Sep 3, 2012
ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ပြောင်းလဲ
ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဆိုင်ရာ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ပြောင်းလဲပြီ
 ဖြ စ်သည်။နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအပေါ် စွပ်စွဲပြစ်တင်မှုများကို ဆက်လက်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးနန္ဒကျော်စွာကို ဥက္ကဌအဖြစ် တာဝန်ယူကာ ဖွဲ့စည်းခဲ့သည်။
သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ စက်တင်ဘာလ ၁ရက်နေ့တွင် ပေးပို့လာသည့် သ၀ဏ်လွှာတွင် ပါဝင်သော အချက်ဖြစ်သည့် ဦးနန္ဒကျော်စွာနှင့် အဖွဲ့ဝင်များသည် ခုံရုံးကို စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးထားသူများဖြစ်ခြင်း၊ ၄င်းအဆိုကို တင်သွင်းသူနှင့် ထောက်ခံသူများဖြစ်ခြင်းတို့ကြောင့် ကန့်ကွက်ကြောင်း အချက်တို့ကြောင့် ဥက္ကဌနေရာတွင် ဦးနန္ဒကျော်စွာအစား အမ်းမြို့နယ်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကို ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ၊ကျန်အဖွဲ့ဝင်များကို ပြောင်းလဲရန် မလိုကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေပြီ ဖြစ်ကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောကြားခဲ့သည်။
EMG
________________________________________________________________________
Readmore »
မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းရေး အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာ
   မြန်မာနိုင်ငံသည် နိုင်ငံရေးစီးပွား ရေးအရ အထီးကျန်နိုင်ငံအဖြစ် နှစ် ပေါင်း ၅ဝ ခန့်ရှိခဲ့ရာမှ ယခုဖောက် ထွက်လာခဲ့ပြီ။ 
          လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများ စွာကဒေသအတွင်းရှိ တိုးတက်မှုမြင့်မား ကာ အသွင်ကူးပြောင်းနေကြသော နိုင်ငံ များပြုလုပ်ခဲ့ကြသကဲ့သို့ မြန်မာသည် လည်း ရဲဝံ့သော ခြေလှမ်းသစ်တွေကို လှမ်းနေသည်။ ကုန်သွယ်မှုအတွက် တံခါးဖွင့်ပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကိုအားပေးခြင်း၊ ငွေကြေးကဏ္ဍ နက် ရှိုင်းစေရန်ပြုလုပ်ခြင်းတို့ကိုတွေ့ရသည်။ ဒေသအတွင်း၊ တိုးတက်မှုလျင်မြန်သည့် သမိုင်းကြောင်းကို သိထားခြင်းကြောင့် မြန်မာသည် ကာလလတ်၊ ကာလရှည်  ရည် မှန်းချက်များရရှိရေးအတွက် အရေး ပါသော ဆုံးဖြတ်ချက်များ ချမှတ်ရာ တွင်လမ်းညွှန်အဖြစ် အသုံးပြုနိုင်သည်။          ကံကောင်းထောက်မစွာ  အာရှ ဒေသတွင် စီးပွားရေးတိုးတက် ဖွံ့ဖြိုး မှုဆိုင်ရာ သင်ခန်းစာများ အလျံပယ်ရှိ နေသည်။          တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အင် ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ် နှင့်မကြာမီက ကမ္ဘောဒီးယားနိုင်ငံတို့ကို ကြည့်လျှင် တိုးတက်မှုနှုန်းမြင့်မားသည့် ကာလအတွင်း နှစ်စဉ်ခြောက်ရာခိုင်နှုန်း မှ ၁ဝ ရာခိုင်နှုန်းအတွင်း တိုးတက်ခဲ့ကြ သည်။ ဆယ်နှစ်အတွင်း ဆင်းရဲနွမ်းပါး မှုကို တစ်ဝက်ခန့် လျှော့ချနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည်ဆယ်နှစ်ကျော် အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ခုနစ်ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းတိုးတက်ကာ ၂ဝ၃ဝ ပြည့် နှစ်တွင် တစ်ဦး ကျပ်ဝင်ငွေဒေါ်လာ ၂ဝဝဝ မှ ဒေါ်လာ ၃ဝဝဝ အထိဖြစ်လာ နိုင်သည်။          နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ဖွံ့ဖြိုး မှုအတွေ့အကြုံ တူညီခြင်းမရှိပါ။ ထူး ခြားသည့် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ပြည်တွင်းရေးနှင့် လက်ရှိ နိုင်ငံတကာ ပတ်ဝန်းကျင်တို့၏ ပုံသွင်းမှုကိုခံရသည်။ သို့သော် အခြားအောင်မြင်သော နိုင်ငံ များ၏အတွေ့အကြုံမှ အရေးပါသော သင်ခန်းစာများကို ရယူနိုင်သည်။ ပထမ အချက်အနေဖြင့် ထိရောက်သော နိုင်ငံ အဆင့်စီးပွားရေးစီမံခန့်ခွဲမှုဖြင့် ငွေဖောင်း ပွမှုနှုန်း နိမ့်ကျတည်ငြိမ်စေရန် ဆောင် ရွက်ရမည်။ ဒုတိယအချက်အနေဖြင့် နိုင်ငံရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ပြည်တွင်းစုဆောင်းမှုမြင့်မားရန်လိုသည်။ တတိယအချက်အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍသည် အရေးကြီးသည် မှန်သော် လည်း ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရေး၊ ပို့ကုန်မြင့်မားရေး၊ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးရေးတို့အတွက် စက်မှု နှင့်ဝန်ဆောင်မှုကဏ္ဍကို ဦးတည်၍ စီး ပွားရေးအဆောက်အအုံပုံသဏ္ဌာန်ပြောင်း လဲရမည်။ ထိုသင်ခန်းစာကြီးများအပြင် အာရှဒေသတိုးတက်မှုရရန်အတွက် လူ့ အရင်းအနှီးအတွက် ရင်းနှီးမြှုပ်နှံမှု၊ စွမ်း ရည်မြင့် အခြေခံလမ်းပန်းဆက်သွယ် ရေး၊ ခိုင်မာသော ဥပဒေစည်းမျဉ်းစည်း ကမ်းနှင့် အဖွဲ့အစည်းများ၊ လူမှုရေး တည်ငြိမ်မှု သယံဇာတများ ခွဲဝေရာ၌ ဈေးကွက်ယန္တရားကိုအသုံးပြုမှုများလည်း လိုအပ်သည်။          မြန်မာ့ အသွင်ကူးပြောင်းမှုသည် ကမ္ဘာ့စီးပွားရေးအခင်းအကျင်း၊ အခြေ ခံကစပြီး၊ လှုပ်လှုပ်ရှားရှား၊ ပြောင်းလဲ သည်အချိန်နှင့် ကြုံကြိုက်နေသည်။ မကြာသေးမီကဖြစ်ပွားခဲ့သော ဘဏ္ဍာ ရေးအကျပ်အတည်းသည် ကမ္ဘာ့စီးပွား ရေးအလေးသာမှု အနောက်မှ အရှေ့၊ မြောက်မှတောင်သို့ ရွေ့သွားသော ပုံမှန်အခြေအနေသစ် (နြတ သြမာေူ) ကိုဖြစ်ပေါ်စေသည်။ဤအခင်းအကျင်း အပြောင်းအလဲသည် အာရှ၏ စီးပွား ရေးအရှိန်အဟုန်အပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ် စေသည်။ အာရှသည် ကမ္ဘာစီးပွားရေး တိုးတက်မှု၏ ဗဟိုချက်အသစ်ဖြစ်လာ သောအခါ ဒေသအတွင်း နိုင်ငံ အချင်း ချင်းပေါင်းစည်းရေးသည် ယခင်က ထက်ပိုပြီး ထိရောက်သော တိုးတက်မှု မဟာဗျူဟာ ချမှတ်နိုင်ရေးတွင် အရေး ပါ သော အမယ်တစ်ရပ်ဖြစ်လာသည်။ မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် အနောက်နိုင်ငံတွေ စားသုံးရန်အတွက် အရှေ့တိုင်းနိုင်ငံတွေက ထုတ်လုပ်ပေး နေရသော အာရှစက်ရုံအဖြစ်ကို ရေရှည် အားကိုး၍ ရတော့မည်မဟုတ်ပေ။ အာရှ ဒေသသည် ပြည်တွင်း ဝယ်လိုအားကို လည်း တောင့်တင်းခိုင်မာအောင်လုပ် ကာ မြန်မာကဲ့သို့သော နိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးသကဲ့ သို့ အချိန်အဆမျှတသော ကမ္ဘာ့စီးပွား ရေး အဆောက်အအုံဖြစ်စေရန်လည်း အထောက်အကူပြုရန် လိုအပ်ပါသည်။ ဒေသအတွင်း စီးပွားရေးပေါင်းစည်းမှု ပိုမိုကျယ်ပြန့်လာလျှင် ကုန်သွယ်မှုတိုး ပွားခြင်း၊ နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ် နှံမှုမြင့်မားခြင်းမှတစ်ဆင့် တိုးတက်မည့် အလားအလာများကို ဖြစ်ပေါ်စေပါ သည်။ မြန်မာနိုင်ငံသည် ဒေသအတွင်း တွင် စီးပွားရေးအင်အားကြီးနိုင်ငံ၏ ကြားတွင် မဟာဗျူဟာကျကျ တည်ရှိ နေပါသည်။ ထိုနိုင်ငံများတွင် လူဦးရေ ၂ ဒသမ ၅ ဘီလီယံနေထိုင်ကြသည်။          တရုတ်နိုင်ငံသည် လုပ်အားသုံး ထုတ်လုပ်မှုကို အားကိုးအားထားပြု နေရာမှ တန်ဖိုးမြင့်ထုတ်ကုန်များကို ပြောင်းလဲထုတ်လုပ်ပေးပြီး လုပ်သား များက မြင့်မားသောလုပ်ခများ တောင်း ဆိုလာကြသောအခါ စက်ရုံများကို မြန်မာနိုင်ငံအပါအဝင် အရှေ့ အာရှနိုင်ငံ များသို့ပြောင်းရွှေ့ရန် ကြိုးစားနေသည်။    အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့်ချိတ်ဆက်မှုကို ပိုမိုအား ကောင်းစေ၍၊တရုတ်နှင့်အိန္ဒိယ၊ တောင် အာရှနှင့် အရှေ့တောင် အာရှကြားတွင် ပေါင်းကူးပေးနိုင်သောထူးခြားသည့်အခြေ အနေကို အသုံးချကာ၊ အခွင့်အလမ်း သစ်အမျိုးမျိုးကိုရယူနိုင်သည်။ အာဆီယံ ကုန်သွယ်မှု စုစုပေါင်း ၂၆ ရာခိုင်နှုန်း သည် အဖွဲ့ဝင်နိုင်ငံများအကြား ကုန် သွယ်မှုဖြစ်သည်။ အာဆီယံ၏ တရုတ် နိုင်ငံနှင့် ကုန်သွယ်မှုသည် ၂ဝဝဝ ပြည့် နှစ်က လေးရာခိုင်နှုန်းအောက်တွင်သာ ရှိရာမှ ၂ဝ၁၁ခုနှစ်တွင် ၁ဝ ရာခိုင် နှုန်း ကျော်အထိတက်လာခဲ့သည်။ ထိုကာလ တွင်အာဆီယံအသင်းကြီး၏ စက်မှုနိုင်ငံ များနှင့် ကုန်သွယ်မှုသည် ၅၄ ရာခိုင် နှုန်းမှ ၃၆ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ သည်။ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့ကို အတုယူ၍ မြန်မာနိုင်ငံသည် ဒေသခွဲအဖွဲ့များတွင် ပါဝင်ရာမှတစ်ဆင့် တိုးချဲ့နိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးအသွင်ကူးပြောင်းမှုတွင်တရုတ်၊ အိန္ဒိယနှင့် အာဆီယံသစ်နိုင်ငံများ အင်အားကြီးမားလာမှုကို အခွင့်ကောင်း ယူနိုင်ရန်၊ မဟာဗျူဟာမြောက်စီမံကိန်း များရေးဆွဲရန် အချိန်တန်နေသည်။          မြန်မာနိုင်ငံသည် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သို့ အသွင်ကူး ပြောင်းရာတွင် အားသာချက်များ အခွင့် အလမ်းများကို ရယူအသုံးချ နိုင်သည်။ ကျယ်ပြန့်သော ပြုပြင် ပြောင်းလဲမှု အမျိုးမျိုးပြုလုပ်ရန် တာဝန်ယူထားမှု ကို သဘာဝစွမ်းအားစုများြ          သို့သော်မြန်မာနိုင်ငံအနေဖြင့် တိုး တက်မှုကိုဟန့်တားမည့် အကန့်အသတ် များအန္တရာယ်များလည်းရှိသည်။အဓိက ကန့်သတ်ချက်များမှာ ဈေးကွက် ယန္တရားကို အသုံးမချသော နိုင်ငံ အဆင့်စီးပွားရေးစီမံခန့်ခွဲရာတွင် အား နည်းမှု၊ မပြည့်စုံသော ဘဏ္ဍာရေး အရင်းအမြစ်များ စွမ်းရည်နိမ့်ပြည်တွင်း ငွေစုဆောင်းရင်းနှီးမြှုပ်နှံမှု၊ အရင်း အနှီးရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး အခြေခံပြည့်စုံမှု၊ လူ့စွမ်းအား တိုးတက် ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်နေစေ သည့်မပြည့်စုံသော ပညာရေး၊ ကျန်း မာရေးလုပ်ငန်းများနှင့် လုပ်ငန်းများကို ဖြန့်ကျက်မှု မပြုနိုင်ခြင်းတို့ ဖြစ်သည်။ စိုက်ပျိုးရေးနှင့် သဘာဝသယံဇာတ ထုတ်လုပ်ရေးလုပ်ငန်းများသည် ရာသီ ဥတုအပြောင်းအလဲဒဏ်ကို အများဆုံး ခံရပြီး ယခုအခါ ရာသီဥတုပြောင်းလဲ မှုနှင့် သဘာဝဘေးရန်များ၏ ဒဏ်နှင့် အကြိမ်အရေအတွက်လည်းတိုးပွားလာ နေသည်ကို တွေ့ရသည်။          အာရှဒေသတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် တိုးတက်မှုရရှိ အောင် ဆောင်ရွက်ခြင်းသည်သာလျှင် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။ သို့သော် မကြာသေးမီက ဆယ်စုနှစ် များအတွင်း တိုးတက်မှုနှုန်း လျင်မြန် သောနိုင်ငံများတွင် ညီညီမျှမျှ ဖြစ်ပေါ် ခြင်းမရှိသည်ကို တွေ့ရသည်။ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အခြား အံ့ သြလောက်ဖွယ်တိုးတက်ခဲ့သောနိုင်ငံ များနှင့် နှိုင်းယှဉ်၍မရပေ။ မကြာမီက သာဓကများအရ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံဒေသခွဲတစ်ခုနှင့်တစ်ခုထောင် စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ ရရှိရေး ကြိုးပမ်းရာတွင် တိုးတက်မှု မညီမမျှ ဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာ နိုင်ငံသည်ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည် မှန်းချက်များကို ဦးတည်၍ အကောင် အထည်ဖော်ရာတွင် တိုးတက်မှုများရရှိ နေသော်လည်း လူလေးယောက်တွင် တစ်ယောက်သည်ဆင်းရဲနေဆဲဖြစ်ကာ အသက် ငါးနှစ်အောက် ကလေးသုံး ယောက်တွင် တစ်ယောက်သည် ကိုယ် အလေးချိန်မပြည့်ကြပေ။ ငှက်ဖျား၊ အဆုတ်ရောဂါနှင့် ခုခံအားကျဆင်းမှု အပါအဝင်အခြားရောဂါများ၏အန္တရာယ် သည် ဒေသတွင်းရှိ အခြားအာရှနိုင်ငံ များနှင့်စာလျှင် မြန်မာနိုင်ငံ၌ မြင့်မား နေဆဲဖြစ်သည်။          ဆင်းရဲနွမ်းပါးမှုလျှော့ချကာ လူ နေမှုအဆင့်အတန်းမြင့်မားရေးအတွက် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု မြင့်မား ရန်လိုသည်။ တစ်ဖက်တွင် လူမှုစု စည်းရေးခိုင်မာခြင်း၊ လူ့စွမ်းအားအရင်း အနှီးများစုဆောင်းနိုင်ခြင်းရှိမှသာ တိုး တက်မှုအရှိန်အဟုန်ကောင်းများကိုထိန်း သိမ်းနိုင်မည်ဖြစ်သဖြင့် အားလုံး ပါဝင် ဆောင်ရွက်နိုင်ရန်လည်း အရေးကြီး သည်။ တိုင်းရင်းသားအမျိုးမျိုးရှိနေ ခြင်းကြောင့် သဟဇာတဖြစ်သော လူ့ အဖွဲ့အစည်း တည်ထောင်ရေးသည် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ပြည်တွင်းနိုင်ငံရေးနှင့် လူမှုရေး တင်းမာမှုများသည် မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေကာ ကြီးမားသော ပဋိပက္ခ များကို ဦးတည်သွားစေနိုင်သည်။          မြန်မာနိုင်ငံ၏ အနာဂတ် တိုး တက်မှုလမ်းကြောင်းသည် အပြန် အလှန်အထောက်အကူဖြစ်နေသော ဖွံ့ဖြိုးရေး မဟာဗျူဟာသုံးခုဖြစ်သည့် ဒေသဆိုင်ရာပေါင်းစည်းမှု၊ အများပါ ဝင်မှု၊ ပတ်ဝန်းကျင်မထိခိုက်စေရန် ထိန်းသိမ်းနိုင်မှုတို့ အပေါ်တွင်မူတည် သည်။ နိုင်ငံရင်ဆိုင်နေရသော စိန် ခေါ်မှုအမျိုးမျိုးကတစ်ဖက်၊ စွမ်းအားစု အကန့်အသတ်ရှိမှုက တစ်ဖက် ကြောင့် ပြည်ပမှ အကူအညီပေးရာတွင် ဦးစား ပေးအစီအစဉ်ရေးဆွဲကာ အကျိုးအများ ဆုံးဖြစ်ထွန်းစေရန်အတွက် ဦးစားပေး အစီအစဉ်များကို ရှေ့နောက်ချိတ်ဆက် ထားနိုင်သည်။          အဓိက ဖွံ့ဖြိုးရေးအစီအစဉ်များ တွင် အောက်ပါတို့ပါဝင်သည်။နိုင်ငံအဆင့် စီးပွားရေးတည်ငြိမ်မှု           နိုင်ငံအဆင့် စီးပွားရေးတည်ငြိမ်မှုသည် ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်တိုး တက်မှုအတွက် အခြေခံကောင်းဖြစ်သည်။ ခိုင်မာသော နိုင်ငံအဆင့် စီးပွား ရေးမူဝါဒများ နိမ့်ကျပြီး တည်ငြိမ်သော ငွေဖောင်းပွမှုနှုန်း၊ ရေရှည်ထိန်း သိမ်းနိုင်သော ဘဏ္ဍာရေးအနေအထား၊ ပြောင်းလဲလွယ်သောဈေးကွက် အခြေခံ ဖလှယ်နှုန်းတို့ပါဝင်သည်။ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာရေးအရင်း အမြစ်များ စုစည်းခြင်း          ပြည်တွင်းပြည်ပစုဆောင်းမှုများ မြင့်မားရေးသည် ပြည်သူပိုင်ကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍမှ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းရေးအတွက် အရေးကြီးသည်။ ထို့အပြင် အစိုးရ၏ဘဏ္ဍာတော်တိုးပွားရေး (ဥပမာ- အခွန်အကောက်)နှင့် စွမ်းရည်မြင့်ဘဏ်လုပ်ငန်းတို့သည် ဖွံ့ဖြိုးရေး လုပ်ငန်း များအတွက် စဉ်ဆက်မပြတ်ငွေကြေး ထောက်ပံ့ပေးနိုင်သည်။လမ်းပန်းဆက်သွယ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်          ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့တွင်ရှိနေ သော အဓိကအဟန့်အတားများကို ဖယ်ရှားခြင်းသည် လူ့စွမ်းအားဖွံ့ဖြိုးမှုနှင့် အဆက်အသွယ်ကောင်းမွန်မှုအတွက် အရေးကြီးသည်။စိုက်ပျိုးရေးတိုးတက်၍ စက်မှုနှင့် ဝန်ဆောင်မှုကိုဖြန့်ကျက်          အခြေခံ ထုတ်ကုန်လုပ်ငန်းများအပြင် စီးပွားရေးအခြေခံကို တိုးချဲ့ ခြင်းသည် ထုတ်လုပ်မှုစွမ်းအားမြင့်မားကာ တန်ဖိုးများတိုးပွားစေရန် ဆောင် ရွက်နိုင်သည်။ သို့သော် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သယံဇာတလုပ်ငန်း များကို လျစ်လျူရှုထား၍ မရပါ။ ထိုလုပ်ငန်းများသည်လည်း ချဲ့ထွင် နိုင်မည့် အလားအလာများစွာရှိသည်။ထုတ်လုပ်မှုတွင် အစိုးရ၏ အခန်းကဏ္ဍကိုလျှော့ချခြင်း          ထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရ၏ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှု ထပ်မံ လျှော့ချခြင်းသည် ပြိုင်ဆိုင်မှုကို တိုးပွားကာ တန်းတူရည်တူ ဆောင်ရွက် နိုင်သဖြင့် ရင်းနှီးမြှုပ်နှံမှုကို တိုးပွားစေသည်။ အစိုးရ၏ အဖွဲ့အစည်းများ ခိုင်မာတောင့်တင်းခြင်း          စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ထိရောက်သော အစိုးရအဖွဲ့အစည်း များက အထောက်အကူပြုနိုင်သည်။ သို့သော် ထိုအဖွဲ့အစည်းများ တည် ဆောက်ရန်နှင့် စွမ်းရည်မြှင့်တင်ရန်အတွက် အချိန်ပေးရသည်။ အုပ်ချုပ် ရေးနှင့် စည်းမျဉ်းစည်းကမ်းများ စနစ်တကျရှိစေခြင်း၊ သဘာဝသယံဇာတ များကို စီမံခန့်ခွဲခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်ရမည်။ အရေးအကြီးဆုံး မှာ စနစ်တစ်ခုလုံးအောက်ရှိ အစိုးရဝန်ထမ်းများ၏ စွမ်းရည်မြင့်မားရေး သည်အရေးကြီးသည်။
___________________________________________________________ 
Readmore »
ဗီဒီယိုဇာတ်ကားများအား ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသရန်အတွက် ရောင်းချခြင်းကို ရပ်နားထားရန် ညွှန်ကြားထား
ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ကားများအား ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသရန်အတွက် ရောင်းချခြင်းကို ရပ်နားထားရန် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေးများသို့ ညွှန်ကြားထားပြီး လက်ရှိပြသလျက်ရှိသော ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများမှာ ယခင် ရောင်းချခဲ့ပြီးဖြစ်သည့် ဇာတ်ကားများ ဖြစ်သည်ဟု သိရှိရသည်။
ရုပ်သံလိုင်းများတွင် မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအား စတင်ထွက်ရှိချိန်နှင့် နီးကပ် စွာ ပြသနေသောကြောင့် ဈေးကွက်ကို သိသာစွာ ထိခိုက်လာသည့်အတွက် ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းဟု သိရှိရသည်။ “မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ရုပ်သံလိုင်း တွေမှာ ပြသမှုက အရမ်းကို မြင့်တက်လာပါတယ်။ ပြသချိန်ကလည်း ဇာတ်ကား ထွက်ရှိချိန်နဲ့ မရှေးမနှောင်းမှာတင် ပြသတာမျိုးတွေ ရှိလာတဲ့အတွက် အခွေငှားရမ်းဆိုင်တွေဘက်က တင်ပြ လာတဲ့ အခက်အခဲတွေထဲမှာ ရုပ်သံလိုင်းတွေမှာ မြန်မာဇာတ်ကားတွေ မပြသဖို့ ပါဝင်လာ ပါတယ်။ ဒါကြောင့် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ရုပ်သံလိုင်းတွေမှာ ပြသဖို့ရောင်းချတာကို လုံးဝရပ်ဆိုင်းထားဖို့ ထုတ်လုပ်ရေးတွေ အားလုံးကို အကြောင်းကြားထား ပါတယ်။ အခုလက်ရှိ ပြသနေတာက အရင်ရောင်းချထားပြီးသား ဇာတ်ကားတွေပါ။ လက်ရှိဗီဒီယိုလောက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဈေးကွက် ကျဆင်းမှုတွေကို ညှိနှိုင်းဆွေးနွေး ပြီးမှသာ တိကျသေချာတဲ့ ပုံစံတစ်ခုနဲ့ ရုပ်ရှင်အစည်းအရုံးကတစ်ဆင့် ဘယ်လိုရောင်းမယ်၊ ထွက်ရှိပြီး ဘယ်နှနှစ်ကြာပြီဖြစ်တဲ့ ဇာတ်ကားကို ငွေကြေး အတိုင်းအတာ ဘယ်လောက်နဲ့ ရောင်းချမယ်ဆိုတဲ့ တိကျတဲ့စာချုပ်တွေနဲ့ သတ်မှတ်ပြီးမှသာ ပြန်လည်ရောင်းချခွင့်ပြုမှာပါ” ဟု ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
 ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးများသည် ရုပ်သံလိုင်းများတွင် ပြသနိုင်ရန်အတွက် ဈေးကွက်အတွင်းသို့ ဖြန့်ချိပြီး ဇာတ်ကားများအား နည်းပါး သည့် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ယင်း၏နောက်ဆက်တွဲအဖြစ် ရုပ်သံလိုင်း တစ်ခုတွင် တစ်နေ့လျှင် ဇာတ်ကားငါးကားမှ ဆယ်ကားဝန်းကျင်ခန့် ပြသမှုများ ရှိလာခြင်းကြောင့် ရုပ်ရှင်နှင့် ဗီဒီယို ဈေးကွက်အား သိသာစွာ ထိခိုက်လာခြင်းဖြစ်သည်ဟု သိရှိရသည်။ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ထုတ်လုပ်ရေးများမှ ဇာတ်ကားများ ရောင်းချခြင်းကို တားမြစ်လိုက်ခြင်း ဖြစ်ပါသည်။
(www.news-eleven.com)
___________________________________________________________________
Readmore »
ဂရိရေနံတင်သင်္ဘောမှ ရုရှားသင်္ဘောများအား ပင်လယ်ဓားပြများ ပြန်လွှတ်ပေး
အနောက်အာဖရိက တိုဂိုကမ်းလွန် ပင်လယ်ပြင်၌ ပင်လယ်ဓားပြများ သိမ်းယူထားသော ဂရိုနိုင်ငံသား ပိုင် ရေနံတင်သင်္ဘော တစ်စင်းပေါ်မှ ရုရှားသင်္ဘောသား ၂၃ ဦးအား ဓားပြများက ပြန်လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း သြဂုတ် ၃၀ ရက်တွင် ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားသည်။ ရုရှားသင်္ဘောသားများနှင့် ဂရိနိုင်ငံသား ရေယာဉ်မှူးမှာ ဘေးအန္တရာယ်မှ လွတ်မြောက်လာသော်လည်း ၄င်းတို့ပိုင်ငွေကြေးများနှင့် သင်္ဘောပေါ်ပါ ရေနံတန်ချိန် ၃၀၀၀ ကို ပင်လယ်ဓားပြများက သိမ်းယူခဲ့ကြောင်း သင်္ဘောကုမ္ပဏီက ပြောကြားသည်။ ယင်း ရေနံတင်သင်္ဘောကို သြဂုတ် ၂၁ ရက်တွင် ပင်လယ်ဓားပြများက ဖမ်းဆီးသွားခြင်းဖြစ်သည်။
(ဆင်ဟွာ)
__________________________________________________________________
Readmore »
နောက်ဆုံးပေါ် မာစီးဒီးနှင့် လပ်ဇပ်အစီး ၁၀၀ နီးပါးဝယ်ရန် အစိုးရတင်ဒါခေါ်
မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနသည် ၂၀၁၁ နှင့် ၂၀၁၂ နောက်ဆုံးပေါ် မော်ဒယ်လ်မာစီးဒီးနှင့် လပ်ဇပ်အစီး ၁၀၀ ခန့်ကို နိုင်ငံခြားငွေဖြင့် ဝယ်ယူလိုသည်ဟု ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က တင်ဒါခေါ်ယူလိုက်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများမှ တစ်ဆင့် သတင်းထုတ်ပြန်သည်။
mercedes
audi a4
မာစီးဒီးနှင့် လပ်ဇပ် အပါအဝင် အော်ဒီစသည့် ကားအမျိုးအစား ငါးမျိုး စုစုပေါင်း ၁၇၂ စီးကို ဈေးပြိုင်အဆိုပြုလွှာ တစ်စောင်လျှင် ကျပ်တစ်သိန်းအထိ သတ်မှတ်ထားပြီး နေပြည်တော် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဌာန ရုံးအမှတ် ၃၂ ရှိ တင်ဒါပုံးသို့ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ တင်သွင်းရန် ယင်းသတင်း၌ ဖော်ပြပါရှိသည်။ ယင်းကဲ့သို့ တင်ဒါခေါ်ယူ ဝယ်ယူခြင်းမှာ မြန်မာနိုင်ငံတွင် လာမည့်နှစ်များအတွင်း ကျင်းပရန်ရှိသည့် အာဆီယံ အစည်းအဝေးများ အပါအဝင် နိုင်ငံတကာ အစည်းအဝေးများတွင် တက်ရောက်မည့် ဧည့်သည်များအတွက် ဝယ်ယူခြင်း ဖြစ်ကြောင်း နေပြည်တော် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
toyota lexus
 မြန်မာနိုင်ငံ ကားဈေးကွက် တိုယိုတာလပ်ဇပ်ကားသည် ပြည်တွင်း၌ ဈေးမြင့်သည်ဆိုသည့် လင်ခရုဇာကားထက် ဈေးတစ်ဆခွဲမြင့်ပြီး အနည်းဆုံး ကျပ်သိန်း ၃၅၀၀ ခန့်ရှိနိုင်ကြောင်း ကားတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်
_______________________________________________________________________
Readmore »
တော်ပါပြီ ....ဒေါင်းအို တို့ ရယ်
Credit by Minko Ko
 တော်ပါပြီ .........ခွပ်ဒေါင်းအော်သံ တို့ ရယ်......... ဟိုးတုန်းကတော့ ဒေါင်းပျိုပေါ့.. ဒီလောက် နှစ်တွေကြာမှတော့ ဒေါင်းအိုတွေ ဖြစ်ကုန်ပါပြီ.. အမွှေးတွေ အတောင်တွေ လည်း မစုံတော့ဘူး..။ တုန်တုန်ရင်ရင် လှုပ်စိလှုပ်စိ၊ မပျက်မသားနဲ့..။ အမွေဆက်ခံတဲ့ ဒေါင်းတွေကော မရှိဘူးလား မဟုတ်ပါဘူး.. ရှိပါတယ်။ ဒါပေမယ့် ဒေါင်းသွေးစစ်စစ် မဟုတ်တော့ပါဘူး.. ပက်ဝန်းကျင်က လင်းတ သွေးတွေ ရောကုန်ကြပါပြီ.. ဒီတော့ ဒေါင်းပေါက်လေးတွေက ဒေါင်းတစ်ပိုင်း၊ လင်းတ တပိုင်း ဖြစ်လို့..။ ဒေါင်းအိုတွေနဲ့ ဒေါင်းတပိုင်း လင်းတ တပိုင်း ပေါက်စတွေနဲ့ကလည်း မကြာခဏ ရန်ဖြစ်.. အဲ့ဒီ မျိုးမစစ်ဒေါင်းတွေနဲ့ ဒေါင်းအိုတွေကြားမှာ မြန်မာနိုင်ငံကြီးလည်း စိတ်ဓာတ်ရေးရာတွေ များစွာ ပျက်စီး ယိုယွင်းနေပါပြီ..။ နိုင်ငံကောင်းအောင် တစ်ခုမှလည်း မလုပ်တဲ့အပြင်၊ ကန့်လန့် တိုက်နေတာတွေ ရပ်သင့်ပြီ..။ ဘာမသိ ညာမသိ လူငယ်၊ လူကြီး ရဟန်းတွေလည်း အနီးမှာရှိတဲ့ မျိုးမစစ်ဒေါင်းလင်းတ တွေကြောင့် မိုက်ရူးရဲတွေလုပ်ခဲ့ကြလို့ သွေးမြေကြရတာလည်း အကြိမ်ကြိမ်ပါပဲ။
brainwashed youths
  အဝေးက မျိုးမစစ် ဒေါင်းလင်းတ များကလည်း ဒေါင်းပုံလေးပြပြီး တောရေး၊ တောင်ရေး (တောကူး၊ တောင်ကူး ဆိုရင် ပိုမှန်ပါလိမ့်မယ်၊ ကိုယ်ပိုင် နိုင်ငံရေးအသိ၊ နိုင်ငံရေးလေ့လာမှုနဲ့ ရေးတာ တစ်ခုမှမရှိပါဘူး) တွေကြောင့်.. ပြည်ပရောက် လူငယ်တွေလည်း လင်းတစိတ်တွေဝင်ကုန်ကြပြီး အားရင် မြန်မာနိုင်ငံကြီးကို ထိုးဆိတ်ချင်နေကြပါတော့တယ်။ ကိုယ်တိုင်မထိုးဆိတ်နိုင်ရင်တောင် လင်းတကြီးများကို အားကိုပြီး ထိုးဆိတ်ခိုင်းနေကြတော့ ရှေ့ကိုမရောက်တော့ဘူး။ ဒေါင်းခေတ်လည်း ကုန်တာကြာပါပြီ..
ဒေါင်းအိုတွေလည်း ဖင်ပြောင်နေပါပြီ..။ ဒေါင်းပြပြီး ဒေါ်လာတောင်းနေတဲ့ ဘလော့တွေလည်း ရှက်သင့်ပါပြီ၊မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ NLD ကို ဝီကီလိခ်က ပြည်သူတွေစိတ်ပျက်နေတဲ့ အဖိုးကြီးတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့ကြီးလို့ဖွင့်ချခဲ့ပါတယ်...။ 
အခုလောလောဆယ်လည်း တစ်ချို့က တောင်ဝှေးကိုင်၊ တချို့က ဆေးရုံမကြာခဏ သွားနေရ၊ တချို့က မျက်မှန်ပုလင်းဖင်တွေနဲ့ ကိုယ့်ကိုယ်ကိုတောင် မနဲထိန်းနေရတဲ့ အဖိုးကြီး အဖွားကြီးများအဖွဲ့က နိုင်ငံတော်ကို ထိန်းပါမယ်လုပ်နေတုန်းပါပဲ။ ဒါပေမယ့် ဆုံးဖျက်ချက်တွေက အမြဲတမ်းလိုလိုမှားနေ၊ လူကြီးနဲ လူငယ်က မကြာခဏဆိုသလို ရန်ဖြစ်နေတော့ ဒီအဖွဲ့လေးကို နာမည်မပျောက်အောင်ပဲ တစ်နေ့ကို ဆန်တစ်တင်းခွဲချက်လောက် ထမင်းခေါ်ကျွေးပြီး ထိန်းနေရတာပါပဲ။
ဘယ်ကရတဲ့ပိုက်ဆံတွေနဲ့ အဲ့လို နေ့တိုင်း စားသောက်နေကြတာလဲ?
အဲ့ဒီပိုက်ဆံတွေကို ဘယ်သူတွေဆီကနေ ပြည်သူလူထု အတွက်ပါဆိုပြီး ညာတောင်းလဲဆိုတာကိုတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။
တစ်ကြိမ်လောက် သူတောင်းစားလေးတွေကို ဗွီဒီယိုရိုက်တင်လိုက်ရင်၊ ဒါမှာမဟုတ် ရွာတစ်ရွာလောက်က ဆင်းရဲနွမ်းပါးသူတစ်ချို့ကို ဓာတ်ပုံရိုက်တင်လိုက်ရင် နောက်ဆုံး ဘယ်မှမသွားနိုင်ရင်တောင် အကျဉ်းကျနေတဲ့သူတစ်ယောက်လောက်ရဲ ဓာတ်ပုံလေး ပြလိုက်ရင် သနားပြီး ပေးကြတာ သောက်သောက်လဲပါပဲ။
ဒါပေမယ့် အဲ့ဒါတွေက တကယ်စားသောက်ရမဲ့နေတဲ့လူတွေဆီတော့ ပြန်မရောက်ပဲ အလုပ်မရှိ အကိုင်မရှိ ရုံးတက် စားသောက် နေတဲ့လူတွေလက်ထဲကိုပဲ ရောက်တာပါပဲ။ သေချာစဉ်းစားကြည့်ရင်တော့ ဒါဟာ မြန်မာပြည်သူတို့အချင်းချင်း လူလည်ကျကြပြီး တစ်ဖက်လှည့်နဲ့ ဂုတ်သွေးဆုတ်တဲ့နည်းပါပဲ။ NLD တစ်ခုတင်ဒါမျိုးလား ဆိုတော့... မဟုတ်ပါဘူး.. ပြည်ပ အတိုက်အခံ မီဒီယာတွေနဲ့ ဘလော့ဂါတွေ အားလုံးလည်း ဒါမျိုးတွေချည်းပါပဲ။ ဒါပေမယ့် ဒီကစ္စနဲ့ပတ်သက်ပြီး အဲ့ဒီ NLD ရဲ့ အရှင်သခင် ပုဂ္ဂိုလ်များကတော့ မသိကျိုးကျွန်ပဲ မျက်နှာလွှဲနေကြပါတယ်။ဒေါင်းအိုမကြီးက လဲ နိုပယ်ဆု(ဘာတွေလုပ်ခဲ့ လို့ ပေးတဲ့ ဆုလဲမသိဘူး)သွားမယူရင်..ကုလားခေါ်ပြီးနို့ တိုက်ခဲ့ လို့  ကုလားတွေ အားရှိပြီး ရခိုင်ရွာတွေ တောက်၂လဲ မီးတွေ ရို့ ခဲ့ တယ်၊ယနေ့ ချိန်ထိ အမျိုးဘာသာ သာသနာ အတွက် ကုလားကို ဆန့် ကျင်ကြောင်း မပြောရဲသေးပါဘူး။
ယနေ့ မန္တလေးမြို့  မှာ ကျင်းပ ပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲ မှာ...မျိုးချစ်NLD လေး တချို့ ပါဝင်လာတာတွေ့ ရလို့ ....အရမ်းဝမ်းသာဂုဏ်ယူမိတယ်......တကယ်ကို လေးစားမိပါတယ်၊သူ့ တို့ လေးတွေ အမျိုးဘာသာ သာသန ကိုချစ်မြတ်နိုးပါလား လို့ လဲ သိရတဲ့ အတွက်.....အလွန်တရာမှ အားရ၀မ်းသာ...ရဲရဲတောက်.....ဒို့ မြန်မာတွေ...... ဟုဂုဏ်ပြုချီးကျူးမှတ်တမ်းတင်အပ်ပါတယ်၊NLD ထိပ်တီး အိုနာကျိုးကမ်းတွေ......မြင်ကြတော့၊ရူ့ တတ်တော့.................
Readmore »
KIA မှ ကုမ္ပဏီပိုင် ကျောက်စိမ်းလုပ်ကွက်များအတွင်း လက်နက်ဖြင့် ခြိမ်းခြောက်ကာ ရေမဆေးကျောက် ရှာဖွေသူများအား ၀င်ရောက်လုပ်ကိုင်ခိုင်း
ကချင်ပြည်နယ်၊ဖားကန့် မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများအား ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော စစ်ပွဲများကြောင့် ခေတ္တရပ်ဆိုင်းထားသော ကျောက်စိမ်းလုပ်ကွက်များအတွင်းသို့ KIA အဖွဲ့မှ လက်နက်များဖြင့် မတရားအနိုင်ကျင့်ခြိမ်းခြောက်ကာ ရေမဆေးကျောက်ရှာဖွေသူများအား ၀င်ရောက်လုပ်ကိုင် ခိုင်းတယ်လို့ သိရပါတယ်။
 KIA တပ်ဖွဲ့များအနေဖြင့် ဒေသခံလက်လုပ်လက်စား ရေမဆေးကျောက်ရှာဖွေသူများအား အပေါစား စည်းရုံး ရေးပြုလုပ်ကာ ရေမဆေးကျောက်ထက် အရည်အသွေးပိုမိုကောင်းမွန်သော RJ ကျောက်များကို ၀င်ရောက် ရှာဖွေခိုင်းခြင်းဖြစ်ပြီး ရှာဖွေ ရရှိသော သုံပုံတစ်ပုံအား ဆက်ကြေးသဘော ပေးဆောင်ရပြီး တစ်ဦးလျှင်(၅၀၀)ကျပ်စီ ပေးရပါတယ်။
 မလောင်ရွာ ဘက်မှာရှိတဲ့ ကုမ္ပဏီပိုင်ကျောက်စိမ်း လုပ်ကွက်များ ကိုလည်းဆက်လက် ပြုလုပ်မယ်လို့ ဒေသခံ ရေမဆေး ကျောက်ရှာဖွေသူမျးထံမှ သိရပါတယ်။ ဧပြီလ(၂၅)ရက်နောက်ပိုင်းမှစ၍ စစ်တပ်ကလာရောက်တိုက်ခိုက်မှာစိုးတယ့်အတွက် ကျရာလမ်း များ တောင်ယာလမ်းများပါမကျန် ရွာအနီးပတ်ဝင်းကျင်များမှာပါ ပိတ်ဆို့မိုင်းထောင်မှုတွေ ပြုလုပ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ မိမိတို့ကျေးရွာ များကို စွန့်လွှတ်ပြီး မြစ်ကြီးနား၊ ၀ိုင်းမော်၊ ချီဖွေ စတဲ့ နီးစပ်ရာ ဆွေမျိုးများထံ ပြောင်းရွှေ့ခိုလှုံ နေထိုင် ကြရပါတယ်။ သြဂုတ်လ(၂၉)ရက်က ဒီလို တိမ်းရှောင်နေတဲ့ ဒေသခံများထဲမှ ဒေါ်ရွေးလီဟာ စားသောက်စရာရှာဖွေရင်း လောခေါင်ရွာနဲ့ စုစီးရွာကြား လူသွားလမ်းပေါ်မှာ KIA အဖွဲ့မှ ထောင်ထားသာ မိုင်းနင်းမိကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
သို့ပေမဲ့ နီးစပ်ရာဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးရန်မှာလည်း KIA အဖွဲ့မှ လမ်းများပိတ်ဆို့ကာ မိုင်းထောင် ထားခြင်းကြောင့် ဘယ်လိုမှ ပို့ဆောင် နိုင်ခြင်းမရှိဘဲ နောက်တစ်နေ့မှာဘဲ သေဆုံးသွားတယ်လို့ ၀မ်းနည်း ဖွယ် ကြားသိရပါတယ်။ ကချင် ပြည်နယ်တွင် ဒေါ်ရွေးလီလိုအဖြစ်မျိုး လူမသိ သူမသိသေးဆုံးခဲ့ ရတဲ့ ဒေသခံတိုင်းရင်းသား အများအပြား ရှိနေခဲ့မှုကြောင့် ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ နားကျည်း မုန်းတီးမှုတွေကို ပြေပျောက်စေရန် အခုလို ကုမ္ပဏီတွေကို လက်နက်ပြကာ ဒေသခံတွေ ၀င်ရောက် လုပ်ကိုင်စေတဲ့ အပေါစားစည်းရုံးမှုလေးနဲ့ မျက်နှာပန်းလှလှ ပွဲထွက် ခဲ့တာဘဲဖြစ်ပါတယ်။
_______________________________________________________________________
Readmore »
KIA မှ အလုပ်သမားများ အယောင်ဆောင်၍ ဆက်ကြေးတောင်းခံ
မိုးမောက်မြို့နယ် ၊ ကျခမ်းဒတ် ကျေးရွာတစ်ဝိုက်မှာ တရားမ၀င် သစ်တွေ ခိုးယူသယ်ဆောင်နေတဲ့ ယာဉ်တွေပေါ်ကို သစ်အတင်အချပြုလုပ်တဲ့ အလုပ်သမားတွေထဲမှာ KIA တပ်ဖွဲ့ဝင် အယောက် (၂၀) ခန့် ၀င်ရောက်လုပ်ကိုင်လျှက်ရှိတယ်လို့ သိရပါတယ်။
 တရာမ၀င်သစ်တွေ သယ်လာတဲ့ယာဉ်တွေဟာ ဗန်းမော်မြို့နယ် ၊ ခူးလီ ၊ နမ့်လှိုင် ဘက်မှ နွားလှည်းတွေနဲ့ တင်ဆောင်လာတဲ့ ကျွန်းခွဲသားတုံးတွေကို မိုးမောက် - စိန်လုံ - လွယ်ဂျယ် ကားလမ်းအတိုင်း ညပိုင်းတွေမှာ သယ်ယူပို့ဆောင်ကြတာ ဖြစ်ပါတယ်။ ၀င်ရောက်လုပ်ကိုင်နေတဲ့ KIA အဖွဲ့ဝင်တွေဟာ သစ်တင်ချခ ယာဉ်တစ်စီးလျှင် (၃) သိန်းကျပ်တောင်း ခံကြတဲ့အပြင် ဆက်ကြေးအဖြစ် ယာဉ်ကြီး တစ်စီးကို (၂) သိန်းနဲ့ ဂျစ်ကားတစ်စီးကို (၁) သိန်းကျပ်ကို KIA ခေါင်းဆောင် မာဂွန်းမှ ဦးစီးကောက်ခံနေတယ်လို့ သိရပါတယ်။ ယခုလိုလာရောက်လုပ်ဆောင်နေတာကို KIA အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ လာရောက်လုပ်ကိုင် နေတာ မဟုတ်ဘဲ ၎င်းတို့ စားဝတ်နေရေးအတွက် ၀င်ရောက်လုပ်ကိုင်ကြတာဖြစ်တယ်လို့ သစ်အတင် အချ ပြုလုပ်သူ ဒေသခံတစ်ဦးမှ ပြောသည်။
________________________________________________________________________
Readmore »
ကုလားဟာ ဘင်္ဂလီ -အမေရိကပြည်ထောင်စုမှာ ပြောပြီ
ကုလားဟာ ဘင်္ဂလီ- မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးဆိုတာ မရှိ-တိုင်းရင်းသားလဲ မဟုတ်-အမေရိကပြည်ထောင်စု
မှာ ပြောပြီအမေရိကပြည်ထောင်စုအစိုးရက ( Managing Media and Rupblic ) အစီအစဉ်အရမြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခဲ့ သည် ။
သတ္တသုံးပတ်ကြာမြင့်မည်ဖြစ်သည် ။
ထို့ ကြောင့် နိုင်ငံရေးပါတီများမှကိုသန်းဇေါ်အောင် ( DP ) ။ ကိုဇင်မောင်မောင်ဋ္ဌေး
( NUP ) ။ကိုစိုင်းဝင်းမြင့် ( SNDP ) ။ ကိုမောင်ဝင်းစိုး ( RNDP )ကိုထိယန်အုပ်ထန်း
( CND ) ။ကိုကျော်သူရ(NDF ) ။ ကိုစိန်ထွန်း ( CPP )။
Wali Ullah ( National Democratic Party of Development ) ။ တို့ လေ့လာရေးခရီး
 ရောက်ရှိလာခဲ့  ကြသည် ။
 လေ့လာရေးအဖွဲ့ မှာ အမေရိကပြည်ထောင်စုဝါရှင်တန်မြို့ တွင် ပထမလေ့လာရေးဖြစ်ပြီး ဒုတိယအစီအစဉ်အဖြစ်ဖလော်ရီဒါပြည်နယ် ၊ တတိယအစီအစဉ်အဖြစ် အိုင်အိုးဝါးပြည်
နယ်ဖြစ်ပြီး၎င်းမှတဆင့် ကာလီဖိုးနီးယားပြည်နယ် သို့ သွားရောက်ကာ စက်တင်ဘာလ
-၁၅-ရက်နေ့ တွင် ပြန်လည်ထွက်ခွါသွားကြမည့် အစီအစဉ်များ ရှိသည် ။
( Freedom House –1301, Comnecticut avenue –Washington –Dc )ခန်းမမှာ
 ပြုလုပ်ခဲ့ ရသည် ။
Mr-Robert Heman က ဥက္ကဋ္ဌဖြစ်ပြီးမြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် လွပ်လွပ်စွာေ
မးကြမြန်းကြလေ့လာကြနှင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ ကြသည် ။
၎င်းဆွေးနွေးပွဲတွင်လေ့လာသူများက မိမိတို့ ၏ ပါတီအမည်နှင့် နာမည်များကိုမိတ်ဆက်
စကားပြောကြပြီး မိမိတို့  သိလိုသမျှနှင့် မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေများကို
ရှင်းလင်းတင်ပြခဲ့ ကြသည် ။
    သို့ သော်လည်း ရခိုင်ပြည်နယ် ဘူးသီတောင်မြို့ နယ်မှ ကုလား ( WaliUllah )
က သူသည် ရိုဟင်၈ျာပါတီမှဖြစ်ကြောင်း ။ ယခုဖြစ်ပျက်နေသောရိုဟင်ဂျာလူမျိုး
များ၏ ရခိုင်ပြည်နယ်မှ အခြေအနေများကို ပြောပြရလျှင်ငိုချင်ပါကြောင်း ၊
ရိုဟင်ဂျာလူမျိုးများအား ကူညီပေးစေလိုပါကြောင်းကို-၃-မိနစ်ခန့် 
အစည်းအဝေး ဆွေးနွေးချက်များနှင့် မည်သို့ မျှ မပါတ်သက်မဆီမဆိုင်ဘဲ
 ပြောဆိုသွားသည် ။
သူပြောပြီးနောက်ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ပြန်ကြားရေးနှင့်ဆက်
သွယ်ရေးမှူးဖြစ်သူ ကိုမောင်ဝင်းစိုးက ချက်ချင်းပင် ဖြေရှင်းကန့် 
ကွက်တင်ပြလိုက်ရသည် ။
  ကိုမောင်ဝင်းစိုးက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးများမရှိကြောင်း ။
သူတို့ လူမျိုးကို ကုလားလို့ ခေါ်ကြောင်း ။ ကုလားဆိုသည်မှာဘင်္ဂလီမူဆလင်
ခေါ်တောများကို ရခိုင်ပြည်နယ်တွင်မှာပါမက မြန်မာနိုင်ငံမှာပါခေါ်ဝေါ်ကြောင်း ။
ယင်းသို့ ခေါ်ဝေါ်ကြခြင်းမှာနှိမ့်ချခေါ်ဝေါ်ခြင်းမဟုတ်ကြောင်း ။ ဘင်္ဂလီမူဆလင်
 ခေါ်တောလူမျိုးများမှာတဘက်နိုင်ငံက ခိုးဝင်လာသောလူမျိုးများသာဖြစ်ကြောင်း ။ အိမ်ရှင်ကိုစော်ကားသူများသာဖြစ်ကြောင်း ။ ဧည့်သည်များမှာ ဧည့်သည်လို မနေဘဲအိမ်ရှင်ကို စော်ကားလာသော ပြသနာများဖြစ်ပါကြောင်း ။
 မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးထဲတွင်
(ရိုဟင်ဂျာ ) ဆိုသောလူမျိုးမှာ မပါကြောင်း ပြောဆိုကြေညာထားပါကြောင်း ( ၈ )မိနစ်ခန့် 
သေသေချာချာ ရှင်းပြသွားခဲ့ သည် ။
 ယင်းသို့ ရှင်းလင်းတင်ပြသည်များကို ( Freedom House ) ဥက္ကဋ္ဌ ( Robert Haman ) က
မှတ်တမ်းတင်ထားမည့်အကြောင်း ပြောဆိုသွားသည် ။
ကိုမောင်ဝင်းစိုး၏ ဖြေရှင်း
ပြောဆိုချက်မှာ ထိရောက်အောင်မြင်သွား၍ လေ့လာရေးခရီးစဉ်တွင်ပါလာသူများက
အထူးအားရနှစ်ထောင်းဖြစ်ကြရသည်ဟု သိရသည် ။
 ယခုလို ရိုဟင်ဂျာပါတီကပါဟု ပြောပြီး လေ့လာရေးခရီးစဉ်တွင် ပြောကြားသော( Wali Ullah ) မှ သူတို့ ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ကာပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်ဟု မိတ်ဆက်ပြောဆိုသွားသည် ။
သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဟုကမ္ဘာကိုတိကျ သေချာစွာ
 ပြောဆိုထားရာ ယခုကဲ့ သို့  အမေရိကပြည်ထောင်စုဝါရှင်တန်ဒီစီမြို့ တွင် လေ့လာရေး
ခရီးစဉ်၌ ယခုကဲ့ သို့ ထုတ်ဖေါ်ပြောဆိုခြင်းကို မည်သို့ မျှ ခွှင့်လွှတ်နိုင်စရာ
အကြောင်းမရှိ ။
လေ့လာရေးခရီးစဉ်များတွင် ပါဝင်ကြသူ အခြားသော ကိုယ်စားလှယ်များကလည်း ၄င်း
(Wali Ullah ) နှင့် ပတ်သက်၍ အထူးစောင့်ကြပ်ကြည့်ရှူနေကြရာ သူကအခြားသူများ
နားမလည်သောကုလားစကားများနှင့်တိတ်တခိုးဖုံးဖြင့်ဆက်သွယ်ပြောနေသည်ကို
 တွေ့ နေရသည်ဟုဆိုသည် ။
Readmore »
ခလုပ်များအလိုအလျောက်ကြွတက်လာမည့် Touch Screen နည်းပညာသစ်
့ယင်းနည်းပညာကို ပြီးခဲ့တဲ့ ဇွန်လဆန်းကတည်းက ထုတ်ဖော်ပြသခဲ့ တာ ဖြစ်ပါတယ်။
 user interface အနေနဲ့ ထိတွေ့ဖန်သားမျက်နှာပြင်အသုံးပြုမှုဟာ အရင်လို မဟုတ်တော့ပဲ ခလုပ်တစ်ခုခုကို နှိပ်တော့မယ်ဆို မျက်နှာပြင်ကနေ ခလုပ်များ အလိုအလျောက် ကြွတက်လာတာမျိုး ဖြစ်ပါတယ်။ အသုံးမပြုတော့ဘူးဆိုရင်လည်း ယင်း ခလုပ်များဟာ အလိုအလျောက် ပြန် နိမ့်ကျပြီး မြေပြင်ညီ ဖန်သားအဖြစ် ပြန်လည်တွေ့မြင် ရမှာ ဖြစ်ပါတယ်။
 ယင်းနည်းပညာကို haptics technology /microfluid technology လို အမည်ပေးထားပြီး သတ္တုများဟာ ယခင် Touch screen ဖန်သားမျက်နှာပြင်လို မာကျောနေမှာ မဟုတ်ပဲ ပျော့ပျော့ ပြောင်းပြောင်း ရှိစေမှာ ဖြစ်ပါတယ်။ အသုံးလိုတဲ့အခါ မျက်နှာပြင်ဟာ Physically ပြောင်း လဲပြီး Button များအလိုလျောက် ခုံးထွက်လာစေ မှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း၊ Tablet, Notebook, PC အစရှိသဖြင့် မော်ဒန် နည်းပညာ ပစ္စည်းများမှာ အစားထိုး အသုံးပြုစေမှာ ဖြစ်ပါတယ်။
 တီထွင်သူ ကုမ္ပဏီကတော့ Tactic Technology ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရုံးဆိုက်ပါတယ်။ ယင်းနည်းပညာကို သတင်းစာရှင်းလင်းပွဲတွေမှာ မိတ်ဆက်ပြသပြီးနောက် မိုဘိုင်းဖုန်း ကုမ္ပဏီကြီးများက စိတ်ဝင်စားလျက်ပါတယ်။ Tactic Technology ရဲ့ ပျော့ပြောင်းပြီး အလိုအလျောက်ကြွတက်တဲ့ Touch Screen မျက်နှာပြင်ကို အောက်ပါလခ့် ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။
____________________________________________________________________________________________
Readmore »
ABSDF မြောက်ပိုင်းကိစ္စ.... တရားစွဲပြီ
၁၉၉၂ ခုနှစ်အတွင်း ABSDF မြောက်ပိုင်း ဌာနချုပ် အတွင်း မတရားညှဉ်းပန်း နှိပ်စက်ခံရင်း သေဆုံးသွားသော ဦးစိန် (ဗဟိုကော်မတီဝင်၊ မှိုင်းရာပြည့် ကျောင်းသားဟောင်း) အတွက် ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာမြို့ နယ်နေ သမီးဖြစ်သူ မစိမ့်စိမ့်သူမှ ယင်း၏ဖခင် သေဆုံးမှုနှင့် ပတ်သတ်၍ သက်ဆိုင်ရာ မြို့ နယ်ရဲစခန်းမှာ ( ပမ-၈၆၉/၁၂) ဖြင့် ဒီလ(၂၀) ရက်နေ့ ကပဲ အမှု့ ဖွင့် တိုင်ကြားလိုက်ကြောင်း သိရပါတယ်။
 အခြားအသတ်ခံရသူ ကျောင်းသားမိသားစုဝင် များကလဲ အမှုဖွင့် သွားကြဖို့  တိုင်ပင်ဆွေးနွေး လျှက်ရှိကြောင်း ထပ်မံ သိရှိရပါတယ်။
_____________________________________________________________
Readmore »
Sep 2, 2012
မြန်မာမိန်းကလေး များ အရှက်တရားနဲ့  အသိတရားရှိဖို့  ပိုမိုလိုအပ်နေပြီ
~~~~~~~~ ဒါဟာ ခေတ်နဲ့ အညီလုပ်တယ်ဆောင်ကြတယ်ဆိုပေမဲ့  ဒီနိုင်ငံဟာ မြန်မာနိုင်ငံပါ။ ယဉ်ကျေးမှူအစဉ်အလာကြီးမာတဲ့ နိုင်ငံပါ အရှက်နဲ့  အသက်ကိုလဲ ကြတဲ့  မြန်မာမိန်းကလေးတွေ အဖို့  အခု လိုပုံသဏ္ဍာန် တွေ ဟာ မြန်မာ့ယဉ်ကျေးမှူကို လွန်ဆန် ဖီကန်ကာ အနောက်နိုင်ငံက ယဉ်ကျေးမှူကို ပုံတူကူးချ နေကြတာကို ၀ိုင်းဝန်း အားပေး အားမြှောက် လုပ်နေကြမယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှူဟာ ၀မ်းနည်းကြေကွဲစာ နဲ့ ပျောက်ကွယ် သွားပါလိမ့်မယ်ဗျာ ။
ယခု ကျင်းပနေ တဲ့  ပွဲတစ်ခုထဲကို မဆိုလိုပါ အခြားသော ရပ်ဝန်းများမှာလဲ ထိုနည်း အတိုင်းပါပဲဗျာ ။ မြန်မာမင်းသ္မီး ၊ မင်းသားများကို လူငယ်မောင်မယ် များက အားကျ ကြတယ်။ အဲလိုပဲ သူတို့  က လဲ အားကျသည်ထက် အားကျအောင်လို့  ခေတ်ဆန်သည်ထက်ပို ဆန်စွာ ၀တ်စားဆင်ယင်မှူများက မပေါ်ရင် ပေါ်အောင်လို့ ပင်ဖော်ပြထားကြလေတော့ည်။ ဒါဟာ မိန်းကလေးတွေအတွက် အလွန် ကြီးမားတဲ့အန္တရာယ်ပါ ဒါကိုသူတို့ လဲ သိပါလျှက်နဲ့  ဒိထက်ပိုပြီး မလုံမလဲဝတ်ဆင်နေတာဟာ အလွန်ပင် မြင်မကောင်းပေ။ မြင်မကောင်းရင်မကြည့်နဲ့ လို့  ပြော ကြလိမ့်မည် ။ မကြည့်လဲ မြင်နေလို့  ပြောလိုက်ရဖြင်းဖြစ်ပါတယ်ဗျာ ~~~~~~။ မြန်မာ့ယာဉ်ကျေးမှူ ကို အမျိုးသားရေး တစ်ရပ်အနေနဲ့ ဝိုင်းဝန်း ထိန်းသိမ်း နိုင်ကြပါစေလို့  ဆန္ဒပြုပါတယ်ဗျာ
 Win Htet Ko
Readmore »
ပုသိမ်NLD ပါတီလက်တွဲဖြုတ်သံနဲ့အတူ ပါတီဝင်တွေ ငိုကြွေးသံ
ပုသိမ်မြို့မှာ နှစ်ပေါင်းများစွာ ထောင်ထဲဝင်လိုက်/လူမုန်းခံလိုက်/ဒုက္ခတွေခံလိုက်နဲ့ NLD ပါတီနဲ့အတူ/ ဒေါ်စုနဲ့အတူ နှစ်ပေါင်းများ စွာ တိုက်ပွဲဝင်လာခဲ့တဲ့ ပါတီဝင်တွေကို ဒေါ်စုတကယ်ပဲ လက်တွဲဖြုတ်လိုက်ပြီလားဗျာ.. ပါပါကြီး ဒီဓါတ်ပုံကိုကြည့်လို့ ၀မ်းနည်းပြီး မျက်ရည်တွေကျနေတယ်ဆိုတာ ယုံပေးကြပါဗျာ...
 သင်တို့တွေလဲ သေသေချာချာခံစားကြည့်ပါ... ယခင်က တရားဝင် ဖွင့်လှစ်ထားတဲ့ စကားဝါလမ်းက မြို့နယ်ရုံးမှာ ပါတီညီလာခံကျင်းပရေးကော်မရှင်ကို မကျေနပ်လို့ အစည်းအဝေးပြုလုပ်ခဲ့တဲ့ အတွက် 31 ရက်နေ့မှာ ပါတီဗဟိုက ကျော်ဟိုးရောက်လာပြီး မြို့နယ်ရုံးကို ပါတီဗဟိုကနေ ထုတ်လိုက်ပြီ.. အသိအမှတ်မပြုတော့ဘူး.. ဒါကြောင့် တိုင်းရုံးမှာ တစ်ပေါင်းတည်း တိုင်း/ခရိုင်/မြို့နယ် ရုံးဖွင့်မယ်ဆိုပြီး တစ်ခါတည်းဆိုင်းဘုတ်တင်လိုက်တယ်. နောက်ပြီး နောက်နေ့မှာ ဒေါ်စုလာမယ်ဆိုတာကို တိုင်းခေါင်းဆောင်ပိုင်း ၂ယောက်လောက်ကို ပဲ အသိပေးခဲ့တယ်...
 ဒါကို တစ်ဘက်ကညီလာခံကျင်းပရေးကို မကျေနပ်တဲ့ ဒေါက်တာ သန်းထိုက်ဦး၊ သန်းဝင်း၊ မြင့်စိုးနဲ့ကျော်လွင် နောက်ပြီး တစ်ခြား အမည်မသိတဲ့ သူတွေနဲ့ ပါတီဝင်(၅၀)ကျော်(၆၀)လောက်က ဒေါ်စုလာတဲ့လမ်းမှာ စောင့်ကြိုပြီး ပုသိမ်ဟိုတယ်ရှေ့မှာ“ အမေစုကို တင်ပြချင်ပါတယ် .. မြို့နယ်ပါတီရုံးကို ကြွရောက် ချီးမြှင့်ပေး ဖို့တောင်းဆိုပါတယ်၊ ဒီမိုကရေစီကို စောင့်ရှောက်သော ဥပဒေကို ပြဌာန်းပေးပါ၊ အမေစု ကျန်းမာပါစေလို့ ” ဆိုင်းဘုတ်တွေကိုင် အော်ဟစ်လို့ရပေမယ့် ဒေါ်စုနောက်ကို လိုက်ပြီး ဟိုတယ်ထဲဝင်မရဘူး..ဒေါ်စုလုံခြုံရေးသမားတွေက တံခါးပိတ်ပစ်လိုက်ပြီ.. ... ဒါပေမယ့် ဇွဲကောင်းတဲ့သားတွေက အမေက သူတို့ကို မပစ်ပါဘူးဆိုပြီး ဆက်စောင့်နေကြတယ်..
နေပူထဲမှာပေါ. အဲဒါနဲ့ ဒေါ်စုမြို့ထဲထွက်တယ်ပေါ့ဗျာ.. အ၀င်ဝမှာစောင့်နေတဲ့ သူတွေကိုတော့ ဒေါ်စုကလက်ပဲပြခဲ့တယ်.. အဲဒါလေးကိုပဲ သူတို့ကိုလက်ပြခဲ့တာကို ကျေနပ်ပြီး ပြုံးပျော်လို့ လက်ခုတ်တွေတီးလို့ (အသံဖိုင် Movie လိုချင်သူများ တောင်းပါ ပေးပါ့မယ်).. အပြန်သူတို့မြို့နယ်ရုံးကို ဒေါ်စုဝင်မယ်ပေါ့. ရုံးကိုပြန်ပြီး သွားပြင်ဆင်ကြနဲ့ ပျော်နေတာ ဒါပေမယ့် သူတို့ မျှော်မှန်းသလိုမဖြစ်တော့ဘူး.. ဒေါ်စု တိုင်းရုံးမှာ စကားပြောမယ် ပြီးရင် ဘယ်မှမပြန်တော့ဘူး..ဟိုတယ်ပြန်မယ်ဆိုတာ ကြိုသိလိုက်ရတော့ အားလုံးကိုစုပြီး ဒေါ်စုအပြန်မှာ စကားဝါလမ်းထိပ်ဘက်ပေါ့.. ကိုးသိန်းအားကစားရုံအရှေ့မှာစောင့်နေခဲ့ကြတယ်၊ အဲချိန်မှာ မိုးရွာနေပြီ မိုးကတအားကို ရွာတာ..ရှေ့တောင်ကောင်းကောင်းမမြင်ရဘူး.. ဒါပေမယ့် ပါတီရုံးမ၀င်ရလဲ အနားကို ကပ်ပြီး စကားတစ်ခွန်းလောက်ပြောခွင့်ရမယ်ဆိုရင် သေပျော်ပါပြီဆိုတဲ့ ဒေါက်တာ သန်းထိုက်နဲ့၊ ဦးသန်းဝင်း၊ မြင့်စိုးတို့ရဲ့စကားနဲ့ ပါတီဝင် (၅၀)ကျော်လောက်တော့ရှိမယ် စုပြီး မိုးရွာထဲ ထိုင်စောင့်ကြတာပေါ့.. အဲလာပါပြီဗျာ.
သူတို့ချစ်တဲ့အမေစု ကားတန်း. ချက်ချင်းကားတန်းကို ၀ိုင်းလိုက်ပြီး အမေစုကို မေးမယ်ပေါ့.. ဒါပေမယ့် သူတို့ချစ်တဲ့ အမေစုက သူတို့ကို မှန်ပိတ်ထားတယ်ဗျာ... ဒါပေမယ့် ကားတန်းထွက်ခါနီးမှာစကားတစ်ခွန်းကိုတော့ မှန်ချပြီးပြောခဲ့တယ်.. အမှန်အတိုင်း ဖြစ်စေရပါမယ်တဲ့.. (ဘာကို ဆိုလိုခဲ့တာပါလဲ) အမေစုကိုချစ်တဲ့ ပါတီဝင်တွေ သူတို့မှာလဲ တင်ပြပိုင်ခွင့်မရှိတော့ဘူးလား.. ကို့ပါတီဥက္ကဌကို အမှန်/အမှား တစ်စုံတစ်ရာ မတင်ပြရတော့ဘူးလားဗျာ.. မိုးရွာထည်းမှာ စောင့်နေတာကို ဒီလိုပဲ မျက်နှာလွှဲခဲ့တော့တော့မှာလား... ဘယ်လောက်ရင်နာစရာကောင်းလိုက်သလဲဗျာ.. နှစ်ပေါင်းများစွာ NLD ပါတီနဲ့အတူ လက်တွဲလာခဲ့တဲ့ သူကို ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ.. အဲဒီ့ကားတန်းကိုတားပြီး ပါတီဝင်ကိုမြင့်စိုးက အမေစု ကျွန်တော်တို့ တင်ပြပိုင်ခွင့်မရှိတော့ဘူးလား.. အမေစုကျွန်တော်တို့ကို မယုံတော့ဘူးလားဆိုတဲ့ အက်ကွဲတဲ့ ငိုကြွေးသံကို ကျွန်တော့်နားထဲ အခုထိ ကြားနေတုန်းဗျာ.. အဲဗျာ စုကြည်မ ဘော်ဒီဂတ် ကောင်က ဘာပြောတယ်မှတ်လဲ ဟေ့ကောင်အခုမှ လာလွမ်းပြမနေနဲ့ မင်းတို့အကြောင်းကို ကိုဝင်းမြင့်(လွှတ်တော်ကိုယ်စားလှယ်)က ပြောပြီးပြီကွ..
ကိုမြင့်စိုးက အေး အဲကောင်ဘာပြောတာလဲ..“ငါက ထောင်အကြိမ်ကြိမ်ကျခံပြီး လုပ်နေတာဟေ့ကောင်မင်းမှတ်ထား.. ငါနေရာဝင်ယူနေတာ မဟုတ်ဘူး မင်းတို့သာ အလကားကောင်တွေလို့” ပြောပြီး တောက်ခေါက်လိုက်တဲ့ အသံဟာ ကျွန်တော့်နားထဲ မိုးချိန်းလိုက်သလိုပဲဗျာ.. တော်တော်ခံစားချက်ပြင်းသွားတာနဲ့တူပါတယ်.. ဒါနဲ့ပဲ ကိုမြင့်စိုးလဲ နောက်ကိုလှည့်ထွက်သွားတယ်.. ကျန်တဲ့သူတွေလဲ ဘာပြောရမှန်းမသိတော့ဘူး.... အားလုံးမျက်နှာတွေပျက်ပြီး စိတ်မကောင်းဖြစ်သွားကြပြီ...ကျွန်တော်လဲ တော်တော်လေးစိတ်မကောင်းဖြစ်သွားပြီးတော့ ကင်မရာလေး အသာပိတ်ပြီး အိမ်ကိုပဲပြန်ခဲ့ပါတယ်.. ကောင်းကြသေးရဲ့လားဗျာ. ခင်ဗျားတို့မယုံဘူးဆိုရင် သွားမေးကြည့်ကြပါ.. ပါပါကြီးအပိုတွေမပြောပါဘူး. ဒီပို့လေးတစ်ခုကို ပါပါကြီး ရင်နဲ့ခံစားပြီး ရေးနေတာဗျာ.. ..
 ရေးနေရင်းနဲ့လဲ ခံစားရတယ်.. ဒေါ်စုက တကယ်ပဲ ဒီလိုလူတွေကို လက်တွဲဖြုတ်လိုက်ပြီလား.. အခုဆို အဲဒီ့လူတွေအားလုံး မစားနိုင်မသောက်နိုင်နဲ့ ပါပါကြီးနဲ့ 12 နာရီကမှ လမ်းခွဲခဲ့တာပါ.. သူတို့လဲ မျက်ရည်တွေနဲ့ လေ.. ဒါပေမယ့် ချီးကြူးဖို့ကောင်းတာတော့ သူတို့ချစ်တဲ့ အမေစုကိုတော့ သူတို့ မမုန်းပါဘူးတဲ့.. ဒါပေမယ့် အရမ်းခံစားနေရပြီတဲ့ အမေစု ဒီလို လုပ်ရက်လိမ့်မယ်လို့ မထင်ခဲ့မိဘူးတဲ့ဗျာ.. ... ... .. ပါပါကြီးကတော့NLD ပါတီရဲ့ရှေးရေးကိုတွေးရင်းတွေးရင်း ကြေကွဲရင်းကြေကွဲရင်း မျက်ရည်တွစို့နေမိပါတော့.. ...တယ်..
Readmore »
ABSDF စတင်မွှေးခဲ့တဲ့ ရိုဟင်ဂျာဆိုတာမြန်မာ စာတမ်း ဘာကြောင့်လုပ်ခဲ့လဲ ဖြေပေးကြပါ
အခု ပြည်တွင်းကို မကဒတ (ABSDF) က ခေါင်းဆောင်ဆရာကြီးများ လူစုံတက်စုံနီးပါး ပြန်ရောက်ချိန်မှာ မေးခွန်းငါးခုလောက် မေးချင်ပါတယ်..။ အဲဒီမေးခွန်းတွေကို မေးပေးဖို့ ပြည်တွင်းက မျိုးချစ်စိတ်ရှိတဲ့ တိုင်းရင်းသားသတင်းထောက်များကို တောင်းဆိုပါတယ်..။
 ၁၉၉၂ ခုနှစ် ဇွန်လ ၇ ရက်နေ့ ရက်စွဲနဲ့ ABSDF-ဗဟို (သုတေသနဌာန) က စာမျက်နှာ ၄၉ မျက်နှာပါတဲ့ Rohingya (Researched by ABSDF) ဆိုတဲ့ စာတမ်းတစ်စောင်ထွက်ပေါ်ခဲ့ပါတယ်.။
 အဲဒီစာတမ်းဟာ INGO တွေနဲ့ UNGO တွေဆီ ပျံ့နှံ့သွားပြီး ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဘင်္ဂလီနွယ်တစ်စုဟာ ရိုဟင်ဂျာအဖြစ် ကမ္ဘာက အသိအမှတ်ပြုခံခဲ့ရကာ .. ကမ္ဘာ့အလယ်မှာ မြန်မာပြည်ကဌာနေသနားစရာ လူမျိုးစုအဖြစ် စာရင်းဝင်သွားခဲ့ပါတယ်..။ အဲဒါရဲ့ အကျိုးသက်ရောက်မှုအဖြစ်.. ယခု နှစ်နှစ်ဆယ်တိတိ (၇-၆-၂၀၁၂) အချိန်မှာ ရခိုင်အရေး ကြီးကျယ်စွာ ဖြစ်ပေါ်လာပြီး လူဝင်မှုကိစ္စတွေအပေါ်မှာ ဘာသာရေး/လူမျိုးရေး ရှုထောင့်မှ ထင်မြင်ချက်များ ဖြစ်ပေါ်လာက ရခိုင်ရဲ့ ဘူးသီးတောင်၊ မောင်တောကနေ ရခိုင်တိုင်းရင်းသားများပြောင်းရွှေ့သွားတဲ့ ဖြစ်စဉ်တွေဖြစ်ပေါ်လာနေပါတယ်..။
 လူဝင်မှုကိစ္စတွေဟာ အစိုးရရဲ့ အသုံးမကျမှုကြောင့်ဖြစ်ပေမယ့် ဘင်္ဂလီနွယ်ကို ရိုဟင်ဂျာအဖြစ် တဖန်ပြန်အသက်သွင်းခဲ့ပြီး ပြည်ပမှ Push လုပ်ခဲ့တဲ့ကိစ္စဟာလည်း တာဝန်အရှိဆုံးကိစ္စဖြစ်ပါတယ်..။ အဲဒါကြောင့် ပြည်တွင်းရောက်ရှိနေတဲ့ ABSDF ခေါင်းဆောင် ဆိုသူများကို...။
 (၁) ထိုစာတမ်းကို ဘယ်သူတွေ ဦးဆောင်ပြီး ရေးသားပြုစုခဲ့ပါသလဲ..။
 (၂) ထိုစာတမ်းကို ဘယ်သူတွေက ဖိအားပေး ရေးသားခိုင်းခဲ့ပါသလဲ..။
 (၃) ထိုစာတမ်းကို ရေးသားရခြင်း အကျိုးသက်ရောက်မှုအဖြစ် ABSDF အနေဖြင့် မည်သည့်အကူအညီများ ရရှိခဲ့ပါသလဲ..။
 (၄) ထိုစာတမ်းကို ရေးသားခဲ့သူများရဲ့ ထိုအချိန်က ခံယူချက်၊
 (၅) ထိုအချိန်က ပါဝင်ပတ်သက်နေသူများထဲမှာ ပြည်တွင်းရှိ အတွင်းစည်းအထိ ပေါက်ရောက်နေသော ABSDF အဖွဲ့ဝင်ဟောင်းများ ပါဝင်ခဲ့ခြင်းရှိ/မရှိ။ အစရှိသည်တို့ကို ရဲရဲဝံ့ဝံ့ မေးမြန်းပေးကြပါလို့..... ပြည်တွင်း သတင်းထောက်များကို တောင်းဆိုပါတယ်..။ ကိုယ့်နိုင်ငံအရေး၊ ကိုယ့်တိုင်းရင်းသားများအရေးအတွက် ကိုယ့်အမှားကိုယ် တာဝန်ယူနိုင်ကြပါလို့ ဆန္ဒပြုရင်း...။
by:ငရဲသား
______________________________________________________________________
Readmore »
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ