Jun 4, 2012

KIA အဖွဲ့အတွင်း ဘာသာရေးကြောင့် သဘောထားတင်းမာနေ


KIA အဖွဲ့ အတွင်းမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်တဲ့ ကချင်များရှိသလို ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ ရှမ်းများလည်း ရှိပါ တယ်။ မြန်မာနိုင်ငံတွင် ကိုးကွယ် ယုံကြည်မှုအား ကန့်သတ် ထားခြင်းမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ခွင့်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်အတွင်းက KIAတပ်များ အတွင်းမှာတော့ ကိုးကွယ်ယုံကြည်မှု နဲ့ပတ်သက်ပြီး ခရစ်ယာန် ဘာသာဝင်ကချင်များနှင့်ဗုဒ္ဓဘာသာဝင်ရှမ်းများကြားသဘောထား တင်းမာမှုများ ဖြစ်ပေါ်လာရပါတယ်။

၂၀၁၂ ခုနှစ်၊ဧပြီလ ၂၅ ရက်နေ့က လဂျားယန်ဘုန်းကြီးကျောင်းသို့ KIAအဖွဲ့များရောက်ရှိလာပြီး ကျောင်းရှိ ပစ္စည်းများကို ကားကြီး ၃စီး၊ သုံးဘီးဆိုင်ကယ်များဖြင့် လိုင်ဇာဌာနချုပ်သို့ယူဆောင်သွားခဲ့ပါတယ်။ လဂျားယန် ဘုန်းကြီးကျောင်းမှ သံဃာတော်များသည် ဧပြီလ  ၂၄ ရက်နေ့ကတည်းက ကျောင်းရှိပစ္စည်းများနှင့် လဂျားယန် ရွာသားများအပ်နှံထားတဲ့ ပစ္စည်းတွေကိုသိမ်းဆည်းပြီး ဒေါဖုန်းယန်ရှိတာလီဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ သတင်း သုံးနေတာဖြစ်ပါတယ်။
KIA အဖွဲ့အနေနဲ့ ဘုန်းကြီးကျောင်းရှိပစ္စည်းများကို ယူရုံမကပဲ ဘုန်းကြီးကျောင်းတွင်ကိုးကွယ်ထားသော ဥာဏ်တော် ၃ပေရှိ ကြေးဆင်းတုတော်အား ဓားဖြင့်ခုတ်ကာ ဖျက်ဆီးခဲ့ပါတယ် ဒါကြောင့် KIA အဖွဲ့အတွင်းမှ ဗုဒ္ဓ ဘာသာကိုးကွယ်သောရှမ်းလူမျိုးများမှ မလုပ်သင့်ကြောင်း ပြောကြားရာမှ စတင်ပြီး ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ပဋိပက္ခမှာတဖြည်းဖြည်းကြီးကျယ်လာလို့ KIA ခေါင်းဆောင်ပိုင်းမှဝင်ရောက်ဖြေရှင်းပေးခဲ့ရပါတယ်။ ယခုအချိန်တွင် လဂျားယန်ဘုန်းကြီးအား KIA မှ ရှမ်းလူမျိုးအများစုပါဝင်သောတပ်ဖွဲ့အား ပြောင်းလဲနေရာယူထားကြပါတယ်။
ဖျက်ဆီးခံရသောဆင်းတုတော်ကို KIA မှ  အရာရှိများက ပြန်လည်ပြုပြင်ပေးပြီး မူလနေရာတွင် ပြန်လည် ပူဇော်ထားရှိထားပါတယ်။ လဂျားယန်ကျေးရွာမှ မြို့သစ်သို့ထွက်ပြေးသွားသူများ လဂျားယန်သို့ပြန်လာသော်လည်း KIA မှ ရွာထဲသို့ဝင်ခွင့်မပေးဘဲ အိမ်သုံးပစ္စည်းများကို လိုင်ဇာသို့သယ်ယူနေကြပါတယ်။ ရှမ်းလူမျိုးတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားရာတွင် KIA အထက်လူကြီးများကြောင့် ပြေငြိမ်းခဲ့ရသော်လည်း တပ်ဖွဲ့အတွင်း လူမျိုးစု()စု အကြား ဆက်ဆံရေးမှာ တစ်နေ့တစ်ခြားတင်းမာလာကြောင်းသိရပါတယ်။ ရှမ်းလူမျိုးများအနေနဲ့ယခင်ကတည်းက လူမျိုးရေး ခွဲခြားမှုကြောင့်တင်းမာမှုများရှိနေသည့်အပြင် ယခုကဲ့သို့ ဘာသာရေးစော်ကားမှုများကြောင့် KIA အဖွဲ့မှ ခွဲထွက်ရန် စဉ်းစားနေကြတယ်လို့ ရှမ်းတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့ပါတယ်။
-___________________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ