Jun 9, 2012

ကချင်ပြည်နယ်အတွင်းမှ ပြည်သူတို့၏ အသံများ


မြစ်ကြီးနားမြို့တွင်းသို့ ၀င်နိုင်ထွက်နိုင်တဲ့ လမ်းကြောင်းတွေမှာ လှည့်ကင်းတွေထားရှိ လှည့်လည်စစ်ဆေး
နေပေမဲ့ အဖျက်သမားတွေဟာ မြို့ထဲကိုအလွယ်တကူဝင်ရောက် နေထိုင်မှုတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့က ဒေသခံ
အချို့ပြောပြပါတယ်။ ဒါကြောင့် တပ်မတော်အနေနဲ့မြို့ကြီးနားမြို့ရဲ့လမ်းဆုံလမ်းခွတွေနဲ့ အချက်အချာကျတဲ့ နေရာ
တွေမှာ စနစ်တကျစောင့်ကြပ်ပေးဖို့ ဒေသခံတွေကလိုလားနေကြပါတယ်။ လက်ရှိအခြေအနေမှာ ကချင်လက်နက်ကိုင် (KIA)အဖွဲ့တွေကြောင့် မြစ်ကြီးနားမြို့ပေါ်မှာကို လုံခြုံရေးစိတ်မချရတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒေသခံပြည်သူတွေ
အနေနဲ့ စားဝတ်နေရေး မပြေလည်တဲ့ကြားထဲက ကိုယ့်အပေါ်ကျရောက်လာမယ့် အန္တရာယ်တွေကိုလဲ ဂရုတစိုက်ကြည့်နေရတယ်လို့ ပြောပါတယ်။

ဗန်းမော်မြို့မှာ ရေကြောင်းသွားသင်္ဘောတွေအတွက် နွေရာသီရေနည်းတဲ့ကာလမှာ တပ်ကလေးအောက်ဘက် ဆိပ်ကမ်းမှာ ဆိုက်ကပ်ရပါတယ်။ အခုရေများလာတဲ့အခါမှာတော့ မြို့နဲ့အနီးဆုံးဖြစ်တဲ့ ကန်သာဦးရွှေဗန်းမော်ဆိပ်ကမ်း
မှာ ဆိုက်ကပ်နိုင်တော့မှာဖြစ်ပါတယ်။ ဆိပ်ကမ်းအလုပ်သမားတွေအတက်ွတော့ ကုန်တင်ကုန်ချလုပ်ငန်းတွေ ပြန်လည်    စည်ကားလာပြီး ၀င်ငွေတွေတိုးလာမှာဖြစ်တဲ့ အချိန်ကာလကိုရောက်လာပါတော့မယ်။ ဒါပေမယ့်လို့ ကချင်လက်နက်ကိုင်
အဖွဲ့(KIA)နဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေဖြစ်နေတာကြောင့် အရင်နှစ်တွေကလို ကုန်တင်ကုန်ချ  လုပ်ငန်းတွေကနေ       ၀င်ငွေမျှော်မှန်း သလောက်ရမှာမဟုတ်လို့ စားဝတ်နေရေး ပြေလည်ရုံလောက်ပဲရှိလိမ့်မယ်လို့ ဗန်းမော်မြို့က ဆိပ်ကမ်း    အလုပ်သမားတွေ ပြောဆိုနေကြပါတယ်။
ဝိုင်းမော်မြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်တဲ့ဒေသခံတွေက အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲဖြစ်နေတာ       ကြာမြင့်နေပြီဖြစ်လို့ မြစ်ကြီးနား-လိုင်ဇာလမ်းနှင့် မြစ်ကြီးနား ကန်ပိုက်တီးလမ်းတွေကနေ ကုန်ပစ္စည်းပို့ဆောင်မှုတွေ  သိပ်မလုပ်နိုင်တော့တဲ့အတွက် သူတို့ ဒေသရဲ့စီးပွားရေးတွေ ကျဆင်းနေတဲ့အကြောင်းပြောဆိုပါတယ်။ ပစ္စည်းဝင်
ရောက်မှုနည်းပါးလာတာကြောင့် ကုန်ဈေးနှုန်းတွေကြီးမြင့်နေပါတယ်။ အများပြည်သူတွေသွားလာနေတဲ့ လမ်းကြောင်းတွေကို ဖျက်ဆီးခြင်းမပြုဖို့နဲ့ လူထုတွေကို သေနတ်နဲ့ပစ်သတ်ခြင်းမပြုလုပ်ဖို့ KIA အဖွဲ့ကို တောင်းဆိုနေကြပါတယ်။
ကချင်လက်နက်ကိုင်(KIA)ကတော့ ဘယ်သူဘာပြောပြောဂရုစိုက်မဲ့အနေအထားမရှိပါဘူး။ ငြိမ်းချမ်းရေးလဲအောင်မြင် အောင်လုပ်ဆောင်မှာမဟုတ်လို့ ဒေသခံတွေအလွန်ပဲစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြကြောင်း ဝေဖန်ပြောဆိုနေကြ ပါတယ်။

မိုးညှင်းမြို့မှ ဒေသခံပြည်သူတွေကတော့ ဇွန်လ(၁၅)ရက်နေ့မှာ စတင်ဖြန့်ဝေမဲ့ ငွေကျပ် တစ်သောင်းတန်နဲ့ပတ်သက်လို့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ငွေကြေးသယ်ဆောင်မှုနဲ့
 ငွေကြေးရေတွက်ရတာလွယ်ကူပေမဲ့ ၀ယ်ယူသုံးစွဲသူတွေအနေနဲ့တော့ အခက်အခဲဖြစ်ပေါ်နိုင်တဲ့အကြောင်း ပြောပါတယ်။ ဒါ့အပြင်ငွေကျပ်ငါးထောင်တန်တုန်းက
အတုတွေ ထွက်တာရှိသလို ငွေကျပ်တစ်သောင်းတန်ကိုလဲ အတုထွက်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။ ၀ိုင်းမော်မှာရှိတဲ့ ဒေသခံတွေကတော့ သူတို့ဒေသမှာ အကြွေရှားပါးမှုပြဿနာ ဒီကနေ့တိုင်ရှိနေသေးတဲ့အတွက် ကျပ်တစ်သောင်းတန် ထုတ်ပေးမဲ့အစား ငါးဆယ်၊ တစ်ရာ၊ နှစ်ရာတန်များ ပေါပေါများများ ထုတ်ပေးစေလိုကြောင်း
ပြောဆိုနေပါတယ်။ဒါ့အပြင် ငွေကျပ်တစ်သောင်းတန်ထုတ်ပေးတာနဲ့တစ်ပြိုင်နက်ကုန်ဈေးနှုန်းမတက်အောင်လည်း
တာဝန်ရှိသူတွေအပိုင်းကထိန်းသိမ်းပေးမယ်ဆိုရင် ပြည်သူတွေအားလုံး ပျော်ပျော်ရွှင်ရွှင်ြ
ဖစ်နေကြလိမ့်မယ်လို့ကြားသိရပါတယ်။

မိုးမောက်မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူအချို့ကလည်း သူတို့ရဲ့ရင်တွင်းခံစားချက်တွေကို အခုလိုမျိုးပြောပြပါတယ်။ နိုင်ငံတော်အတွင်းမှာ ငွေကျပ်တစ်သောင်းတန် ငွေစက္ကူအသစ်ထုတ်လုပ်တာနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေငွေကြေး လွှဲပြောင်းခြင်းတွေမှာ ပိုမိုအဆင်ပြေ လွယ်ကူလာပေမဲ့…အောက်ခြေနိုင်ငံ့ဝန်ထမ်း
တွေနဲ့ အခြေခံ လူတန်းစားတွေကတော့ ကုန်ဈေးနှုန်းကြီးလာမှာကို အလွန်ပဲ စိုးရိမ်နေကြပါတယ်။ စီးပွားရေး သမားတွေအနေနဲ့ ရွှေနဲ့အခြားကုန်ပစ္စည်းတွေ သိုလှောင်တာတွေ လုပ်လာမယ်ဆိုရင်ကုန်ဈေးနှုန်းလဲကြီးလာမှာဖြစ်တယ်လို့
ပြောဆိုနေကြပါတယ်။ အောက်ခြေ၀န်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေ ၀င်ငွေနည်းပါးမှုနဲ့ကုန်ဈေးနှုန်းကြီးမြင့်မှု
အကြောင်းပြ၍ ငွေကြေးအသစ်ထုတ်လုပ်သုံးစွဲမှုအပေါ် နိုင်ငံရေးအမြတ်ထုတ်လိုသူတွေက
 သွေးထိုးလှုံ့ဆော်မှုကြောင့်ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိတဲ့အကြောင်း ပြောဆိုနေကြပါတယ်။
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ