Sep 1, 2012

NLD ပါတီအပေါ် အယုံအကြည် မရှိသဖြင့် ပြည်ခိုင်ဖြိုး ပါတီသို့ ပြောင်းကြလေပြီ

သြဂုတ်လ ၁၈ ရက် ၀၉၀၀ ချိန်မှ ၀၉၃၀ ချိန်ထိ ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုး ပါတီ ရုံးအစည်း အဝေး ခန်းမတွင် NLD ပါတီမှ ပြည်ခိုင်ဖြိုး ပါတီသို့ ပြောင်းရွှေ့ သူများ၏ ပါတီဝင်လျှောက်လွှာများ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနှင့် ခရိုင်/ မြို့နယ် အလုပ် အမှုဆောင်များ၊ NLD ပါတီမှ ကိုယ်စားလှယ် ဦးအောင်ခ ပါ(၂)ဦး၊ စုစုပေါင်း (၁၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အခမ်း အနားတွင် NLD ပါတီမှ ပြည်ခိုင်ဖြိုး ပါတီသို့ ပြောင်းရွှေ့ လာသည့် ပါတီဝင် (၆၇) ဦး၏ ပါတီဝင် လျှောက်လွှာများအား ဦးအောင်ခမှ ပေးအပ်ရာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေမှ လက်ခံ ရယူခဲ့ကြောင်း၊ ယင်းနောက် ဦးလှဆွေမှ အခမဲ့ ပညာဒါန ကျောင်းသို့ ငွေကျပ် (၃၅ဝ,ဝဝဝ)ကျပ် ပေးအပ်ရာ ဦးအောင်ခမှ လက်ခံရယူခဲ့ကြောင်း၊ အခမဲ့ပညာ ဒါနကျောင်းတွင် နဝမတန်းနှင့် ဒသမတန်း ကျောင်းသား/သူ စုစုပေါင်း (၅၇)ဦးခန့် ရှိပြီး ဆရာ/ဆရာမ (၉) ဦး တို့မှ ကျောင်းချိန် ပြင်ပတွင် ဘာသာရပ် ဆိုင်ရာများအား အခမဲ့ သင်ကြား ပေးခြင်း ဖြစ်ကြောင်း၊ ယနေ့ ပြည်ခိုင်ဖြိုး ပါတီသို့ ပြောင်းရွှေ့ လာသည့် NLD ပါတီမှ ဦးအောင်ခသည် ဂန့်ဂေါ မြို့နယ်တွင် NLD ပါတီ ဖွဲ့စည်း တည်ထောင်ရန် အတွက် စတင် ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း၊ ဦးအောင်ခနှင့် ပါတီဝင် (၆၇) ဦးတို့သည် NLD ပါတီအပေါ် အယုံအကြည် မရှိသဖြင့် NLD ပါတီမှ နှုတ်ထွက်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ