Jun 5, 2012

နိုင်ငံရေးသမားများသို့ မေးချင်ပါသည်

ကိုမြအေးခင်ဗျား..
ရခိုင်ပြည်နယ်မှာ ဒီလိုမုဒိန်းကျင့် သတ်ဖြတ်ပြီး ရခိုင်တိုင်းရင်းသားတွေ ဆန္ဒစတင်ပြသနေတဲ့အချိန်မတိုင်ခင် ...
ယခုလို အစ္စလာမ်တွေအပေါ် အကြမ်းဖက်မှုတွေ မတိုင်ခင်
ရိုဟင်ဂျာဘင်္ဂလီကိစ္စတွေနဲ့ လူထုက အမျိုးသားရေးစိတ်ဓာတ် နိုးကြားနေတဲ့အချိန်တွေမှာ ထိုကိစ္စနဲ့ပတ်သက်ပြီး သွယ်ဝိုက်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ .. (ဘင်္ဂလီကို ကို ရိုဟင်ဂျာလူမျိုးဖြစ်ကြောင်း ဆန္ဒပြတောင်းဆိုနေသူ BCUK အမာခံအဖွဲ့ဝင်တစ်ဦး ၏ ဖခင်ဖြစ်သည့်) ကိုမြအေးဆီမှ
မည်သည့်ထုတ်ပြန်ချက် ထင်မြင်ယူဆချက်မှ မကြားမိသလို ၈၈ မျိုးဆက်ကျောင်းသားဆီမှလည်း မည်သည့်ကြေညာချက်မှ ထွက်မလာခဲ့ပါ..။

ယခုလို အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံရပြီး ၄င်းတို့အခွင့်အရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြနေချိန် (အချိန်နှောင်းမှ) လူပုံအလယ်ထွက်ခြင်းသည် အကျိုးသက်ရောက်မှု အနည်းငယ်သာရှိတော့မည်ဟု ယူဆပါသည်..။

ဘာသာရေးနှင့် လူမျိုးရေးကို အမျိုးသားရေးနှင့်ရောထွေးမှုမရှိခင် ..မပေါက်ကွဲခင်အချိန်ကတည်းက ကိုမြအေးအပါအ၀င် .. အထူးသဖြင့် ၈၈များ၊ အစိမ်းများ၊ အနီများ ကို လူငယ်များက မေးခွန်းများမေးခဲ့ကြဖူးပါသည်..

သို့သော် ပြတ်သားမှု တစုံတရာ မရခဲ့ပါ...။

ထို့ကြောင့် ရခိုင်တိုင်းရင်းသားများအပါအ၀င် မြန်မာနိုင်ငံသားတို့၏ အမျိုးသားရေးနှင့်နွယ်သော Immigration Issue သည် ဘာသာရေးနှင့် လူမျိုးရေးမုန်းတီးမှုအဖြစ်သို့ ယခုအချိန်တွင် အစပျိုးနေပြီဖြစ်ပါသည်..။

ထို့ကြောင့် ရိုဟင်ဂျာ ဘင်္ဂလီများနှင့်ပတ်သတ်သော ပြတ်သားသည့်အဖြေကို ကိုမြအေးအပါအ၀င် ၈၈ များ၊ အစိမ်းများ၊ အနီများ ထံမှ ထုတ်ပြန်ချက်များကို လူငယ်များက ပြတ်ပြတ်သားသား ကြားချင်နေကြပြီဖြစ်ပါကြောင်း..
Sam Christopher
______________________________________________________________________________________________
 
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

I want to ask mya aye. Who are you. I am burmes.Think yourself everyday.

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ