Aug 30, 2012

မိုးသီးဇွန် နဲ့ ABSDF ဘာလဲ ဘယ်လဲ??? ( 2 )

မေးတာလွယ်သလောက် ဖြေရခက်တဲ့ မေးခွန်းတခုကတော့ "တတိယ-နိုင်ငံရောက် တောခိုကျောင်းသားတွေ အခု ဘာတွေလုပ်နေကြသလဲ" ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ 

 အသေချာသုတေသနလုပ်ပီး ထုတ်ပြန်ထားတဲ့စာရင်းဇယားဆိုလို့ တစ်ခုမှ မရှိပါဘူး။ တတိယနိုင်ငံရောက် ဒုက္ခသည် ၅-သောင်းကျော်ထဲမှာ ၈၈-က တောခိုခဲ့တဲ့ကျောင်း သား ၃-ထောင် ကျော် ရှိပါတယ်။ တကယ်တော့ ABSDF ဆိုတာ ဒုက္ခသည်တွေ အများဆုံး မွေးထုတ်ပေးရာ နေရာဖြစ်ပါတယ်။ ဒီနေ့ ဒုက္ခသည်ဘဝကနေ တတိယနိုင်ငံရောက်ကြီး အထောက်အပံ့တွေ တောင်းစား ချမ်းသာ နေသူအများစုက ABSDF က ဖြစ်ပါတယ်။

 အဲဒီထဲက အဆင်ြ့မင့်ပညာ ဒေါက်တာ ဘွဲ့နဲ့ မဟာဘွဲရသူ အယောက် ၃၀-မရှိပါဘူး။ ကျောင်းသား ၃ ထောင်မှာ မဟာ ဘွဲ့ရသူ ၃၀ မရှိဘူးဆိုကတည်းက ကျောင်းသားတပ်မတော်က ကျောင်းသားတွေက ဘယ်လိုကျောင်းသားတွေလဲ ဆိုတာ သိနိုင်ပါတယ်။ ABSDF ထဲကို စဝင်တုန်းကတော့ မြန်မာအချင်းချင်း အနိမ်ခံရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ခဲ့ကြပါတယ်။ ABSDF ထဲ ရောက်ပြီးချိန်ကစပြီး ထိုင်းရဲက နှိမ်လိုက်၊ လူဟောင်းတွေ ရှေ့လူတွေက နှိမ်လိုက်၊ တတိယ နိုင်ငံရောက်တော့လည်း နော်ဝေရဲ၊ အော်စတြေးလျ ရဲတွေက မဖမ်းအောင် ဒူးထောက်တောင်းပန်မတတ် အနှိမ်ခံရပြန်ပါတယ်။

 ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော် ၃-ကျိပ်ဦးဆောင်တဲ့ ဗမာ့လွတ်မြောက်ရေးတပ်မတော်မှအပ 
 အဲဒီနောက်ပိုင်းတောခိုခဲ့တဲ့ဗမာ ပြည်ကွန်မြူနစ်ပါတီ။ ပြည်ချစ်လွတ်မြောက်ရေးတပ်ဦး။ ကျောင်းသားတပ်မတော်နဲ့ လူမျိုးစုတပ်ဖွဲ့ အ သီးသီးဟာ အခုချိန်ထိ အောင်ပွဲနဲ့အတူ အိမ်ပြန်နိုင်တာမျိုး တဖွဲ့မှ မရှိပါဘူး။ လူတွေကပဲ အရေအချည်းမရှိတာလား၊ ခေါင်းဆောင်တွေကပဲ ညံ့တာလား၊ လုပ်ဆောင်မှုတွေကပဲ မှားယွင်းနေတာလား ဆိုတာ အသေအချာ မပြောနိုင်ပါဘူး။ အဲဒီအချက်တွေ အားလုံးလည်း ဖြစ်နိုင်ပါတယ်။ ထိုင်နိုင်ငံဝန်ကြီးချုပ်အသစ်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ကလည်း သိပ်ကောင်းနေတော့ နယ်စပ်က အဖွဲ့တွေလည်း တစ်ဖွဲ့မှ အခြေအနေမကောင်းတော့။ ဒိုနာတွေ (အလှူရှင်) ကလည်း နယ်စပ်က အဖွဲ့တွေ အားလုံးကလည်း နယ်စပ်ကအဖွဲ့တွေကို မပေးတော့ဘူးလို့ သိရပါတယ်။ တတိရနိုင်ငံရောက် ABSDF အဖွဲ့ဝင် တွေကတော့ နိုင်ငံအတွက်၊ လူမျိုးအတွက်တွေ ဘာမှ သတိမရတော့ပါဘူး။ ဒုက္ခသည်စခန်းကလူတွေ။



 မြန်မာနိုင်ငံထဲကလူတွေက နိုင်ငံခြားထွက်ချင်လို့ အသဲအသန် ကျိုးစား နေကြချိန်မှာ တတိယ-နိုင်ငံရောက်ပီးမှ အားလုံးကိုစွန့်ပီး မြန်မာပြည်ပြန်မယ်ဆိုတဲ့လူတွေက လူမိုက်တွေသာ ဖြစ်ကြကြောင်း၊ နိုင်ငံအတွက်တွေ၊ တိုင်းပြည်အတွက်တွေ မေ့ထားပြီး အခွင့်အရေးရတုန်းမှာ ကောင်းကောင်း ယူကြဖို့ ဆန္ဒရှိနေကြပါတယ်။ အဆိုးဆုံးကတော့ ABSDF ဆိုရင် နာမည်ကောင်း တစ်ခုမှ မရှိပဲ နာမည်ပျက်တွေ များနေသလို၊ ဘယ်သူမှလည်း အထင်မကြီးကြပါဘူး။ အထင်မကြီးချင်လည်း မကြီးချင်စရာပါပဲ တော်တော်များများ က အချင်းချင်းကိုက်ဖို့လောက်စဉ်းစားနေကြသူတွေပါ။ ဘာမှလည်းလက်တွေ့လုပ်ဖို့မစဉ်းစားတတ်ကြသလို၊ ဘာမှလည်း အရည်ချင်းရှိရှိ မလုပ်တတ်ကြပြန်ပါဘူး။ အထူးသဖြင့် တတိယနိုင်ငံတွေမှာ ရောက်ပြီးအလုပ်မရှိအလုပ်ရှာ၊ အရက်သောက်၊ မုန့်ရှု၊ သူများမယားကြာခို၊ လင်ရှိမယားတွေက ဖောက်ပြန်၊ အားမရရင် ကိုယ့်အထုတ်ကိုကိုယ် အင်တာနက်ကနေဖြေကြ။ ABSDF ရဲဘော်ဟောင်းတွေအချင်းချင်းတည့်တာရှားတယ်။ အားလုံးဆရာကြီးပဲ။ ဗိုလ်တွေကြီးပဲ။

ပညာလည်းဟုတ်တိပတ်တိမသင်၊ အလုပ်လည်းကောင်းကောင်းမလုပ်၊ ကြာလာတော့ လူထုတစ်ရပ်လုံးက ABSDF ရဲဘော်တွေဆိုရင် ရွံ့ရှာစရာ၊ စက်စုတ်စရာ လို့ သိလာကြပါတယ်။ သိသာသိစေ မမြင်စေနဲ့ စကား ရှိပေမယ့် ABSDF အဖွဲ့ဝင်အားလုံး မဆင်ချင်ကြပါဘူး။ ဒါပေမယ့် အားလုံးကတော့ ကိုယ့်ကိုကိုယ်ဟုတ်လားပြီထင်နေကြပါတယ်။ ဒီလိုနဲ့ပဲ သမိုင်းတွေက မကောင်း၊ အနာဂတ်တွေက အစွန်းရောက်ဖြစ်ကုန်ပါတယ်။ အသက်တွေကလည်း အားလုံး ၅၀ နီးပါးကပ်နေပြီ။ နောက် ၁၀ နှစ်ဆိုရင် ပင်စင်ရကြတော့မှာ ပါ။ တတိယ အရွယ်ရောက်နေကြပေမယ့် ဘယ်သူမှ တရားမပေါက်ကြပါဘူး။ သူတို့သားသမိးတွေနဲ့ ဘေးနားက လူငယ်တွေက အတုခိုးမှ အနာဂတ်ပါ ဒုက္ခရောက်ကြရပါအုံးမယ်။ နိဂုံးချုပ်ရရင်တော့ ဒီနေ့ နာမည်ပျက်တွေနဲ့ ABSDF ကို ဘယ်မျိုးဆက်သစ်မှ အတုမယူကြပါနဲ့။ ABSDF ထဲကနေ တတိယ နိုင်ငံရောက် လူ သုံးထောင်ကျော်ထဲမှာ ထွန်းပေါက်သွားတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ လူမွှေးလူတောင် မပြောင်တဲ့ လူတွေကတော့ အကုန်ပါပဲ။

 တတိယနိုင်ငံကို နေထိုင်ဖို့ အခွင့်အရေး အရဆုံးက ABSDF ဖြစ်ခဲ့ပေမယ့် ABSDF ဟာ အရင်တုန်းကလည်း လူထုကောင်းအောင် ဘာမှ မလုပ်ခဲ့ပါဘူး။ အခုလည်း ဘာမှ လုပ်မနေကြပါဘူး။ နောက်နောင်လည်း သူတို့ဘဝ နဲ့ မိသားစုအတွက် လုပ်ရင်း သေကြမယ့်လူတွေချည်းပါ။ ရဲဘော်သုံးကျိတ် ပြည်ပကနေ အပြည်မှာ လူထုတစ်ရပ်လုံးက ပန်းကုံးစွပ် ကြိုဆိုခဲ့ကြပေမယ့် ကျောင်းသားတပ်မတော်သားတွေ ပြည်ပကနေ ပြန်လာရင်တော့ ပန်းခွေစွပ်ချင်တဲ့ ပြည်သူတွေ အများကြီးက စောင့်နေလျှက် ရှိကြောင်းပါ။

 အရှက်တရားလုံးဝ မရှိ၊ အဆင့်တန်းမရှိ ဆဲဆို၊ ဦးသိန်းစိန်ကို ဖိနပ်နဲ့ပေါက်၊ နိုင်ငံကို အရှက်ကွဲအောင် လုပ်ပြီး ဒေါ်လာ ယူသွား သူများကို စက်တင်ဘာ (၁) ရက်၊ မနက် (၈) နာရီ၊ ရန်ကုန်လေဆိပ်ရောက်မည်။ ဒီလိုလူမျိုးတွေကို ဂုဏ်ပြုကြိုဆိုသင့်သလား.... တန်ပြန် သင်ခန်း စာပေး သင့်သလား... နောင်လာနောင် သားတွေ အတု ယူ မမှားဖို့ တာဝန်ကျေလို သူများ မနက် (၇) နာရီခွဲတွင် လေဆိပ်၌ စုမည်။ သမ္မတကြီး ဦးသိန်းစိန် နှင့် နိုင်ငံသိက္ခာအတွက် မည်သည့် ဘက်တော်သား မဆို ဖိတ်ခေါ်သည်။ အင်္ကျီအနီဝတ်ခဲ့ပါ။ ဆင်ကြယ်ဖိနပ် စီးလာပါ။
______________________________________________________________ 

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ