Jun 3, 2012

(ပြည်သူလူထု) ကို ထမင်း မကျွေးနိုင်ဘဲ ကျွန်တော်တို့ အစိုးရ တက်မလုပ်ဘူး

နိုင်ငံသားများ၏ စားဝတ်နေရေးကို မဖြေရှင်းပေးနိုင်ဘဲ အစိုးရတစ်ရပ် အနေနှင့် အုပ်ချုပ်သွားမည် မဟုတ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။

ရန်ကုန်မြို့တော် Chatrium ဟိုတယ်တွင် ယနေ့ နေ့လည်ပိုင်းက ပြုလုပ်သော အထည်ချုပ် လုပ်ငန်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံရေး ပါတီများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ စသည့် ပါဝင် ပတ်သက်သူများ စုပေါင်း ဆွေးနွေးပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

(ပြည်သူလူထု) ကို ထမင်း မကျွေးနိုင်ဘဲ ကျွန်တော်တို့ အစိုးရ တက်မလုပ်ဘူး။ ခင်ဗျားတို့ အရေးကိစ္စတွေကို ကျွန်တော်တို့ တောက်လျှောက် လုပ်နေတယ်” ဟု ဝန်ကြီး ဦးအောင်မင်းက ဆိုသည်။


ဆက်တိုက် ဖြစ်ပွားနေသော အလုပ်သမား ဆန္ဒပြမှုများ ဖြေရှင်းရန် နည်းလမ်းများကို ယင်းဆွေးနွေးပွဲတွင် ပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး အလုပ်သမားများ၏ ဝမ်းရေးကြောင့် ဆန္ဒပြမှုများကို ဆူပူမှုအဖြစ် မမြင်ရန် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးကိုကိုကြီးက သတိပေး ပြောဆိုခဲ့သည်။

ဆာလောင်သူတွေကို ဆူလောင်သူတွေလို့ မသတ်မှတ်ဖို့ အရေးကြီးပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားနေရခြင်းမှာ ၎င်းတို့ ဝမ်းရေးကိုပင် မဖြေရှင်းနိုင်သော ဝင်ငွေ အနေအထားကြောင့် ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော အလုပ်သမား ခေါင်းဆောင် တစ်ဦးက ပြောဆိုခဲ့သည်။

ဆန္ဒပြနေပါပြီ ဆိုတာ ထမင်းငတ် နေပါပြီလို့ ပြောတာနဲ့ အတူတူပဲ”ဟု ယင်းက ဆိုသည်။

ယခု လဆန်းပိုင်းအထိ အလုပ်သမား စက်ရုံ စုစုပေါင်း ၆၀ နီးပါးမှ အလုပ်သမား သုံးသောင်းခွဲကျော် ဆန္ဒပြခဲ့ကြောင်း အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ယင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

_________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ