Aug 26, 2012

ရခိုင်ပြည်နယ် အရေးသည် ပြည်တွင်းရေး ပြဿနာသာဖြစ်ဟု သမ္မတကပြော

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခသည် နိုင်ငံတော် အစိုးရက စနစ်တကျ ကိုင်တွယ်ဖြေရှင်း လျက်ရှိသည့် ပြည်တွင်းရေး ပြဿနာတစ်ခုသက်သက်သာဖြစ်ပြီး ဒေသတွင်းပြဿနာနှင့် နိုင်ငံတကာပြဿနာတစ်ရပ် မဟုတ်ဟု သမ္မတဦးသိန်းစိန်က ယခုလ ၂၀ ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။


 သဝဏ်လွှာတွင်= နိုင်ငံတော် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ အစ္စလာမ်ဘာသာနှင့် အခြားဘာသာ အသီးသီးမှ ဘာသာရေး ခေါင်းဆောင်များ၊ သက်ဆိုင်ရာဒေသရှိ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့အစည်း အသီးသီးတို့မှ လူပုဂ္ဂိုလ်များ၏ အကူအညီကိုလည်း ရယူဆောင်ရွက်လျက် ရှိပါသည်ဟု ဖော်ပြထားသည်။ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခပြေငြိမ်းရေးနှင့် စပ်လျဉ်း၍ ပြည်သူလူထုအတွက် အထောက်အပံ့ ဖြစ်စေမည့် အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်များ၊ နည်းလမ်းများ မျှဝေပေးမှုကိုလည်း အလေးထား လက်ခံ၍ သုံးသပ်ဆောင်ရွက်ပေးလျက် ရှိပါသည်ဟု ဖော်ပြထားသည်။ ကွဲပြားခြားနားသော ယုံကြည်ကိုးကွယ်မှုများ၊ အမျိုးမျိုးသော ဘဝနေထိုင်မှုပုံစံများ၊ နောက်ခံ အကြောင်းတရားများဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု ယုံကြည်သည်နှင့်အညီ ရေရှည်စည်းလုံး ညီညွတ်မှု၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျက်ရှိကြခြင်းကို အမျိုးသားရေး စရိုက်လက္ခဏာ တစ်ရပ်အဖြစ် နိုင်ငံတော်အစိုးရက ဖော်ဆောင်သွားပါမည်ဟု ဖော်ပြထားသည်။ ထို့ပြင် မတူကွဲပြားသော ဘာသာဝင်များနှင့် အမျိုးမျိုးသော မျိုးနွယ်စုများအကြား ပဋိပက္ခဖြစ်ပွားပါက နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဦးတည်ရာလမ်းကြောင်းတို့ကို အနှောင့်အယှက်ပြုကြောင်း သတိပြု၍ အလေးထားအရေးယူ ဆောင်ရွက်လျက် ရှိပါသည်ဟု ဖော်ပြထားသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ပြည်တွင်းပြဿနာကို ပြည်တွင်း၌သာ အတူတကွ ဝိုင်းဝန်းပူးပေါင်း၍ ခိုင်မြဲသော အဖြေတစ်ရပ် ရှာဖွေဆောင်ရွက်ပြီး လေးနက်သော ရည်ရွယ်ချက်၊ စေတနာတို့ဖြင့် တည်ငြိမ်အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည် ဟု ဖော်ပြထားသည် ။

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ