Jun 9, 2012

ရခိုင်သတင်း အသေးစိတ်ဖော်ပြချက်

ဇွန်လ ၈ ရက်နေ့
၁၃၁၅ နာရီ။ မောင်တောမြို့ (၄)ရပ်ကွက်အား အင်အား ၃၀၀ ခန့်မှ မီးရှို့၊ သဇင်
တည်းခိုခန်းနှင့် အိမ် ၄ လုံး မီးရှို့ခံရ။

၁၄၃၀ နာရီ။ မောင်တောမြို့ (၅)ရပ်ကွက် အင်အား ၃၀၀ ခန့်မှ မီးရှို့၊ အိမ် ၎
လုံး မီးရှို့ခံရ။
...
၁၄၃၀ နာရီ။ လဗော်ဇားတံတား ကင်းစခန်း၊ မောင်တောမြို့သို့ ၀င်ရန်
တောင်ဘက်မှ အင်အား ၇၀၀ ခန့် ရောက်ရှိလာရာ နစကမှတားဆီးခဲ့၊ အင်အား ၄၀၀
လှည့်ပြန်သွား၊ အင်အား ၃၀၀ ကျန်၊ လယ်ကွင်းမှဖြတ်ပြီး
မောင်တောမြို့တွင်းဝင်။

၁၄၃၀ မှ ၁၅၀၀ ထိ ။ သရည်ကုန်းဘောင်ရွာအား အင်အား ၂၀၀ ခန့်မှ မီးရှို့၊ အိမ်
၁၀၃ လုံး မီးရှို့ခံရ။

၁၅၀၀ နာရီ။ ရွှေရင်အေး(နတလ)ရွာ၊ အင်အား ၂၀၀ ခန့်မှ မီးရှို့၊ ပစ္စည်းလုယက်၊
အိမ်ခြေ ၆၇ လုံး မီးရှို့ခံရ။

၁၅၀၀ နာရီ။ မောင်တောမြို့၊ ညောင်ချောင်းဈေးတန်း၊ ပစ္စည်းလုယက်၊
ဈေးဆိုင်တန်း မီးရှို့၊ ဈေးဆိုင်ခန်း ၁၉ ခန်း မီးရှို့ခံရ။

၁၅၀၀ မှ ၁၆၀၀ ထိ။ ခရေမြိုင်(နတလ)ရွာ၊ ဗောဓိကုန်း၊ ကင်းချောင်းရွာ၊
ကန်သာယာရွာ၊ ကံပြင်သာစည်ရွာစသည်တို့တွင် အင်အား ၃၀၀ ကျော်စီမှဝိုင်း၊
မီးရှို့၊ အိမ်ခြေ (၁၀၀)၊ (၂၃)၊ (၂၀)၊ (၄၀)၊ (၂၀)စီ မီးရှို့ခံရ။

၁၆၃၀ နာရီ ။ အောင်ဗလရွာ၊ အင်အား ၃၀၀ ကျော်မှဝိုင်း၊ နယ်မြေ(၆)ရဲတပ်ဖွဲ့မှ
ခြောက်လှန့် ပစ်ခတ်ချိန် ထွက်ပြေးသွား။

၂၀၃၀ နာရီ။ ဥဒေါင်း(နတလ)ရွာ၊ အင်အား ၃၀၀ ခန့်မှ မီးရှို့ရန် ၀ိုင်း၊
ကျားထိုးမည့် ပုံ လုပ်လာသဖြင့် သေနတ်ထောင်ပြီး ပစ်ဖောက်ခဲ့ရ။

၂၂၁၀ နာရီ။ ပြသားရွာ၊ အင်အား ၂၀၀/၃၀၀ မှ ၀ိုင်း၊ ပြန်ဆုတ်သွား။

၂၃၀၀ နာရီ။ ရပ်ကွက်(၅)၊ ၃၀၀ ခန့် အနားကပ်လာ၍ ခြောက်လှန့် ပစ်ခတ်ခဲ့ရ။

၂၃၀၀ နာရီ။ နယ်မြေ(၇) ပင်လယ်ပြင် ကမ်းခြေအနီး၊ စက်လှေ(၃)စီး ပင်လယ်ပြင်မှ
ကမ်းခြေသို့ မောင်းနှင်ဆိုက်ကပ်လာ၊ ကမ်းခြေစောင့်အဖွဲ့မှ တွေ့ရှိ။

၂၃၁၅ နာရီ ။ မောရ၀တီရဲကင်း၊ ရဲကင်းအား မီးရှို့။

၂၃၁၅ နာရီ။ (၃)မိုင်စစ်ဆေးရေးစခန်းအနီး ဝေသာလီကျေးရွာ ၊ အင်အား ၃၀၀
ခန့်မှ ၀ိုင်း၊ မီးတုတ်နှင့်ပစ်၊ အိမ် ၅ လုံး မီးလောင်။

၂၃၄၀ နာရီ။ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၅)ကြား၊ ၂၀၀ ဦးခန့် လူစုမခွဲဘဲ
ရှေ့တိုး၊ အန္တရာယ် ပြုမည့် အနေအထား ပြုလုပ်၊ ရဲတပ်ဖွဲ့မှ
ခြောက်လှန့်ပစ်ခတ်ခဲ့၊ ဆုတ်ခွါသွား။

ဇွန်လ ၉ ရက်နေ့
၀၁၁၀ နာရီ။ ရပ်ကွက်(၃)၊ အင်အား ၁၀၀ ခန့် ရပ်ကွက်မှ ခဲဖြင့် ပစ်ခတ်သဖြင့်
သေနတ် မိုးပေါ် ထောင်၍ ပစ်ခတ်ခဲ့ရ။
၀၃၀၀ နာရီ ။ ရပ်ကွက်(၄)၊ ဗိုလ်မှူးရွာ ။ အိမ်(၁)လုံး မီးရှို့ရန် ပြုလုပ်၊
မိုးပေါ်ထောင်ပစ်၊ ပြန်ထွက်သွား။

၀၅၁၅ နာရီ ။ ဝေသာလီရွာ၊ အင်အား ၂၀၀ ခန့် ၀ိုင်းဖို့ ကြိုးစား၊
မိုးပေါ်ထောင်ပစ်၍ ပြန်ထွက်သွား။

Hmuu Zaw

Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

lubo601 said...

ကျောင်းသားခေါင်းဆောင်များတွင် တာဝန်ရှိသည်ဟုထောက်ပြချက်ကို လက်ခံပါသည်။ သို့သော် ထိုစဉ်က တာဝန်ယူခဲ့ကြသော အစိုးရ တာဝန်ရှိသူများကိုရော တာဝန်ယူရန် မပြောတော့ဘူးလားဗျာ။ ဒါဆိုရင် ဘက်လိုက်ရာ ကျမနေဘူးလား။ တာဝန်ကြီးပြီး အဓိကကျသူများကို မျက်ကွယ်ပြုပြီး သာမန်တာဝန်ရှိသူများကိုသာ ထောက်ပြနိုင်ပြီး တာဝန်ယူခိုင်းနေခြင်းနှင် ရေးကြီးခွင်ကျယ်ပြောနေခြင်းမှာ မျက်စိတဖက်ကမ်းနေသူနှင့် တူနေပါသည်။ တရားမျှတမှုနှင့် ဝေးလွန်းနေပါသည်။ ၈၈ ကျောင်းသားခေါင်းဆောင်များနှင့်သက်ဆိုင်သော တာဝန်ကို ယူလိုက်ရုံဖြင့် လက်ရှိ မြန်မာအရေး ပြေလည်သွားပါမည်ဟု မောင်ကျောက်ခဲ ယုံကြည်နေတယ်ဆိုလျှင် ဘာကြောင့်ယုံကြည်ရသည် ဆိုသည်ကို အချက်အလက်နှင့် အများလက်ခံနိုင်အောင် သက်သေပြပေးပါ လားဗျာ။ ဆင့်အနာ တန်ဆာလုပ်ရုံလောက်နှင့်တော့ အသိအမှတ်ပြုနိုင်စရာ မမြင်ရပါ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ