Aug 27, 2012

နိုင်ငံတကာဟက်ကာများ၏ တိုက်ခိုက်မှု တရုတ်အကူအညီပေးမည်

ပြည်တွင်း ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုကို နည်းပညာ အကူအညီ ယူ၍ ဖြေရှင်းပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် ပြည်တွင်းဝက်ဘ်ဆိုက်အချို့ကို ပြည်ပမှ ဟက်ကာအချို့ မကြာခဏ တိုက်ခိုက်ခဲ့ကြပြီး Data ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။


 “အင်တာနက်မြန်နှုန်းတွေ ကောင်းမွန် လာတာနဲ့ ဆိုက်ဘာ တိုက်ခိုက်မှု ပြန်ဖြစ်လာတယ်။ တိုက်ခိုက်ခံရတဲ့ ဝက်ဘ်ဆိုက် တော်တော်များများက အစိုးရဝက်ဘ်ဆိုက်တွေ များပါတယ်။ နောက်ပိုင်း ဒီလိုတွေ ဖြစ်နေမယ် ဆိုတော့ နည်းပညာ အကူအညီယူပြီး ကာကွယ်သွားမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။


နည်းပညာအကူအညီကို တရုတ်နိုင်ငံမှ အဓိကထား ယူသွားဖွယ် ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အင်တာနက်မြန်နှုန်း မြင့်မားလာပါက အင်တာနက် လုံခြုံရေးအတွက် အကူအညီပေးမည်ဟု ပြောကြားထားခဲ့ဖူးကြောင်း ၎င်းက ဆက်လက်ပြောသည်။ “နိုင်ငံတော်တော်များများလည်း ဒီလိုတိုက်ခိုက်မှုတွေ ရှိပါတယ်။ ကိုယ့်နိုင်ငံဆိုပြီး သီးသန့် ဖြစ်နေတာတော့ မဟုတ်ဘူး။ လက်ရှိအချိန်အထိတော့ ထိခိုက်ဆုံးရှုံးမှု သိပ်မရှိသေးပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အစိုးရဆိုက်ဘာ တိုက်ခိုက်ခံရမှုမှာ -
၂၀၁၂ ခုနှစ် ဇွန်လ၌ တစ်ကြိမ်၊
၂၀၁၂ ခုနှစ်  သြဂုတ်လတွင် တစ်ကြိမ် ဖြစ်သည်။



ပထမအကြိမ် တိုက်ခိုက်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဟက်ကာများက ပြုလုပ်ခဲ့ပြီး ပုဂ္ဂလိက ဝက်ဘ်ဆိုက်အချို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
 ဒုတိယအကြိမ် တိုက်ခိုက်မှုကို မလေးရှား၊ အင်ဒိုနီးရှား၊ အမေရိကန်နှင့် အခြားအမည်မသိ နေရာအသီးသီးမှ ဟက်ကာများ ပြုလုပ်ခဲ့ပြီး မြန်မာ့အကောက်အခွန် ဝက်ဘ်ဆိုက်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။



 ယင်းတိုက်ခိုက်မှုများတွင် သက်ဆိုင်ရာ ဝက်ဘ်ဆိုက်စောင့်ကြည့်မှု၊ ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့မှ ကြိုတင် သတိပေးမှုကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာ ရှိခဲ့သည်။
________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ