Sep 1, 2012

ကေအိုင်အေနဲ့ ဧရာဝတီတို့ပေါင်းပြီး သတင်းမှားဖြန့်ပြီ

သြဂတ်လ ၂၉ ရက်နေ့က ဖားကန့်မြို့နယ် ဝေအောင်ကုမ္မဏီဝင်း ပေါက်ကွဲမှူကြီးမှာ ဧရာဝတီသတင်းဌာနမှနေပြီး ကေအိုင်အေနှင့် စစ်တပ်တို့တိုက်ပွဲဖြစ်ပွါးရာမှာ လက်နက်ကြီးကျည်များကြောင့် စက်ရုံယမ်းပေါက်ကွဲမှူဖြစ်ပွါးသည်ဟု လည်းကောင်း ၊စစ်တပ်ဘက်မှ ၇၀ ကျော်ကျဆုံးသည်ဟု လည်ကောင်း ရုရှားနိုင်ငံထုတ် ဒုံးများတွေ့ရသည်ဟု လည်းကောင်း သတင်းမှားဖြန့်ချီထားပါတယ် ။ အဆိုပါသတင်းကို ဖော်ပြပါ Link (http://burma.irrawaddy.org/archives/19121#.UEFqz4PMzWs.facebook)တွင် အောက်ဖော်ပြပါ ပုံအတိုင်း တွေ့မြင်ရသကဲ့သို့ ရေးသားထားပါတယ် ။

 အမှန်တကယ် ကြားသိရသည့်သတင်းမှာ ဖော်ပြပါသတင်းတွင်ပါရှိသော ခြေလျှင်တပ်ရင်းထိခိုက်မှူသည် ယင်း ကုမ္မဏီတွင်း ဖြစ်ပွါးခဲ့သည်ဟု မဟုတ်ပဲ ရွှာအဝင်တွင် ၄င်းတို့ထောင်ထားသော ဆင့်ကဲဆင့်ကဲပေါက် သည့် မိုင်းများကို အတွဲလိုက် စီထားခြင်းကြောင့်ဖြစ်သည် ဟု သိရှိရပါတယ် ။
ငြိမ်းချမ်းရေးဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ မိုင်းမသုံးရန် ကေအိုင်အေနှင့် စစ်တပ်တို့ တိုက်ပွဲများ စတင်ခါကပင် မေတ္တာရပ်ခံ ခဲ့ဖူးသေးပါတယ် ။
နိုင်ငံတော်စစ်တပ် လာလမ်းများ ရွှာအဝင်အထွက်များ တံတားများတွင် မိုင်းထောင်ရန်ပြင်ဆင်နေသည့် ကေအိုင်အေ
 အဆိုပါ ဝေအောင်ကုမ္မဏီ ပေါက်ကွဲမှူ ဖြစ်စဉ်အမှန်မှာ ပြီးခဲ့တဲ့ လေး/ငါးရက်လောက်က ဖားကန့်မှာကျောက်စိမ်းတူးနေတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကို KIO က ကံဆီးကို ခေါ်တွေ့တယ်၊ လုပ်ကွက်ထဲကလူတွေ အကုန်ထွက်သွားရမယ်၊ ဘယ်သူမှမမြင်ချင်ဘူး၊ ဒါပေ မယ့် လုပ်ငန်းသုံးယာဉ်တွေ ဘက်ဟိုးတွေ မြေသယ်ယာဉ်တွေ ကျောက်ဖောက်စက်တွေအားလုံး ကားသော့တွေနဲ့အတူ ထားခဲ့ရမယ်၊ လုပ်ငန်းတွေရပ်ထားလို့ အခက်အခဲဖြစ်နေရသူတွေအတွက် ဆန်၊ ဆီတွေ ထောက်ပံ့ပေးရမယ်၊ ပြီးယင် ဖားကန့်မှာ လူစုပြီး ဆန္ဒပြရမယ်လို့ပြောခဲ့ တယ်။ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ပက်စက်လှတဲ့ အကြံအစည်တစ်ခုကို ဖားကန့်ဘက်မှာ အကောင် အထည် ဖော်ခဲ့တယ်၊ ဖားကန့်မြို့နယ်၊ မှော်မောင်းလျှံရွာမှာရှိတဲ့ ဝေကုမ္ပဏီရဲ့ အဆောက်အဦတွေ ကို ဖောက်ခွဲဖျက်ဆီးဖို့ အမိန့်ပေးခဲ့တယ်၊ ဒီကုမ္ပဏီဟာ ဖားကန့်မှာ အတော်ကြီးမားတဲ့ ကုမ္ပဏီတစ်ခုပါ၊ KIO ကိုလည်း ဆက်ကြေးပုံမှန် ပေးခဲ့ပေမယ့် တစ်နေ့ထက်တစ်နေ့ ငွေပိုလိုလာတဲ့ KIO အဖွဲ့ရဲ့ နောက် ဆုံးတောင်းတဲ့ငွေက သန်း ၂၀၀၀ ဖြစ်ပါတယ်၊ ဒီငွေကိုပေးဖို့ နောက်ဆုံးရက် သတ်မှတ်ထားတာက သြဂုတ်လ ၂၅ ရက်နေ့လို့ ပြောပါတယ်၊ ကုမ္ပဏီက လူတွေက လုပ်ငန်းမလုပ်ရလို့ သူတို့ပြောတဲ့ သန်း ၂၀၀၀ ဘယ်လိုမှမဖြစ်နိုင်ကြောင်း တောင်းပန်တာတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လက လက်မခံပါဘူး၊ ဖားကန့်ဒေသရဲ့ ကုမ္ပဏီတွေအားလုံး အတွက် စံနမူနာပြ အပြစ်ပေးခြင်းဆိုပြီး ကချင်ပြည်နယ်မှာ အကြီးမားဆုံးလို့ဆိုနိုင်တဲ့ KIO ရဲ့ ဖျက်ဆီးမှုကို စီစဉ်ခဲ့တယ်၊ ၂၉ ရက်နေ့ ညနေဘက်မှာ ကံဆီးဘက်က KIO ၁၀ ယောက်လောက်က ကားနှစ်စီးနဲ့ ဝေမိသားစု ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီဝန်းထဲကို အပြင်းမောင်းနှင်လာပြီး ကုမ္ပဏီက၀န်ထမ်းတွေကို ပစ်ခတ်မောင်းထုတ် ခဲ့ပါတယ်၊ နောက်ပြီး သူတို့မှာ အသင့်ပါလာတဲ့ မိုင်းတွေကို စက်သုံးဆီပေပါတွေ၊ ဆီသိုလှောင်ကန်တွေ၊ အဆောက်အဦတွေထဲမှာ အနှံ့လိုက်ကပ်တယ်၊ ပြီးတာနဲ့ချက်ချင်း ပြန်ထွက်သွားပြီး ၁၀ မိနစ်လောက် အကြာမှာ အဝေးကနေ ဖောက်ခွဲခဲ့တာဖြစ်တယ်၊ ပေါက်ကွဲသံဟာ မိုးချုန်းသံလိုပဲ ကျယ်လောင်လှ ပါတယ်၊ သေနတ်သံ ကြားလို့ ရောက်လာတဲ့စစ်တပ်က ၁၀ ယောက်လောက်ရှိတဲ့ အဖွဲ့ဟာ ပေါက်ကွဲ မှုကြောင့် သေဆုံးခဲ့ရတယ်၊ မပြေးနိုင်လို့ကျန်ခဲ့တဲ့ ကုမ္ပဏီဝန်ထမ်း၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် ၂၀ ကျော်တို့ရဲ့ ခန္ဓာကိုယ်တွေဟာ ပေါက်ကွဲမှုတွေအတွင်းမှာ အစပျောက်ခဲ့ရတယ်၊ နောက်ဆုံး သိရတဲ့ စာရင်းတွေအရ ကုမ္ပဏီဝန်းထဲက ယာဉ်ကြီး၊ ယာဉ်ငယ် အစီး ၅၀ လောက် ပျက်စီးခဲ့ပါတယ်၊

ဒါကြောင့်လည်း အခုအခါမှာ တနိုင်ငံလုံးချဉ်ဖတ်တင်မက အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဒေသတွင်း ဆတ်ကြေးတောင်းမှူ /ဖောက်ခွဲမှူကို လူသိမှာစိုးပြီးကြောက်ကန်ကန်တဲ့အနေနဲ့ ဧရာဝတီသတင်းဌာနကို
ဒေါ်လာ၂သောင်းပေးပို့ကာ ဒီသတင်းကို ဖြန့်ချီခိုင်းတာဖြစ်ပါတယ် ။တဖက်ကလည်း အစိုးရတပ်တွေ သူတို့
ကို လေကြောင်းက တိုက်တော့မယ်ဆိုပြီး သူတို့အပြစ် သူတို့လန့်နေကာ ဖေ့ဘုတ်ကနေပြီး အော်နေကြ
ပါပြီ ။
 အမှန်တကယ်မှာ KIO ဟာ ငြိမ်းချမ်းရေးကို လိုချင်နေပါပြီ..သို့သော်
KIO အတွင်း သဘောထားကွဲလွဲမှုကြီးမားလာခဲ့ပါတယ်၊ ဥက္ကဋ္ဌဇောင်းဟရားနဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ဟာ အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ လိုလားတဲ့သဘောရှိတယ်၊ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗိုလ်ချုပ် ဂမ်ရှောင်တို့ကတော့ အစိုးရတပ်ငြိမ်နေတဲ့အခြေအနေကို အမိအရ အသုံးချပြီး တိုက်ခိုက်မှုတွေ တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်၊ ဥက္ကဋ္ဌဖြစ်တဲ့ ဇောင်းဟရားဟာ အင်ဘန်လတို့အုပ်စုအပေါ် ဘာသြဇာမှမသက်ရောက်နိုင်ဘဲ မည်ကာမတ်တပ် ဟန်ပြသက်သက်သာ ဥက္ကဋ္ဌနေရာရပ်တည်နေရသူဖြစ်တယ်၊ ဘယ်လောက်ထိ သဘောထား ကွဲလွဲခဲ့သလဲဆို အစည်း အဝေးတစ်ခုမှာ ဗိုလ်ချုပ် ဂမ်ရှောင်နှင့် ဗိုလ်ချုပ် ဂွမ်မော်တို့အချင်းချင်း ပစ်ကြခတ်ကြတဲ့ အထိဖြစ်ခဲ့တယ်၊ နိဂုံးချုပ်တော့ ဗိုလ်ချုပ် ဂွမ်မော် လိုင်ဇာဆေးရုံ ရောက်သွားတယ်။

ဇောင်းဟရားနဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့က တစ်ကယ်တမ်းတော့ ငြိမ်းချမ်းရေးလိုလားတယ်၊ သူတို့ က နိုင်ငံရေးသမားတွေမို့ အတွေးအခေါ်ရှိတယ်၊ အမြင်လဲကျယ်တယ်၊ သူတို့နဲ့ သက်စွန့်ဆံဖျားလုပ်နေရတဲ့ လက်အောက်ငယ်သားတွေက တစ်သဘောထားအတိုင်းပါပဲ၊ ခက်တာက ဒုဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗိုလ်ချုပ် ဂမ်ရှောင်တို့အုပ်စု၊ ဒီလူတွေက စစ်သွေးကြွတွေလို့ ပြောရင်လဲရတယ်၊ အစည်းအဝေးတွေမှာ တိုက်မယ်၊ ခိုက်မယ်၊ ဗုံးခွဲမယ်ပဲပြောပြီး၊ လက်ခုပ်လက်ဝါး တီးတာကို အရသာခံနေတတ်သူတွေပါ၊ သူတို့ထပ်တလဲလဲပြောနေတာက ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၊ သူတို့ခေါင်းထဲမှာ ဒါပဲရှိတယ်၊ နိုင်ငံရေး အတွေးအခေါ်မရှိဘဲ စစ်တိုက်ဖို့သက်သက်သာ သိတဲ့လူတွေပါ၊ KIO အတွင်း ဒီအုပ်စု ၂ စု ကွဲနေ တာကြောင့် အစိုးရနဲ့ငြိမ်းချမ်းရေးမအောင်မြင်သေးတာဖြစ်ပါတယ်။
_______________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကေအိုင်အေဟာ အမျိုးသားနိုင်ငံရေး ရန်သူ ဖြစ်ပါတယ်
အပြုတ်တိုက်ပစ်ဖို့ လေယာဉ်သုံးတန်က သုံးဖို့ တိုက်တွန်းလိုပါတယ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ခင်ဗျား

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ