Jun 9, 2012

ဒဏ်ရာတွေ ဗရပွနဲ့ မောင်တောမြို့

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားနေသော အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ့မြို့မှ တပ်မတော်သား ခြောက်ထောင် ၀န်းကျင် ကို မောင်တောမြို့သို့ ရေယာဉ်များနှင့် ယနေ့ နံနက် ၇နာရီခွဲ ၀န်းကျင်တွင် စေလွှတ် လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီဝင်များက ပြောကြားသည်။


ဇွန်လ ၉ ရက်နေ့ နံနက် မောင်တောမြို့တွင်း လက်ရှိအခြေအနေမှာ ငြိမ်သက်နေပြီး မြို့တွင်းသို့ ပေးဝေနေသည့်ရေကို စည်ပင်သာယာက ရပ်တန့်လိုက်ကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ထိုကဲ့သို့ ရပ်တန့်လိုက်ရခြင်းမှာ ရေပေးဝေနေသည့် ကန်တော်ကြီးကန်ကို ဘင်္ဂါလီများကအဆိပ်ခပ်လိုက်သောကြောင့် ဖြစ်ကြောင်း မောင်တောမြို့ခံများက ဆိုပါသည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ Eleven Media Group အနေဖြင့် အတည်ပြုနိုင်ရန် ဆက်သွယ်စုံစမ်းနေပြီဖြစ်ပါသည်။ကန်တော်ကြီးတွင် အဆိပ်ခပ်သည်ဟူသော သတင်း သည် အမှန်ဟု မြို့ခံများပြောနေကြသည်။ လုံးဝ မသောက်သုံးရန် လဲ တားမြစ်ထားသည် .။

 ထို့ပြင် မောင်တောမြို့ဝန်းကျင်ရှိ ခရေကုန်းဘောင်ရွာမှ ဓားဒဏ်ရာများဖြင့် အသတ်ခံရသော ကျောင်းဆရာမ နှစ်ဦး၏ အလောင်းများ မောင်တောဆေးရုံသို့ ယနေ့နံနက် ရောက်ရှိလာကြောင်း သိရသည်။ စစ်တပ်အနေဖြင့် မောင်တောမြို့တွင်းသို့ ဘင်္ဂါလီများ ၀င်ရောက်လာမှု မရှိရန် မြို့ပြင်မှနေ၍ တားဆီးကာကွယ်နေကြောင်း သိရသည်။


အလယ်သံကျော် သို့ တပ်မတော်(ရေ) မှ စစ်ရေယာဉ်များရောက်ရှိ
ထွက်ပြေးလွှတ်မြောက်လာသော ဒေသခံများ အောင်မြေဗောဓီကျောင်းနှင့် အခြားလုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်နေကြ ........
အလယ်သံကျာ်သို့ သွားရာ တံတား တခုလဲ သွားလာ၍မရအောင် အဖျက်အစီးခံရ သို့ သော်ယခု မောင်တော-ဘူးသီးတောင်နယ်မြေအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များ အပြင် အရန်အဖြစ် တပ်မတော်မှ ဒုစကခမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကျက် ချထားလျက် ရှိကြောင်း၊
နယ်စပ်ဒေသများ လုံခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၆)စီး ဖြန့်ကျက်ချထား ကာ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း

မောင်းတောမြို့နယ်အတွင်း ဆူပူအုံကြွဖျက်ဆီးမှုများကြောင့် ပျက်စီးမှု အခြေအနေမှာ (ဇွန် ၉ ရက်နေ့၊ နံနက် ၀၁၁၀ ချိန်အထိ) စုစုပေါင်း အိမ်ခြေ ၃၈၆ လုံး၊ ဈေးဆိုင် ၁၉ ခန်း၊ တည်းခိုခန်း ၁ ခန်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရပါသည်။

တပ်မတော် ကာကွယ်ရေးအကြီးကဲများ စကခမှုးများနှင့် ဒုသမ္မတပါရောက်
ရှိထိန်းသိမ်းလျက် ကယ်ဆယ်ရေးစခန်း ၃ခုဖွင့်လစ်ထားကာကူညီလျက်ရိ
ပါတယ်။တပ်မတော်မှ အပြင်ဘက် မြို့ ပြင်တွင် လုံခြုံရေး တာဝန်ယူကာ
စောင့်ရှောက်နေသည့် အပြင် ရွားများသို့ လည်းကောင်း တောင်ပေါ်များ
သို့ လည်း တိမ်းရှောင်နေသော် ရွာသားများကို လိုက်လံ ကယ်ဆယ်ပေး
နေပါသည်။စစ်တပ်မှ အင်အားဖြည့် ဖြန့် ကျက်နေရာ ယူထားပြီး
ဘင်္ဂလားတပ်များနဲ့ ထိတွေ့ မှုဖြစ်စဉ်များ သိရပါသည်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ