Jun 5, 2012

ဆော့လော်တွင် KIA မှတပ်သားသစ်ရက်တိုသင်းတန်းဖွင့်ရန်စီစဉ်


KIA မှ မန်တုံ၊ ကောင်းလ၊ ဖလ၊ ရှမ်းကျော်ရွှေမှော်၊ ရှငေါ်ရွှေမှော်နဲ့ မေခမြစ် အနေက်ဘက်ကမ်းရှိ
ရွာများမှ လူငယ်၊ လူလတ်ပိုင်းများအား အတင်းအဓမ္မလူသစ်စုဆောင်းပြီး KIA မျှောမောပါစခန်း
တွင်ဖမ်းဆီးထားပါတယ်။ ဖမ်းထားတဲ့ကချင်လူငယ်များကို မျှောမောပါစခန်း၏ အနောက်ဘက်မှာ
ရှိတဲ့ ဆော့လော်မှာ KIA တပ်သားသစ်ရက်တိုသင်တန်း တစ်ခုပြုလုပ်မယ်လို့ မျှောမောပါစခန်းမှ KIA
တပ်ဖွဲ့ဝင်တစ်ဦးမှာ မန်တုံမှာရှိတဲ့ သူမိဘများကို ပြောခဲ့ပါတယ်။


ဖမ်းထားတဲ့ လူငယ်တွေ အသက် ၁၆ နဲ့ ၂၅ ကြားမှာရှိပါတယ်။ ဖမ်းထားခြင်းခံရတဲ့ မိသားစု
ဝင်တွေကတော့ စိတ်ပူပန်မှုတွေနဲ့စိုးရိမ်နေကြရပါတယ်။ KIA က အစိုးရနဲ့ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်လို့
ကြားနေရပေမယ့် အခုလို တပ်သားသစ်တွေအတင်းအဓမ္မစုဆောင်းပြီး တပ်သားသစ်သင်တန်းကို
အမြန်လုပ်ဆောင်နေတဲ့အတွက် KIA က အစိုးရတပ်စခန်းတွေကို အတင်းတိုက်ဖို့လုပ်နေတယ်လို့ ထင်နေ
ကြပါတယ်။ အစိုးရတပ်ကိုသွားရောက် တိုက်မယ်ဆိုရင်တော့ စစ်ပညာကိုကောင်းကောင်းမသင်ထားတဲ့
ကချင်လူငယ်လေးတွေနဲ့ စိတ်ဓာတ်ပျက်ပြားနေတဲ့ ကချင်စစ်သည်လေးများသာ အကျအဆုံးများမှာ
ဖြစ်တယ်။ ကချင်ရွာတွေကတော့ ဒုက္ခအကြီးအကျယ်ရောက်တော့မှာဘဲလို့ ကောင်းလရွာမှ ရွာသားများက
ပြောဆိုနေကြပါတယ်။
_________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ