Aug 26, 2012

သတင်းဦးတိုင်း သတင်းထူးတိုင်း ပြသင့်သလား

ပြည်ချစ်သား သိတာကတော့ သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ဘယ်လို အကျိုးရှိမလဲ (ဒါမှမဟုတ်) ဘယ်လို အပြစ်ရှိမလဲ .. အဓိက ကတော့ အကျိုးနဲ့ အပြစ်ကို ချိန်ဆကြည့်ရ ပါမယ်။ ဂါဒီယန် ဦးစိန်ဝင်းရဲ့ ၁၉၉၃ ခု ၊ နိုဝင်ဘာလထုတ် "စတုတ္တမဏ္ဍိုင် နှင့် ဂါဒီယန် သတင်းစာ" စာအုပ်ပါ သတင်းတစ်ပုဒ် ဖော်ပြခဲ့တဲ့အတွက် သတင်းလောက သာမက သတင်းပေးသူနဲ့ သတင်းရနိုင်ရာ ဌာနများကပါ အယုံအကြည် ကင်းမဲ့ခဲ့တယ် ဆိုတာကို ဆရာကြီးက .. "ဗမာ့တပ်မတော်က တရုတ်ဖြူ စစ်ဆင်ရေးများ ဆင်နွှဲ နေစဉ်အချိန်မှာ သတင်းစာကြီး တစ်စောင်က အယ်ဒီတာ တစ်ဦး စစ်သတင်းလိုက်ယူတယ်။ သတင်းစာနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ တပ်မှူးတစ်ဦးက အယ်ဒီတာကို ယုံယုံကြည်ကြည်ဖြင့် တိုက်ပွဲ အခြေအနေနဲ့ စစ်ဆင်ရေး အစီအစဉ် တွေကို ပြောပြခဲ့တယ်။ ဒါကြောင့် အယ်ဒီတာက မိမိကို ယုံယုံကြည်ကြည် ပြောပြတဲ့ စစ်ဆင်ရေး သတင်းများကို သတင်းဦးအနေနဲ့ သတင်းစာတိုက်ကို ရေးပို့ခဲ့တယ်။ အဲဒီ သတင်းဦးဟာ အလွန်ကောင်းသော သတင်းတစ်ပုဒ် ဖြစ်ခဲ့တယ်။ ၄င်းသတင်း ထွက်ပေါ်လာချိန်မှာ သတင်း၌ ဖော်ပြထားသော စစ်ဆင်ရေးအတိုင်း တရုတ်ဖြူများကို မတိုက်သေးချေ။ ချီတက်ရုံသာ ရှိသေးတယ်။ အဲဒီသတင်းကို တရုတ်ဖြူတို့က သိသွားခဲ့သော် ဗမာတပ် တစ်တပ်လုံး ပြုတ်နိုင်ရုံသာမက စစ်ဆင်ရေးကြီး တစ်ခုလုံးလည်း ကမောက်ကမ အခြေအနေကို ရောက်သွားနိုင်တယ်။ ယုံယုံကြည်ကြည် သတင်းပြောမိခဲ့တဲ့ တပ်မှူးလည်း စစ်ခုံရုံးကို အတင်ခံရမလား မသိခဲ့ပါ။ သတင်းစာ သမားတစ်ဦး စောင့်စည်းရမယ့် သိက္ခာ ကျင့်ဝတ်ကို မစောင့်စည်း ခဲ့တဲ့အတွက် ဗမာ့ တပ်မတော် တစ်ခုလုံး ပြုတ်မတတ် ဖြစ်ခဲ့ရပြီး တပ်မှူးလည်း စစ်ခုံရုံး အတင်ခံ ရမတတ် ဖြစ်သွား ခဲ့တယ် ....." လို့ ရေးသားခဲ့ပါတယ်။ ဒါကြောင့် သတင်းတစ်ခု ပေါ်ပေါက်လာရင် ဒိုးဒိုးဒေါက်ဒေါက် ရေးချရုံနဲ့ မပြီး ။ အဲဒီသတင်းနဲ့ သက်ဆိုင်တဲ့ နောက်ကြောင်းသမိုင်းနဲ့ နောက်ခံ အချက်အလက်များကိုလည်း သိထားရပါမယ်။ ခုဆိုရင် လက်ရှိ ထုတ်ဝေနေသော ဂျာနယ် ၊ မဂ္ဂဇင်း စာစောင်များနဲ့ ထုတ်/တင် စနစ်သို့ ပြောင်းလဲရန် ကျန်ရှိနေသော သတင်းဂျာနယ် နှင့် ဘာသာရေးစာစောင်များ အပါအ၀င် တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ်အားလုံးကို သြဂုတ်လ ၂၀ ရက်နေ့ ကစပြီး ထုတ်/တင် စနစ်သို့ ပြောင်းလဲ လိုက်တဲ့အတွက် သတင်းမီဒီယာ သမားများ အနေဖြင့် ပြည်ထောင်စုကြီး မပြိုကွဲစေရေး ၊ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်မှု မပြိုကွဲစေရေး ၊ နိုင်ငံ့ အချုပ်အခြာအာဏာ အဓွန့်ရှည် တည်တံ့ခိုင်မြဲ စေရေး တို့အတွက်ပါ ရှေးရှုပြီး သတင်းမှန် ရေးသားကြပါလို့ ပြည်ချစ်သားက အကြံပြု ရေးသားလိုက်ရ ပါတယ်။
http://pyichittarr.blogspot.com/2012/08/blog-post_23.html
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ