Aug 31, 2012

တွံတေးမြို့နယ်NLD ပါတီ ပြိုကွဲပြန်

သြဂုတ်လ ၂၅ ရက် ၁၂၃၀ ချိန်မှ ဇော်မင်းထွန်း (တွံတေး မြို့နယ် NLD တွဲဖက် အတွင်းရေးမှူးဟောင်း)၊ ကိုကိုကြီး (NLD ပါတီဝင်) နှင့်အတူ တွံတေးမြို့နယ် ရဲဘက် အတွင်းရေးမှူး ရုံးသို့ လာရောက်၍ စက် ၄ ရက်နေ့ ၁၃၀၀ မှ ၁၄၀၀ ချိန်ထိ ကျွန်းတော ရပ်ကွက် ကန်သာယာ(၁၀)လမ်း အမှတ် (၅၂၇) ရှိ ဇော်မင်းထွန်း၏ နေအိမ်ရှေ့တွင် NLD ပါတီဝင် (၁၀)ဦးခန့် နှင့်အတူ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ရန် အတွက် ခွင့်ပြုမိန့် လျှောက် ထားလာခဲ့ပြီး ရည်ရွယ်ချက်မှာ NLD ဗဟို ညီလာခံ ကျင်းပရေး ကော်မရှင်မှ ဖွဲ့စည်းပေးသည့် တွံတေးမြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်အား တရားမျှတမှု မရှိ၍ NLD ပါတီတွင် တရား မျှတမှု ရှိစေရန်ဖြစ်ကြောင်းနှင့် လျှောက်ထား စာတွင် ပြုလုပ်မည့် နေ့၌ ဆန္ဒဖော်ထုတ်ရာသို့ လာရောက်သည့် ပါတီဝင် ၇ ဦးက အလျား ၃ပေ အနံ ၂ ပေ အရွယ်ရှိ ကတ္ထူ အဖြူရောင် ၇ ချပ်ပေါ်တွင် အောက်ပါ စာသားများ ပါရှိသည့် ပိုစတာများ အား ကိုင်ဆောင်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်-

 (က) ဒီချုပ် ဗဟိုဥက္ကဋ္ဌ ဒေါ်အောင် ဆန်းဆုကြည် ၏ဦးဆောင်မှုအား အကြွင်းမဲ့ယုံကြည် ထောက်ခံ ပါသည်။
 (ခ) ဒီချုပ် ဗဟို၏ လုပ်ဆောင် ညွှန်ကြားချက်များ တရား မျှတမှုမရှိ၍ ကန့်ကွက်ခြင်း။
 (ဂ) နီးစပ်ရာ ဦးစားပေးမှု လက်သင့်ရာ ခေါ်ပြီး နေရာပေးမှု ဗဟို ဦးစီးစနစ် ပုံစံဖြင့် လုပ်ဆောင် နေမှုများ ရပ်တန့်ရန်။
 (ဃ) တစ်ဖွဲ့နှင့် တစ်ဖွဲ့ မပြေလည်မှု များကို ညှိနှိုင်း ဆောင်ရွက် ရမည့်အစား တစ်ဘက်သက် ဘက်လိုက် ဆောင်ရွက် နေမှုများ ရပ်တန့်ရန်။
 (င) သမာ သမတ်ကြသော ပုဂ္ဂိုလ်များမှ ဦးစီး ဦးဆောင်၍ စည်းလုံး ညီညွတ်မှုဖြင့် စည်းလုံး ညီညွတ်စွာ ပါတီ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ သမာ သမတ်ကြသော နည်းလမ်းဖြင့် အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်ပေးရန်။
 (စ) ယခင်မှ အခုထိ အနစ်နာခံ ကိုယ်ကျိုးစွန့်၍ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့သော စည်းဟောင်း များကို ဥပေက္ခာ ပြုပြီး မဆောင်ရွက် သင့်ပါ၊ မြို့နယ်/ ခရိုင်/ တိုင်းများတွင် ပါတီနှင့် ပြည်သူအတွက် အမှန်တကယ် အကျိုးပြု သူများ၊ အရည်အချင်း ရှိသူများ ဖြစ်ပေါ်စေရန်။
 (ဆ) NLD ပါတီဝင် လျှောက်လွှာ တင်ခြင်းကို မြို့နယ် ကော်မရှင်မှ လက်မခံခြင်းနှင့် ပါတီဝင် စာရင်းအား ပျောက်ဆုံးခြင်းကို ဖြေရှင်းရန်။ ဇော်မင်းထွန်း၏ လျှောက်ထားမှု နှင့်ပက်သက်၍ မြို့နယ် ရဲတပ်ဖွဲ့မှူးက မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူး နှင့်ညှိနှိုင်း၍ စိစစ်လျက် ရှိကြောင်း သိရှိရပါသည်။
_______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ