ရခိုင်ပြည်နယ်တွင် အကြမ်း ဖက်ဒဏ်ခံခဲ့ရသူများအတွက် အမေရိကန်ပြည်ထောင်စုက နောက် ထပ်ဒေါ်လာ ၄.၂သန်းကို မကြာ သေးမီက အကူအညီပေးခဲ့ သည်။ ယခုအကူအညီကို အမေ ရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး ရေးအေဂျင်စီ (USAID)က ပေး ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ် ဇွန်မှစ၍ ရခိုင်ပြည်နယ်သို့ အမေရိကန်နိုင်ငံ က ထည့်ဝင်ခဲ့သော အကူအညီ စုစုပေါင်းမှာ ဒေါ်လာ၇.၂၉သန်း ရှိသွားပြီဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လူ့အဖွဲ့ အစည်းအချင်းချင်း ပဋိပက္ခသည် ဇွန်တွင်ဖြစ်ပွားခဲ့ပြီး အောက်တို ဘာလတွင် ထပ်မံဖြစ်ပွားခဲ့ရာ ခန့် မှန်းခြေလူ ၁၁၅၀၀၀ နေရပ်ကို စွန့်ခွာထွက်ပြေးရပြီး အသက်အိုး အိမ်နှင့်လုပ်ငန်းများဆုံးရှုံးပျက်စီးခဲ့ ရသည်။ ကုလသမဂ္ဂအဖွဲ့ကြီး၊ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ၊ ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့များနှင့်အမေရိကန်အစိုးတို့မှ တာဝန်ရှိသူများသည် စားနပ်ရိက္ခာ အာဟာရ၊ကျန်းမာရေး၊အမိုးအကာ၊ ရေနှင့်မိလ္လာစနစ်များအပြင် အ ကာအကွယ်ပေးမှု၊အစားအစာ မ ဟုတ်သော ပစ္စည်းများ၊ပညာရေး၊ စခန်းများ ချိတ်ဆက်မိရေးနှင့် စီမံခန့်ခွဲရေးများပါ အရေးတကြီး လိုအပ်နေကြောင်းအစီရင်ခံခဲ့ကြ ပါသည်။
ပြည်သူများခံစားနေရသော ဒုက္ခများအမြန်ဆုံးသက်သာစေရန် အကူအညီသစ်တွင် လူ ၁၁၅၀၀၀ အတွက် နှစ်လခွဲစာ စားသောက် ကုန်များ၊ ဒုက္ခရောက်နေသော လူများလက်ထဲ အသက်ကယ်အ ကူအညီများကိုထိရောက်စွာဖြန့် ဖြူးနိုင်ရေးအတွက်ထောက်ပံ့ပို့ ဆောင်ရေးအကူအညီ၊ ပဋိပက္ခ ဒဏ်ခံ မိသားစု ၂၀၀၀ခန့်အတွက် အခြေခံအိမ်ထောင်သုံးပစ္စည်းများ နှင့် အမျိုးသမီးများနှင့်ကလေး များကြား တစ်ကိုယ်ရေသန့်ရှင်း ရေး ပညာပေးရေး၊ဘေးကင်းရေး နှင့်သင့်တော်သောတစ်ကိုယ်ရေ သန့်ရှင်းရေးနည်းစဉ်များကို မြှင့် တင်အားပေးရေးများ ပါဝင် သည်။
အဆိုပါ အကူအညီများကို USAID နိုင်ငံခြားကပ်ဒုက္ခများ အကူအညီပေးရေးရုံး OFDA နှင့် ငြိမ်းချမ်းရေးအတွက်စားနပ်ရိက္ခာ (FFP) တို့က ကုလသမဂ္ဂစားနပ် ရိက္ခာအစီအစဉ် WFP နှင့် Save The Children တို့မှတစ်ဆင့် ပေးခဲ့ ခြင်းဖြစ်သည်။ အကူအညီများ ကို ရခိုင်ပြည်နယ်တွင်းရှိ လိုအပ် နေသူ မည်သည့်လူမျိုးစုကိုမဆို လူမျိုးဘာသာခွဲခြားမှုမရှိဘဲဒုက္ခ ကြုံတွေ့နေရသော ပြည်သူများ ၏ ဂုဏ်သိက္ခာကို လေးစားမှုရှိ ခြင်း၊အကူအညီထောက်ပံ့မှုက နိုင်ငံတကာစံမီခြင်းများ အပါအ၀င် နိုင်ငံတကာမူများ၏လမ်းညွှန်ချက်အတိုင်းပေးသွားမည်ဟုအမေရိကန်ပြည်ထောင်စု၏ မြန်မာ နိုင်ငံဆိုင်ရာ သံရုံးမှ ဇန်န၀ါရီလ ၃၀ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
From:[_ Hot News_] (မောင်ကျောက်ခဲ အဖွဲ့)

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။