို့ဖျက်ဆီးလိုက်ကြစဉ်

ကလေးငယ် ၃၀ ကျော်ကျောင်းနေခွင့်ရရေးအတွက် ပညာရေးကဏ္ဍမှ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးကာ ထိ ရောက်သောကူညီပံ့ပိုးမှုများပြုလုပ်ပေးရန်လိုအပ်နေကြောင်းလည်းသိရသည်။ ဒုတိယတန်းအရွယ်ကလေးငယ်တစ်ဦးက “ ကျွန် တော်တို့ကျောင်းတက်ချင်ကြတယ်။ ဒါပေမယ့်တက်ခွင့်မရဘူး။ စာအုပ်တွေလည်း ရွာမှာကျန်ခဲ့တာဘာမှမရှိတော့ဘူး။ ကျောင်း တက်လို့ရအောင် ကူညီပေးပါ။ ကျွန်တော်ကြီးလာရင် ကျောင်းဆရာလုပ်ပြီး ကလေးတွေကို ပညာတတ်အောင်သင်ပေးချင် တယ်”ဟုလည်း ပြောဆိုပါသည်။

စက်ရုံမော်ရွာသားများသည်ကောက်ရိုးကာ၊ကောက်ရိုးမိုးပြီးမြေပြင်တွင်ကောက်ရိုးခင်းကာနေထိုင်ခဲ့ကြရသဖြင့် စိတ်ပိုင်းဆိုင် ရာထိခိုက်မှုများဖြစ်နေကြောင်းလေ့လာမိသည်။ မကြာသေးမီက ကယ်ဆယ်ရေးအမိုးတစ်ခုလာပေးပြီးတဲပေါ်တွင်တင်ထားရုံမှ အပ အခြားအထောက်အပံ့များ မရရှိသေးကြောင်းလည်းသိရသည်။ “ဆန်နည်းနည်းစီ တစ်ခါနှစ်ခါလာပေးတယ်။ ဆီနည်းပါ တယ်။ နောက်ထပ် ဘာမှ မရဘူး။ လုပ်ကိုင်စားသောက်ဖို့ကလည်း အဆင်မပြေဘူး။ ငါးရှာဟင်းခူးတောင်သွားလို့မရတော့ဘူး။ ဘင်္ဂလီတွေက လစ်ရင်လစ်သလို တိုက်ခိုက်ဖို့ကြိုးစားနေတာကို တွေ့နေရတယ်။ ဦးမောင်သိန်းနု ကလည်းကံကောင်းလို့ လွတ် သွားတာပါ။ ဒါကြောင့် ကျွန်တော်တို့ရွာကိုဖြစ်ဖြစ် သေကံရွာအနီးမှာ နေရာပြောင်းရွှေ့ပေးပါ။ ဒါမှမဟုတ် ဘင်္ဂလီတွေကို စက်ရုံ မော်ရွာနဲ့ ဝေးအောင်ရွှေ့ပေးပါလို့ပြောချင်တယ်။ သူတို့ကိုဘယ်လိုမှ နေလို့မရတော့ဘူး။ အဓိကတော့သူတို့ လူအင်အားများလို့ စိုးရိမ်တာပါ”ဟုစက်ရုံမော်ရွာသားတစ်ဦးက ရင်ဖွင့်ပြောကြားခဲ့ပါသည်။

From:[_ RSV နှင့် ဝံသာနု Facebook စာမျက်နှာ/https://www.facebook.com/wontharnu999_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ