Feb 5, 2013

ဒေါ်အောင်ဆန်းစုကြည်၏ စကားအတွက် မြန်မာလူမျိုးများမှ ဂျပန်လူငယ် အား တောင်းပန်ခဲ့ရ

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား ရောက်တုန်းက ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ အပေါ် ကျူးလွန်ခဲ့တဲ့ နှိပ်စက်ညှင်းပန်းမှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန်သင့်တယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လေးစားမြတ်နိုးပါတယ်ဆိုတဲ့ တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းတဦးတည်း တည်ထောင်ခဲ့တာမဟုတ်ဘဲ မြန်မာမျိုးချစ်တွေနဲ့ ဂျပန်စစ်တပ်ရဲ့ အကူညီနဲ့ တည်ထောင်ခဲ့တာပါ တဲ့။

အခုတော့ တောင်ကိုးရီးယား ရောက်တုန်း အဲ့ဒီတုန်းက ဂျပန်စစ်တပ်ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး ပြောလိုက် တာဟာ အဲ့ဒီတုန်းက ဗမာ့တပ်မတော်ဖြစ်လာဖို့ ဂျပန်စစ်တပ်ကို အကူအညီတောင်းခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဂုဏ်ပုဒ်ကို ဆွဲချသလိုဖြစ်မနေဘူးလားလို့ သူက ပြောပါတယ်။ ပြီးတော့ အဲ့ဒီတုန်းက ဖြစ်တည်ခဲ့တဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ် မပြုလို့ ကိုရီးယား သတင်းစာကို အခုလို ပြောခဲ့တာလား ဆိုတာကို သူ့အနေနဲ့ သိချင်ပါတယ် စသဖြင့် ဒီ ၁၀ မိနစ်နီးပါးစာ ဗီဒီယိုထဲကနေ သူက မေးခွန်းထုတ်ထားပါတယ်။

အထက်ပါ စာပိုဒ်များကတော့ ဧရာဝတီ သတင်းမှာ ဖော်ပြထားတဲ့ ဂျပန်နိုင်ငံသား ပြောစကားများပဲ ဖြစ်ပါတယ်။ ထို့ပြင် ဆက်စပ် ဗီဒီယိုကို ကြည့်တဲ့အခါမှာတော့ ဒေါသတွေနဲ့ စိတ်ဆိုးမာန်ဆိုး ပြောနေတဲ့ ဂျပန် လူငယ်က သူဟာ တိုကျိုခေးရိုးတက္ကသိုလ်မှာ ပညာသင်ကတည်း က ဒေါ်စုကို လေးစား သဘောကျခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ရက်များက ဘီဘီစီ အင်တာဗျူးမှာ မြန်မာ့ တပ်မတော်ကို သံယောဇဉ် ရှိကြောင်း၊ ကျွန်မရဲ့ အဖေက မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့ကြောင်းတွေ ပြောတုန်းက သူလည်း ဂုဏ်ယူခဲ့ပြီး နောက် ၅ ရက်အကြာ ကိုရီးယား ရောက်ေ တာ့ ပြော လိုက် တဲ့ စကားတွေအတွက် အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့ပါတယ်။

ထို ဗီဒီယို ဖိုင်ရဲ့ အောက်မှာတော့ အန်တီစုကို ချစ်သော မြန်မာများမှ အဓိပါယ်ကောက်ယူ မမှားစေ ချင်ကြောင်း၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး ခိုင်မြဲလျှက် ရှိကြောင်း၊ မိမိတို့ မြန်မာများမှ အသိအမှတ် ပြုကြောင်း၊ ထိုသို့ ရည်ရွယ်၍ ပြောသည့် မထင်ကြောင်း အစရှိသဖြင့် ဖြေသိမ့် တောင်းပန်ပေး လျှက် ရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးနောက်ပိုင်း ကုလားကို ကုလားဟု မခေါ်ကြောင်း၊ ထိုသို့ ခေါ်ပါက မိမဆုံးမ ဖမဆုံးမ အသွင်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း၊ အာဏာရမှ ဒီမိုကရေစီ ဖန်တီးနိုင်မည် ၊ အာဏာလိုချင်သည် ဆိုသော စကား များ ပြောဆိုခဲ့ခြင်း၊ ပိုက်ဆံ လိုချင်ရင် ဆရာဝန် မလုပ်နဲ့၊ စီးပွားရေး လုပ် ဆိုသည့် စကားများ ပြောဆိုခဲ့ခြင်း၊ လူတွေအားလုံး ကျွန်မေ ခွးလောက် အသိတရားရှိရင် ကမ္ဘာကြီး ငြိမ်းချမ်းပြီဟု ပြောဆိုခဲ့ခြင်း တို့ ရှိခဲ့ပြီး ယခု ဂျပန်ကိစ္စမှာလည်း နောက် တစ်ခုဖြစ်လာခဲ့သည်။

(oppositeye)(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဒေါ်စုကိုဦးနှောက်စစ်ဆေးသင့်နေပြီ။ကုလားဖြူသုက်ခေါင်းထဲ
ရောက်ပြီးကြောင်နေပြီ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ