Feb 4, 2013
လင်မယားနှစ်ယောက်ကိုဖမ်း ၊ ယောကျာင်္းကို ငယ်ပါဖြတ်သတ် ၊ အမျိုးသမီးကို အခုထိဖမ်းပြီး သတင်းဖျောက်ထားတဲ့ ကေအိုင်အေ ဗိုလ်မှူးတစ်ဦးရဲ့ လုပ်ရပ်
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
4:54 AM
6
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = စစ်ရေး, ပန်ကြားပါရစေ
ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှလိုင်ဇာသို့ လမ်းလျှောက်ကြသည့် အဖွဲ့များအား ပြည်ခိုင်ဖြိုး+NLD တို့မှ ပျဉ်းမနားမြို့အရောက်တွင် နံနက်စာကျွေးမွေးပြီး ကျန်းမာရေးအတွက် တပ်မတော်မှ ဆေးစစ်မှူများဆေးဝါးများထောက်ပံ့ခဲ့
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးကြီးမြင့်အောင်သန်းနှင့် ဆေးရုံအုပ်ကြီးတို့ကလည်း လမ်းလျှောက်သည့်အဖွဲ့အား ကျန်းမာရေးဆေးစစ်မှု ပြုလုပ်ပေးခဲ့ပြီး ငွေကျပ် တစ်သိန်းကျော်ဖိုးရှိ ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း ကိုရန်နိုင်ထွန်းက ပြောသည်။ အဖွဲ့ဝင် ၃၀ ကျော်ပါဝင်သော ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သော အဆိုပါအဖွဲ့သည် ရန်ကုန်မြို့မှ ဇန်န၀ါရီလ ၂၁ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး ယနေ့ညတွင် ပျဉ်းမနားမြို့နယ် နန့်အော်ကျေးရွာ၌ ညအိပ်ရပ်နားမည်ဖြစ်သည်။
From:[_Ko John _] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
3:46 AM
3
ယောက် ဆွေးနွေးခဲ့တယ်
Feb 3, 2013
လက်ပံတောင်း တောင် သံဃာများ မီးလောင်ဗုံးသင့်ခြင်းမဟုတ်ကြောင်း ဇာဂနာ သိသော်လည်း အစိုးရ ဖက်ရပ်တည်လိုက်ပါက ၀ိုင်းဆော်ခံရမည်ကို စိုးရိမ်သည့်အတွက် မပြောခြင်း ဖြစ်ကြောင်း ဇာဂနာ ဝန်ခံပြီ
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်သော ရပ်မိ/ရပ်ဖများ ဇာဂနာ ပြောဆိုခဲ့သည်မှာ လက် ပံေ တာင်းတောင် အရေးအခင်းဖြစ်နေချိန်တွင် ဆန္ဒပြ သံဃာများသည် ကျောင်းပိုင်မရှိသော သံဃာများ အများစုပါဝင်နေကြောင်း၊ အချို့သံဃာများသည် ရက်ပိုင်းလေးအတွင်း သင်္ဃန်းဝတ်ဆင်ထားသည် ဟု ၄င်းမှယူဆထားကြောင်း ပြောခဲ့ပါသည်။ လူအများစုမှာလည်း အဆိုပါ ကျေးရွာသားများသာ ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှ လူစုခွဲရန် နံနက်လင်းအားကြီးအချိန်တွင် အသံချဲစက်ဖြင့်ကြေညာသောလည်း သပိတ်စခန်း တွင် အိပ်ပျော်နေသော သံဃာနှင့် လူအများစု သည် ညနက်ပိုင်းအထိ စကားဝိုင်းဖွဲ့ ပြောဆိုခြင်း၊ ညနက်မှ အိပ်ယာဝင်ခြင်း တို့အတွက်ကြောင့် နံနက်လင်းအားကြီးချိန်တွင် လူစုခွဲခိုင်းမှုကို မထေ့မဲ့မြင် ပြုခြင်းသာဖြစ်ကြောင်း၊ သတ်မှတ်ချိန်ရောက်သောအခါ သပိတ်စခန်းမှ လူစုမကွဲ သဖြင့် သက်ဆိုင်ရာမှ မျက်ရည်ယိုဗုံး ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ သပိတ် မှောက် သူများယာယီ နေထိုင်သော ပလပ်စတစ် တဲများသည် မျက်ရည်ယိုဗုံး ကျခြင်းကြောင်း မီးလောင်မှုအနည်းငယ် သာရှိပါကြောင်း၊ သို့သော် အဆိုပါ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ လိုက်ပါလာသော မီးသတ် တပ်ဖွဲ့ဝင်များသည် သပိတ်စခန်းလူစုမခွဲသဖြင့် မီးသတ်ပိုက်ဖြင့် လူစုထပ်မံခွဲရပါကြောင်း၊
ထိုအခါ မီးသတ်ကားများမှ ရေကုန်သွားသောအခါ နံနက်လင်းအားကြီး အချိန်ဖြစ်သည့် အတွက် ရသည့်ရေ သွားရောက်ယူငင်ပြီး ရေစုတ်ရကြောင်း ထိုရေဖြင့် ထပ်မံ လူစုခွဲကြောင်း ၊အဆိုပါ ရေ ကုန်၍ ရေသွားရောက်ယူသော ဒီပဲရင်းမြို့နယ်ပိုင် မီးသတ်ယာဉ်(၁)စီးသာရှိပါကြောင်း၊ အဆိုပါ မီးသတ်ရေယာဉ်မှာ စုတ်ယူသော ရေသည် ကံဆိုးစွာ တရုတ်စက်ရုံမှ ထုတ်သော စွန့်ပစ်ရေ ကန် သည် အက်စစ် ပါ နေကြောင်း၊အဆိုပါ မီးသတ်ယာဉ်မှ ရေဖြန်းသူလည်း အက်စစ် လောင်ခံရကြောင်း ရေထိသော သံဃာ အများစုသည်လည်း အက်စစ်ထိမှန်သွားခြင်းသာ ဖြစ်ကြောင်း၊ ဒါကြောင့် ဆေးကု သသော်လည်း ရေထိပါက အက်စစ်ထိသော ခန္တာကိုယ်ပေါ်ရှိ ဒဏ်ရာများ သည် ပြန် ကြွနေသည့် အတွက် တော ဆေးကုသရန် ခက်ခဲနေခြင်း ဖြစ်ကြောင်း ရွာငံ့မြို့ ရပ်မိ/ရပ်ဖများကို ရှင်းလင်းပြော ကြားသွားပါသည်။
ရပ်မိ/ရပ်ဖများမှ ဒီအကြောင်း သတင်းမီဒီယာကို ဘာဖြစ်လို့ မရှင်းပြတာလည်း ဟု ဇာဂနာအား မေးမြန်းရာ ဇာဂနာမှ မိမိသည် အစိုးရ ဖက်ရပ်တည်ပါက ၀ိုင်းဆော်ခံရမည်ကို စိုးရိမ်သည့်အတွက် မပြောခြင်း ဖြစ်ကြောင်း ဖြစ်စဉ်အားလုံးကို ဒေါ်အောင်ဆန်းစုကြည် သိသော်လည်း ဆန္ဒပြလူစု ရဲကိုသာ စွပ်စွဲနေသည့် အတွက် အလိုက်သင့်လေးသာ နေရကြောင်း သို့သော် နိုင်ငံတော် သမ္မတကြီးထံ စုံစမ်းရေး ကော်မရှင်မှ တင်ပြစာတွင် ထည့်သွင်းဖေါ်ပြသွားမှာ ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သာ ဒီကိစ္စကို မီဒီယာမှ ရှင်းပြရန် တိုက်တွန်းသွားမှာ ဖြစ်ကြောင်း၊ ဖြစ်စဉ်မှန်များအား သိရလို့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်နှင့် ကိုကိုကြီးတို့ ခေါင်းရှောင်သွားပြီး နှုတ်ဆိတ်နေခြင်း သာ ဖြစ်ကြောင်း ၊မင်းကိုနိုင်လည်း စာပေဟောပြောပွဲများကို နယ်အနှံလိုက်လံဟောပြောနေသောလည်း ဒီကိစ္စကို ရေငုံနှုတ်ပိတ် မရှင်းပြတာကိုလည်း အံ့သြ မိကြောင်း ရပ်မိ/ရပ်ဖများကို ရှင်းလင်းသွားပါသည်။From:[_ ခေတ်သစ်မြန်မာ_] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
11:34 AM
7
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
တရားရုံးချုပ်ကို ဟိုတယ်အဖြစ် တည်ဆောက်မည့် ကိစ္စအားအရေးကြီးအဆိုအဖြစ် လွှတ်တော်တွင် အဆို တင်သွင်းမည်
From:[_ဆုဝေ/ The Myanma Age_] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:30 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
Feb 2, 2013
ဗိုလ်ကြီးဟောင်း နေမျိုးဇင် ရဲ့ ဟန်ဆောင်အရေခွံကို ကျောက်ခဲဖြင့် ထုနှက်ရိုက်ခွဲကာ ခွါပြလိုက်ခြင်း
ရဲကို သူပဲ လက်ထိပ်ခတ်ခိုင်းပြီး အား.နာတယ်ဆိုပြီး ထငိုတဲ့ စစ်ဗိုလ်ဟောင်းကွလို့ပြောတတ်တဲ့ အခြောက်
ကလေး နေမျိုးဇင်ရဲ့ မူယာမာယာတွေကိုအောက်ပါဗီဒီယိုတွင်ကြည့်ရှူနိုင်ပါသည် ။
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
9:54 PM
7
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ, ပန်ကြားပါရစေ
မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ကုမ္ပဏီ တွေ့ဆုံနေပြီ
မွန်ပြည်နယ် အစိုးရ အဖွဲ့ ရုံးခန်းမ၌ ဇန်နဝါရီ ၂၉ရက် မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ထိုင်းနိုင်ငံ AmmitaCo မှ Mr.Aukklik ဦးဆောင်သော ထိုင်း လုပ်ငန်းရှင် များနှင့် မော်လမြိုင်-ရန်ကုန် ကျည်ဆန်ရထား
လမ်းဖောက်လုပ်ရေး ကိစ္စနှင့် ပတ်သက်၍ လက်ခံ တွေ့ဆုံခဲ့ရာ တွေ့ဆုံပွဲသို့ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် မြန်မာ့ မီးရထားမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
တွေ့ဆုံရာတွင် ထိုင်းကုမ္ပဏီ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဦးအောင်ကျော်သန်းက ရန်ကုန်-မန္တလေးနှင့် မော်လမြိုင်တွင် ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရန် ပြည်ထောင်စု ဝန်ကြီးထံ တင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော် သမ္မတထံ တင်ပြပြီးနောက် မော်လမြိုင်- ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရန် ပြောကြားသဖြင့် လာရောက် တွေ့ဆုံခြင်း ဖြစ်ပြီး ရထားမှာ ဘီးမပါဘဲ မဂ္ဂနစ်နှင့် လျှပ်စစ်နှစ်မျိုး ပေါင်းပြီး ဂျာမနီ နည်းပညာဖြင့် ဆောင်ရွက်မည် ဖြစ်သည်။
အဆိုပါ ရထားသည် တစ်နာရီကီ လိုမီတာ ၅၈ဝ နှုန်းဖြစ်၍ ရန်ကုန်-မော်လမြိုင် တစ်နာရီ မကြာနိုင်ကြောင်း၊ လမ်းခရီး အတွက် တစ်ဦးလျှင် ငွေကျပ် ၆ဝဝဝသာ ကျသင့်ကြောင်း၊ ရထားလမ်း အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၅ ဘီလီယံ ကုန်ကျမည် ဖြစ်ကြောင်း၊ အကျိုးအမြတ် ရရှိငွေ များကို မြန်မာနိုင်ငံ အတွက် အချိုးကျ ခွဲဝေ ပေးမည် ဖြစ်ကြောင်းနှင့် BOT စနစ်ဖြင့် လုပ်ကိုင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြား သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်က အဆိုပါ စီမံကိန်းမှာ ခရီးသွား လာမှု အဆင်ပြေရေး ဖြစ်သည့် အတွက် ကြိုဆိုပါကြောင်း၊ မိမိတို့ အစိုးရ အဖွဲ့က လိုအပ်သည် များကို ကူညီ ပံ့ပိုးပေးမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားကြောင်း သတင်း ရရှိသည်။
From:[_ မြ၀တီ_] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
5:07 PM
3
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
မြန်မာ့ဆက်သွယ်ရေးထိပ်ပိုင်းအရှုပ်တော်ပုံများ..စလာပြီ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:06 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
Eleven အတွက် တပ်မတော်အရာရှိကြီးတစ်ဦးမှ ပေးသောစာ
ကျွန်တော်ဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီး တစ်ယောက်ပါ။ နောက်တစ်ခု ၀န်ခံရ ရင် တော့ Eleven ရဲ့ ပရိတ်သတ်ဆိုလျှင် မမှားပါဘူး။ Eleven ကို ဘောလုံးဂျာနယ် ထွက်ကတည်းက အားပေး လာတာပါ။ လမ်းမှာ တွေ့လို့ ၀ယ်ရင်လည်း Eleven မှလွဲ၍ မည်သည့် ဂျာနယ်မှ မ၀ယ်ပါ။ ယခု အ ချိန် ထိ ရုံးမှာလည်း အားပေး ၀ယ်ဖတ်ဆုံးဖြစ်ပါတယ်။ ယနေ့ Eleven အရေးအသားနဲ့ တပ်မတော် အပေါ် အရေး အသားကို အကြံပြု ပြောချင်လို့ပါ။
ယခုအချိန် တပ်မတော်မှာ ကာချုပ်မှအစ တပ်သားအဆုံးထိ အပြောင်းအလဲကို လိုလားနေတယ်ဆို တာ အမှန် တရားပါ။ ဒေါက်တာ TTA ပြောခဲ့သလိုပဲ လူတိုင်းက မကောင်းနဲ့ ရေးသလို ရာခိုင်နှုန်း တော်ေ တာ် များများက ကင်းရှင်းကြပါတယ်။ ငွေကြေး၊ မိန်းမ၊ စည်းကမ်းပိုင်း ဆိုင်ရာမှာ ကာချုပ်အနေနဲ့ ဘယ်ေ တာ့ မှ ခွင့်မလွှတ်ပါဘူး။ တပ်မတော်ကို အရည်အသွေးနဲ့ အရည်အချင်း ရှိဖို့ကလွဲ၍ မည်သည့် အကြောင်း မှ စိတ်မ၀င်စားပါဘူး။
ယခု လက်ရှိအခြေအနေတွေကို ကြည့်တဲ့အခါ လူတွေအားလုံးက စစ်တပ်ကိုပဲ လက်ညှိုးထိုးပြီး ပြောေ နကြ သည်လို့ ထင်ပါတယ်။ ထင်လည်း ထင်လောက်စရာပါ။ အခု တပ်မတော်ထဲမှာ တာဝန် ထမ်းေ ဆာင် နေတဲ့ လူတော်တော်များများဟာ ဘာမှမလုပ်ခဲ့ ကြပါဘူး။ လုပ်ခဲ့တဲ့ သူတွေကလည်း ဘယ်နားမှာ ရှိ တယ်၊ ဘာတာဝန်တွေ ထမ်းဆောင်ခဲ့တယ်၊ ဘာတာဝန်တွေ ထမ်းဆောင်နေတယ် ဆိုတာ သိကြမှာပဲ၊ ၂၀၁၅ ရောက်လို့ မည်သည့် အစိုးရ တက်တက် စစ်တပ်က သစ္စာရှိပြီး ပေးအပ်တဲ့ အမိန့်နဲ့ တာဝန်ကို ကျေပွန် စွာ ထမ်းဆောင်မှာပါ။ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်စေမည့် အကြောင်းအရာများမှ လွဲ၍ ဖြစ် ပါတယ်။
လူဆိုတာ မိမိအဖွဲ့အစည်းကို မကောင်း ပြောဆိုပါက မကြိုက်ပါ။ ဓမ္မတာပါ။ အခုစစ်တပ်မှာ တာ ၀န် ထမ်းဆောင်နေတဲ့ အရာရှိငယ်တွေ ဆိုတာ ပညာတတ် လူငယ်တွေ ဖြစ်ပါတယ်။ နေ့တိုင်း မကောင်း ပြော ခံ ရပါက စိတ်ထဲမှာ ပေါက်ကွဲ ကြပါတယ်။ အင်တာနက်ဆိုတာ ယနေ့အချိန်မှာ ပေါပေါသီသီ သုံးနိုင် ပါတယ်။ မသုံးရလို့လဲ အမိန့်ထုတ်ခွင့် မရှိပါဘူး။ လုံခြုံမှု ရှိသော အချက်အလက်များ မပေါက် ကြားအောင် သာ ထိန်းသိမ်းဖို့ ပြောကြားလိုက်ပါတယ်။ စစ်တပ်ဆိုတာ တစ်ဦးတည်း ရှိနေတာ မဟုတ်ဘူး။ မိသားစု၊ အပေါင်း အသင်းတွေ ရှိကြပါတယ်။ အကုန်လုံး Online ပေါ်ရောက်ရှိ မကြေနပ်တာတွေ ရင်ဖွင့်တယ်။ ပေါက် ကွဲ ကုန်တယ်။ နိုင်ငံရေးအရ ထိုးကျွေးခံပြီး သေကြေဒဏ်ရာရပြီး အကောင်း ပြောမခံရတာ တွေကို မုန်း လာတယ်။ ဒါ အခြေခံတရားပဲ။
ဒါဆိုရင် ဘာလုပ်ကြသလဲ? စစ်တပ်ကို ဖျက်ပစ်မှာလား? ကာချုပ် အငြိမ်းစား ယူရင် နောက်တစ်ေ ယာက် လာဦးမှာပဲ။ စစ်တပ်က အမြဲတမ်း ရှိပြီး တိုင်းပြည် တာဝန်ကို ထမ်းဆောင် နေဦး မှာပဲ။ စစ်တပ်က လူတွေ အခုချိန် စိတ်ထဲမှာ ခံစားနေရတာ တစ်ခုကတော့ အနှိမ်ခံရတယ်။ စစ်တပ် ကို မကောင်းပြောပြီး လုပ်စားနေကြတယ်လို့ မြင်တယ်။ အဲဒီ အမြင်ကို ဒီထက် ၀ါမကြီးစေချင်ပါဘူး။ ဒါေ ကြာင့် အပြုသဘော ဆောင်တဲ့ အရေးအသားတွေကို ထားပြီး အကြံပေးရင်တော့ ကောင်းမယ် ထင် ပါ တယ်။
From:[_ Opposite Eye_] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
12:29 PM
2
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, ပေးစာကဏ္ဍ
Feb 1, 2013
myanmar express ဖောက်ချပြီဖြစ်တဲ့ Eleven သန်းထွဋ်အောင် အကြောင်း
ဦးသန်းထွဋ်အောင်အား Excel Treasure မာဆက် မှ တရားစွဲမည်
Eleven Media မှ ဦးသန်းထွဋ်အောင်အား Excel Treasure မာဆက် မှ တရားစွဲမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောဆိုလိုက်ပါတယ်။ ဦးသန်းထွဋ်အောင်ဟာ Excel Treasure မာဆက်ကို ၂၀၀၇ ခုနှစ်ကတည်းက အမြဲသွားသူဖြစ်ပြီး ကောင်မလေးများကို ခေါ်သွားတတ်တဲ့အကြောင်းအား မျက်မြင်တစ်ဦးမှ Myanmar Express ကို အခုလိုပြောပြပါတယ်
From:[_ http://www.myanmarexpress.net/2013/02/excel-treasure.html_]
==================================================
(မောင်ကျောက်ခဲ အဖွဲ့ သိထားသော အချက်များ ဖြည့်စွက်ချက်)
တကယ်တော့ ဒီကိစ္စတင်မဟုတ်ဘူး .။တာမွေမှာ အခန်းတစ်ခန်းဝယ်ပေးထားတဲ့ ( န) အက္ခရာနဲ့စတဲ့ အသက် ၂၆ နှစ်ကောင်မလေးလည်း ရှိသေးတယ် ။သူက ကီပင် သဘောမျိုး ။ကောင်မလေးကို သူပဲ ကျောင်းထားပေးခဲ့တာ ။ကောင်မလေး အမေက သာကေတမှာ ရှိတယ် ။အရပ်စကားပြောရင် မွေး-စား တာပေါ့ ။သန်းထွဋ်အောင်က သူ့မိတ်ဆွေကုမ္မဏီမှာ အလုပ်သွင်းပေးထားတာ ။အဲဒီမိတ်ဆွေဆိုတာကလည်း သူ့လိုပဲ စားဖားကြီး ။သန်းထွဋ်အောင် နယ်ဝေး
ခရီးသွားမယ်ဆိုရင် အဲကလေးမလေးကလည်း ကုမ္မဏီကိစ္စနဲ့ဆိုပြီး ကြိုပြီးခရီးထွက်သွားတတ်တယ် ။ဟိုကျမှ ဆုံကြတာပေါ့ ။အခုတော့ အဲကောင်မလေးဆီမလာတော့ဘူး ။ဓါတ်ပုံမော်ဒယ် ကောင်မလေး ၂
ယောက်ကို စပွန်ဆာပေးနေတယ် ။မယုံ ရင် ရန်ကုန်ကနာမည်ကြိး ဖိုတိုဂရပ်ဖာတွေကိုမေးကြည့် ။
ဒါနဲ့ တာမွေက ကီပင်လေး အလုပ်လုပ်နေတဲ့ ကုမ္မဏီက Y နဲ့စတယ်..သန်းထွဋ်အောင်ဘော်ဒါတွေမှာ
အဲဒီနာမည်နဲ့ စတဲ့ လုပ်ငန်းရှိရင် သိကြမှာပေါ့ ။
(မောင်ကျောက်ခဲ)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
9:42 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင် မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရ
ပြည်သူ့လွှတ်တော်၊တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ မှ သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့၊နံနက် ၉နာရီဝန်းကျင် အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ ၁၁၅မိုင် စားသောက်ဆိုင်များအနီး၊ဖြူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
''အန်တီက ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်နေ့)မှာ နိုင်ငံခြားက ပြန်လာမယ်။သူပြန်လာတဲ့အခါမှာ လာကြိုမယ့်သူတွေကို နေပြည်တော်က အိမ်ကနေ အထုပ်တစ်ထုပ် ယူလာဖို့ ပြောထားတယ်။အဲဒီအထုပ်ကို သယ်လာတဲ့ အန်တီရဲ့ကားက ရန်ကုန်ကနေ နေပြည်တော်ကို လာတဲ့အချိန်မှာ ၁၁၅မိုင် စားသောက်ဆိုင်တစ်ခုမှာ ကားရပ်ပြီး ခဏ၀င်နားတယ်။သူပြန်လာတော့ ရပ်ထားတဲ့ကားပေါ်က အထုပ်မတွေ့ရတော့ဘူး။ဒါ့ကြောင့် ဖြူးရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်''ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးထံမှ သိရှိရသည်။
အခိုးခံရသည့် အထုပ်တွင် တန်ဖိုးကြီးပစ္စည်းများ ပါဝင်နိုင်ဖွယ် မရှိကြောင်း မည်သည့်ပစ္စည်းများ ပါဝင်သည်ကို အတိအကျ မသိရှိရသေးကြောင်း အဆိုပါ လွှတ်တော် ကိုယ်စားလှယ်က ပြောကြားခဲ့ပါသည်။
From:[_ Myanmar Online News_] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
4:31 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
လိုင်ဇာရောက် ပြည်တွင်းပြည်ပ Media များ၏ တင်ပြချက်များသည် တိုက်ပွဲများအတွက် အထောက်အကူများစွာ ရရှိခဲ့ကြောင်း မြန်မာ့တပ်မတော်အရာရှိတစ်ဦးမှ ပြောဆို
လဂျားယန်တို့၊ လိုင်ဇာအ၀င်ဝမုဒ်ဦးတို့ မိုးလဲချောင်းတံတားတို့ဆိုတာ အရင်က ကျွန်တော်တို့ မရောက်ဖူးပါဘူး။ ဒါပေမယ့် Internet မှာ ABSDF က မင်းဌေးတို့ကလည်း အဲဒီဒေသတစ်ဝိုက်ကဓာတ်ပုံတွေ ဗီဒီယိုတွေတင်ထားတော့ အဲဒီအချက် အလက်တွေကြည့်ပြီး ကြိုတင်စစ်ရေးသုံးသပ်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒါအပြင် ပြည်တွင်းပြည်ပ သတင်းေ ထာက်တွေတင်တဲ့ ဓာတ်ပုံတွေကြည့်ပြီး KIA အဖွဲ့က ကတုတ်ကျင်းတွေဘယ်လိုအနေ အထားရှိတယ်၊ ဘာလက်နက်တွေ
သုံးတယ်၊ ဘယ်လိုစစ်အသုံးအဆောင်ပစ္စည်းတွေရှိတယ်ဆိုတာ ခန့်မှန်းလို့ရပါ တယ်လို့ ပြောဆိုခဲ့သည်။ ထို့ပြင်၎င်းက လဂျားယန်တိုက်ပွဲမှာ ကျွန်တော်တို့ကိုအများဆုံးကူညီသွားတာကတော့ ABSDF မြောက်ပိုင်းက ကိုမင်းဌေးကြီးပါဘဲ။ သူက တိုက်ပွဲဖြစ်နေချိန် မှာ နောက်ဆုံးအခြေ အနေတွေကို သူရဲ့ face book ကနေ update လုပ်နေတော့ ကျွန်တော်တို့ သူတို့ခေါင်းဆောင်ပြီး အုပ်စုတွေရှိနိုင်တဲ့နေရာ၊ သူတို့အဖွဲ့တွေ နေရာ ချထားနိုင်တဲ့နေရာကို ခန့်မှန်းရလွယ်သွားပါတယ်ဟု ပြောဆိုသွားသည်။
![]() |
ဓာတ်ပုံ - ကတုတ်ကျင်းထဲရောက် သတင်းသမား (ဒေါင်းမာန်ဟုန်)
သံလွင်
|
လဂျားယန်ဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ တိုက်ပွဲဖြစ်စဉ်
အသေးစိတ်အား ABSDF မြောက်ပိုင်းမှ ဗိုလ်မှူးမင်းဌေး၏ facebook တွင် အမြဲ Update လုပ်၍ ကြေငြာခဲ့သော်လည်း ယခုအခါ၎င်း၏ facebook တွင် သတင်းများတင်ပြနိုင်ခြင်းမရှိတော့ပေ။
KIA အဖွဲ့အနေဖြင့် ယခင်ကတည်းက ပြည်တွင်းပြည်ပမီဒီယာများအား လိုင်ဇာမြို့ သို့ဖိတ်ခေါ်သတင်းယူခွင့်ပြုခဲ့ပြီး တိုက်ပွဲဖြစ်စဉ်မှာပင် တိုက်ပွဲသတင်းများကို CNN၊ BBC ၊ အယ်ဂျာဇီးယား စသည့် သတင်းဌာနများတွင် ပါဝင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာစစ်တပ်နှင့် ပတ်သက်၍ ပြည်တွင်း ရှိ Media လောကသားများမှ
မြန်မာစစ်တပ်သည် Media နှင့် ကင်းကွာနေကြောင်း မြန်မာစစ်တပ်ဖက်မှ သတင်းများရယူလိုသော်လည်း မရနိုင်ကြောင်း ဝေဖန်ပြော ဆိုခဲ့ကြသည်။
From:[_ Myawady News_] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
3:54 PM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
Jan 31, 2013
ဒေသခံများကို ကာကွယ်ရန် ဆောလော်တွင် ပြည်သူ့စစ်များအား လက်နက် များ ပေးအပ်
ပြည်သူ့စစ်များသို့ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ကျည်ကာ အင်္ကျီ များ၊ ဦးထုတ်များကိုပါ ပေးအပ် ခဲ့ပါသည်။ ပန်ဝါဒေသတွင် ကချင်မျိုးနွယ်စုများဖြစ်သည့် လချိတ်နှင့် ရ၀မ်များ အများစုနေထိုင်ပြီး အခြား တိုင်းရင်းသားများလည်း နေထိုင်ကြသည်။ KIA မှ ဂျိမ်းဖောလူမျိုးဝါဒကို ကျင့်သုံးပြီး ကချင်တိုင်းရင်းသား အချင်းချင်း အခြားကချင်များ ကို နှိပ်စက် သူတွေကြောင့် ကာကွယ်ရန် လက်နက်များကို တပ်ဆင်ပေး ရခြင်း ဖြစ်ကြောင်း ပန်ဝါဒေသခံများ ပြောဆိုချက်အရ သိရှိရသည်။
From:[_ Kachin Daily News_]
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
9:01 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
Eleven ဂျာနယ်က တိုက်ခိုက်လိုက်ပြီဖြစ်တဲ့ မေဇင်အေး(ခေါ်)ဒီမိုဖက်တီး(ခေါ်)ခွန်ဒီးယမ်
ဒီမိုဖက်တီးရဲ့ အကောင့်ခွဲတွေကိုလည်း သိရှိထားပါကြောင်း၊ မိမိတို့ ဂျာနယ်နှင့်လည်း ကြော်ငြာငွေပေးသွင်းသည့် ကိစ္စနှင့်ပတ်သက်၍ ခွန်းကြီးခွန်းငယ် စကားများကာ တရားရုံးအထိ ရောက်ခဲ့ ဖူးကြောင်း၊ ထို့ကြောင့် မေဇင်အေးသည် ဒီမိုဖက်တီး၊ ခွန်ဒီးယမ် နှင့်အခြား အကောင့်ခွဲများမှ မိမိတို့ မီဒီယာကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဤ သည်မှာ လက်ရှိအခြေအနေတွင် မလုပ်သင့်ကြောင်း၊
သမ္မတဦးသိန်းစိန်သည် လည်း လက်ရှိအပြောင်းအလဲများကို အဓိက ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ဒီမိုဖက်တီးအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တည်ဆဲအစိုးရကို တိုက်ခိုက်စော်ကားမှုများ အပြင်းအထန် ပြုလုပ်လာခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်မှုများ ထွက်ပေါ်လာသည်ကို လေ့လာတွေ့ရှိရကြောင်း၊
မိမိတို့ အနေဖြင့် တရားဝင် တာဝန်ခံ၊ တာဝန်ယူထားသော မီဒီယာ ဖြစ်ကြောင်း၊ မေဇင်အေးအနေဖြင့်လည်း လေဒီးဂျာနယ်မှ သတ္တိရှိရှိ ဖော်ပြခြင်းများ ပြုလုပ်ကာ သိက္ခာရှိသော မီဒီယာအဖြစ် နောင်တွင် ရပ်တည်သွားသင့်ကြောင်း၊
ခွန်ဒီးယမ်၊ ဒီမိုဖက်တီး စသည့် facebook account များက ဤသို့ တိုက်ခိုက် စော်ကားမှုများ ပြုလုပ်နေသည်မှာ မေဇင်အေး ဖြစ်သည်ကို ခေတ်မီ နည်းပညာများအရ အစိုးရအနေဖြင့် သိရှိထားနိုင်ဖွယ်ရာ ရှိကြောင်း၊ မေဇင်အေးကြောင့် facebook ပိတ်ပင်ခြင်းမှာလည်း လက်ရှိ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေ မရှိကြောင်း၊ လွတ်လပ်စွာ ပြောကြားခွင့်နှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည့်အနေအထားတွင် အစိုးရဘက်က ဆင်ခြင်သုံးသပ်နေသည်ဟု ခန့်မှန်းရကြောင်း၊
ဤသို့သော အောက်တန်းကျသော လုပ်ရပ်များကို မည်သည့်ဘက်ကဖြစ်စေ ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း၊ ဒီမိုဖက်တီးဘက်မှလည်း ဆက်လက်ဖော်ပြခြင်း မပြုရန်လိုအပ်မည် ဖြစ်ကြောင်း၊ မီဒီယာသည် ပြည်သူလူထုဘက်မှ ရပ်တည်ရမည်သာ ဖြစ်၍ ပြည်သူ့အကျိုးကို ထိခိုက်လာနိုင်သည် facebook ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း စသည်တို့ ဖြစ်ပေါ်လာပါက မိမိတို့ ယနေ့ ပြောကြားထားသည့်အတိုင်း ဖန်တီးလှုံ့ဆော်သူများကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်းပြောကြားသည်။ (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
1:19 PM
6
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
မီဒီယာ သမားတွေ ကြောင့် KIA စစ်ရှုံးခဲ့သလော
From:[_ မြန်မာ့သားကောင်း _] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
11:11 AM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
| ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ | ကြိုဆိုသူများနဲ့ အင်တာဗျူး |
| တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ | ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ |
| အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ | မြန်မာ့သိုင်းအစွမ်း |
Latest Videos
| 88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် | ပြောင်ကြီးဘာလို့ထောင်ကျ |









.jpg)
.jpg)

.jpg)






.jpg)










