Aug 30, 2012

မိုးသီးဇွန် နဲ့ ABSDF ဘာလဲ ဘယ်လဲ??? ( 1 )

မိုးသီးဇွန်ဟာ တိုင်းပြည်အတွက်ရော၊ ၈၈၈၈ အရေးတော်ပုံကြီးအတွက်ပါ တခုမှကောင်းတာမလုပ်ခဲ့ပါ။ သမိုင်းတချို့သက်သေပြပါမည်။

 မိုးသီး ဒမဖ ဥက္ကဋ္ဌ လုပ်ခဲ့ တယ်၊ ဥက္ကဋ္ဌ ပြီး ဒမဖ ပြိုကွဲခဲ့ တယ်။
 မိုးသီး လူ့ဘောင်သစ်ပါတီ ကို ဖွဲ့သူထဲမှာ တဦးပါဝင်တယ်။ သူ့လူတွေ ဦးဆောင်မှုနေရာမှာ သိတ်မရတော့ ပါတီနှစ်ခြမ်းခွဲခဲ့တယ်။

 ပြည်တွင်းမှာနေလို့မရလို့နယ်စပ်ကိုရောက်လာတယ်။
 မိုးသီး တပ်ရင်း (၁၀၁) ကိုရောက်လာတယ်။ မကြာဘူး။တပ်ရင်း (၁၀၁) နှစ်ခြမ်းကွဲသွားတယ်။ မိုးသီးအခြမ်း က ဘုန်းကြီးကျောင်းမှာ နေပြီး နောက်တခြမ်း က တပ်ရင်းမှာနေတယ်။ အဲ့ဒီမှတဆင့် “သေဘောဘိုး” စခန်း ကို ရောက်တယ်။

 အဲ့ဒီအချိန်က “သေဘောဘိုး” စခန်း ဟာ ဗဟို ကို ဆန့်ကျင်နေတဲ့ စခန်းဖြစ်တယ်။ အဲ့ဒီကို “မိုးသီး”သွားပြီး ဗဟိုကိုဆန့်ကျင်အောင်မြှောက်ပင့်ပြောဆိုပြန်တယ်။ သူတို့ရဲ့ ထောက်ခံမှုယူပြီး ABSDF ဗဟို ကို တက်လှမ်းဖို့ကြိုးစားခဲ့တယ်။ အဖွဲ့အ စည်းအကျိုး ကို မကြည့်ပဲ ကိုယ်ကျိုးအတွက်အသုံးချခဲ့တယ်။ မိုးသီးဇွန် ABSDF ဗဟိုကိုရောက်တော့ ABSDF နှစ်ခြမ်းကွဲသွားတယ်။

 လက်ရှိဥက္ကဌ သံခဲ ဘယ်နိုင်ငံ သွားသွား အတင်းထမင်းခေါ်ကျွေးကြတယ်၊ တစ်ယောက်ပြီးတစ်ယောက်လာတွေ့ကြတယ်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာနှုတ်ဆက်ကြတယ်။ အဲ .. အရင်ဥက္ကဌ မိုးသီးဇွန်းတော့ အဲ့လိုမဟုတ်ဘူး။


သူလာမယ်ဆိုတာနဲ့ အကုန်လုံးက ကိုယ့်အိမ်လာမှာကြောက်နေကြတယ်။ သတင်းကြားကတည်းက အိမ်ရောက်မလာပါစေနဲ့ ဆုတောင်းကြရတယ်။ ဆုတောင်းမပြည့်လို့ ရောက်လာရင်တော့ သေပြီဆရာပဲ။ မိုးသီးဇွန်းကလည်း လူလည်ပါ။ ABSDF ကိုတောင် နှစ်ခြမ်းကွဲအောင် အုပ်ချုပ်လာသူဆိုတော့ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ အိမ်တစ်အိမ်ရောက်ပြီဆိုတာနဲ့ ထမင်းကို မဆံ့မပြဲ ကုန်းစားပါတယ်။ နောက်တစ်နပ် ကျွေးမယ့်လူက မသေချာဘူး။ ဒီတော့ သေချာတဲ့ တစ်နပ်ကို အရအမိ စားတာပဲ။ ထမင်းစားပြီးရင် ဘုရားစဉ်ပေါ်က အသီး စွန့် စားသေးတယ်။ ABSDF တပ်မတော်သား တွေ စွန့်စားတယ်ဆိုတာ ဒါမျိုးကိုပြောတာ

သူ့အကြောင်းသိကြတော့ မိုးသီး ဆိုတာနဲ့ အကုန်ပြေးကြတယ်။ လမ်းတွေ့ရင် မမြင်ချင်ဟန်ဆောင်ကြတယ်၊ ဒီဖက်လမ်းကလာမယ်ဆိုရင် ဟိုဖက်လမ်းကိုရွေးသွားတယ်။ သံခဲ လာမယ်ဆိုရင်တော့ လမ်းစရိတ်တောင် ပေးပြီးခေါ်ကြတယ်၊ မိုးသီးကိုတော့ ကိုယ့်စရိတ်နဲ့ကိုယ် လာပါမယ်ဆိုတာတောင် ဘယ်သူမှ မခေါ်ကြ။ သံခဲဆိုရင် တစ်ယောက်ပြီး တစ်ယောက်က အရက်ခေါ်တိုက် တာ မသောက်နိုင်တော့ဘူး။ မိုးသီးလာရင်တော့ အိမ်မှာ ရှိသမျှ အရက်ပုလင်းတွေ ဖွက်ထားကြတယ်။ ဒါကတော့ လူရှေ့မှာ ရှိတဲ့အချိန်တွေပါ။ တောထဲမှာနေတဲ့အချိန်တွေကတော့ နှစ်ယောက်လုံးက အတူတူနဲ့ အနူနူပါပဲ။ တောထဲက လက်အောက်ငယ်သားတွေ အခု ငတ်ပြတ်နေပါတယ်၊ ရာဘာခြစ်နေရပါတယ်၊ စားစရာမရှိပါဘူး၊ စုတ်ပျက်သက်နေပါတယ်။

 အမြဲလိုလိုလည်း ဓာတ်ပုံဗွီဒီယို အရိုက်ခံရပါတယ်။ အဲဒီ ဓာတ်ပုံဗွီဒီယိုတွေက အင်တာနက်ပေါ်နဲ့ အလှူရှင်တွေ လက်ထဲ ရောက်သွားပြီး အလှူငွေတွေ ရလာပါတယ်။ အလှူငွေတွေက သံခဲ အိပ်ထဲရောက်သွားပါတယ်။

 ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးရဲဘော်တွေ  ABSDF တွေလုပ်ခဲလဲ?? အခု အဲဒီ ကျောင်းသား တွေ ဘာတွေလုပ်နေလဲ?? ဆိုတာကိုတော့ ခုချိန်ထိ အဖြေရခက်နေတဲ့ မေးခွန်းဖြစ်နေပါတယ်။



 ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အမြင်မှန်ရပြီး ၂၀၀၈ အခြေခံဥပဒေကို အရ ရွေးကောက်ပွဲကို ဝင်ဖို့ဆုံးဖြတ်ပေမယ့်လည်း ABSDF ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်တို့ကို ဖျက်သိမ်းနိုင်ရေးအတွက် ဆက်လက်ကြိုးပန်းမည်ဟု NLD နဲ့ ဆန့်ကျင်တဲ့ ကြေညာချက်တစ်ခုကိုမြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ဗဟိုကော်မတီ က နိုဝင်ဘာ (၁) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ABSDF ဖွဲ့စည်းခဲ့ပြီးနှစ်ကြာပြီးတဲ့အခါမှာ တောခိုကျောင်းသားတွေ ဘယ်ဆီရောက်ပီး ဘာတွေဆက်လုပ်နေကြသလဲဆိုတာ ဘယ်သူမှ မသိရပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှ အသိမခံပါဘူး။

ဟန်ပြ တော်လှန်ရေး လုပ်သူများက လုပ်နေကြပေမယ့် ၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရပ် ခြားမှာ အဆင့်မြင့်ပညာတွေသင်ယူနေကြ သူတွေ မရှိ၊ တိုင်းပြည်စီးပွါးတိုးတက်ရေးအတွက် ကူညီနိုင်အောင် စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေဖြစ်ဖို့ကျိုးစားနေသူတွေ မရှိပါဘူး။ လက်ရှိနေထိုင်ရာ သူများတိုင်းပြည်အတွက် ကျွန်ခံ အလုပ်လုပ်ပေးနေသူတွေတော့ အများကြီး ဖြစ်ရှိနေကြောင်း သိရပါတယ်။
________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ