Jan 13, 2013
KIAတပ်ဖွဲ့ကရှေ့တန်းစစ်သားများနေရာတွင် လီဆူးလူမျိုးများဖြင့် အစားထိုး
KIAလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံတော်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ(၁၁)ကြိမ် ပြုလုပ်ပြီး သည့်တိုင် ထူးခြား ထင်ရှားတဲ့ အဖြေရလာဒ်တစ်ခု ပေါ်ထွက်မလာခဲ့ပါဘူး။ ၂၀၁၂ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ နှစ်ဦးနှစ်ဖက် အဆင့်မြင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေပါဝင်ပြီး တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင် ထားပေမယ့် KIA ဘက်က စစ်ဘက် ခေါင်းဆောင် ပိုင်းက တက်ရောက်မှုမရှိတာကြောင့် ဆွေးနွေးပွဲ ပျက်ပြား သွားခဲ့ရ ပါတယ်။ အဲဒီ နောက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲ တွေ ပြင်းထန်လာခဲ့ပြီး နှစ်ဖက်စလုံးမှာ ကျဆုံးမှုတွေရှိ နေခဲ့ပါတယ်။ စစ်တပ်က ပစ်ခတ် တိုက်ခိုက်မှုတွေပြင်းထန် လာတာမို့ KIA ခေါင်းဆောင်ပိုင်း အနေနဲ့ တရုတ် ပြည်ဘက်ကို တိမ်းရှောင် နေကြ ပါတယ်။
KIA တပ်ဖွဲ့တွေမှာ ကျဆုံးမှုတွေပိုမိုများပြားလာပြီး ထွက်ပြေးတာတွေ၊ အစိုးရထံမှာ လက်နက် ချတာတွေ ရှိနေတာ ကြောင့် KIA စစ်ဦးစီးချုပ်က တရုတ်ပြည်ထဲမှာ အရင်ကတည်းက ရောက်နေတဲ့ လီဆူး လူမျိုးတွေကို KIA တပ်မှာ အမှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်နေပါတယ်။ လီဆူးလူမျိုးတွေကို KIA အဖွဲ့ရဲ့ ရှေ့တန်းတိုက်ပွဲတွေအတွက် အသေခံတပ်ဖွဲ့အဖြစ် ဖွဲ့စည်းပေးပြီး တိုက်ခိုင်းနေပါတယ်။ ရှေ့တန်းစခန်း တွေ မှာရှိနေတဲ့ ဂျိမ်းဖော လူမျိုးတွေရဲ့ နေရာမှာ လီဆူးလူမျိုးတွေနဲ့ အစားထိုးခြင်း ဖြစ်ပါ တယ်။ ``ခိုင်းတဲ့အတိုင်း လုပ်တတ်တဲ့ လီဆူးလူမျိုးတွေကို အစားထိုးခြင်း ဖြစ်တယ်``လို့ KIA တပ်ရင်းမှူး တစ်ဦးဖြစ်တဲ့ ဗိုလ်မှူး မဒွမ်နော်ကပြောပါတယ်။
နာမည်ကျော် လီဆူးတိုင်းရင်းသူ သရုပ်ဆောင် ခင်လေးနွယ်အား အကယ်ဒမီပေးပွဲတွင် တိုင်းရင်းဝတ်စုံဖြင့်တွေ့ရစဉ်
From:[_Kacin Daily News _]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
၁၅ နှစ်ကျောင်းသူကို အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့တဲ့ ကေအိုင်အေ ရဲဘော် ၅ ယောက်ကို တွေ့ရှိဖမ်းမိပြီ
နေစရာမရှိလို့နန့်ဆန်ယန်ဘုရားကျောင်းမှာမှီခိုပြီးနေတဲ့ကချင်မိန်းကလေးကျောင်းသူတစ်ဦးအားဇန်နဝါရီလ၇ ရက်နေ့ ကKIAမှလူမဆန်စွာအုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့ တဲ့KIAသောင်းကျန်းသူ၅ဦးအနက်မှ ၄ဦးအားဒီနေ မွန်းလွဲ၂နာရီကနန့်မွန်းကျေးရွာအပြင်ဘက်၅မိုင်အကွာတွင်ဖမ်းမိခဲ့ ကြောင်းမြန်မာ့မျိုးချစ်တပ်မတော်၊တပ်ရင်း(.... .)မှတပ်ရင်းမှူးကပြောသည်။
"ဒီကောင်တွေကသင်းကွဲတွေပါ...တပ်မဟာ(၁)၊ တပ်ရင်း(၉)ကကောင်တွေ...ပြီးခဲ့တဲ့အပါတ်က သူတို့တပ်ရင်းနန်လတ် ချောင်းမှာ အထိနာပြီး အုပ်စုကွဲသွားတာ ဖြစ်ပါတယ်..
ဒါနဲ့ဒီကောင်တွေခွေးပြေးဝက်ပြေး ပြေးပြီးနီးစပ်တဲ့နန့်ဆန်ယန်ရွာ နားမှာကပ်နေတာပါ...ဒါနဲ့ကောင်မေ လးတစ်ယောက်တည်းဆိုတော့ခွေးပြေးေ ပြးတဲ့ကောင်တွေကခွေးစိတ်ဝင်တော့ တာပေါ့ဗျာ..ဒီကောင်တွေထဲကတစ်ယောက်တော့ဖမ်းမိတုန်းကသတ်မယ်ထင်ပြီးချီးတောင်ပါချတာဗျ..ကြောက်ချီး ပေါ့ဗျာ..ဒီကောင်တွေကိုကျွန်တော်တို့ မသတ်ပါဘူး..တရားဥပဒေအတိုင်းဆောင်ရွက်မှာပါ" ဟုပြောသည်။
နန့်ဆန်ယန်ရွာမှကချင်တိုင်းရင်းသားများကတုတ်၊ဓါးကိုယ်စီကိုင်ပြီးတရားခံများအားထုတ်ပေးရန်တောင်းဆိုပေမယ့်လည်းမြန်မာ့မျိုးချစ်တပ်မတော်ကပြည်သူများအားဖျောင်းဖြပြောဆို ထိန်းသိမ်းခဲ့ရကြောင်းသိရှိရသည်။
အခုတော့တရားခံKIAမုဒိန်းကောင်များအားသက်ဆိုင်ရာမှမြစ်ကြီးနားမြို့သို့ပို့ ဆောင်ပြီးအရေးယူဆောင်ရွက်လျှက် ရှိကြောင်းသိရှိရသည်။
From:[_(စင်္ကာပူဖီး) _]
(KIA သူပုန်တွေ ကျောင်းသူတစ်ဦးအား လူမဆန်စွာ အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့) သတင်းအား ပြန်ဖတ်ရန် ။ Link အား Click ပါ ။(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား ဆောင်းပါးနှင့်ပတ်သတ်၍သတိပေးကန့်ကွက်ခြင်း
ယခင်အခါက တိတိကျကျဆိုရလျှင် ၂၀၁၂ အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်း ၂း၁၀ မိနစ်တွင် ကျွန်တော့်ဆရာမောင်ကျောက်ခဲ အနေဖြင့် (ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား) ဟူသော ဆောင်းပါးကို ကျွန်တော်တို့ မောင်ကျောက်ခဲဆိုဒ်ကပင် ရေးသားတင်ပြခဲ့ပါသည် ။အဆိုပါ Link တွင်ပြန်လည်ဖတ်ရှူတိုက်ဆိုင်စစ်ဆေးကြည့်ပါ ။
(http://www.mgkyautkhae.com/2012/10/blog-post_24.html)
 မြန်မာနိုင်ငံတွင်စပစ်ဖိုင်းယားများတူးဖော်မည်ဟုဆိုကတည်းက ရေးသားတင်ပြခဲ့သော ဆောင်းပါးဖြစ်ပါသည် ။ယခု အခါ အဆိုပါ ဆောင်းပါးကို လူမှူကွန်ယက်တစ်ခုဖြစ်သော Facebook တွင် အချို့သော သူများမှ ၄င်းတို့ကိုယ်တိုင်ရေးသား သယောင်ယောင်ဖြင့် ဖြန့်ချီနေသည်ကိုတွေ့ရပါသည် ။ကျွန်တော့်ဆရာ မောင်ကျောက်ခဲမှ သူရေးသော စာမှာ ပြည်သူတို့စိတ်ထဲရောက်လျှင်ပြီးတာပဲ ဟု နှစ်သိမ့်နိုင်သော်လည်း ကျွန်တော်တို့ မောင်ကျောက်ခဲ အဖွဲ့သားများအနေဖြင့် ယခုကဲ့သို့ စာမူခိုးချကာ ရုပ်တည်ကြီးနဲ့ လူထင်ကြီးခံနေသည့် FaceBook အသုံးပြုသူများအားမြင်လာသည့်အတွက် ပညာမတတ်ပဲ ပညာရှိယောင်ဆောင် ။ မသိပဲ သိယောင်ကား လုပ်သူများအား များစွာ ရွှံရှာစပ်ဆုပ်မိပါကြောင်း ကန့်ကွက် ရေးသားလိုက်ပါသည် ။
(မောင်မောင်ဒိန်-မောင်ကျောက်ခဲ အဖွဲ့ဝိုင်းတော်သားတစ်ဦး)
================================================================ ======
(ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင်ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား)
ဆောင်းပါးအား ပြန်လည် ဖော်ပြပေးလိုက်ပါသည်။
ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့ ။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။
spitfires တွေကို မြန်မာနိုင်ငံမှာမြေမြှုပ်ထားတုန်းကပုံဖြစ်နိုင်တယ်လို့ ပြောနေတဲ့ ပုံ
စပစ်ဖိုင်းယားတွေကို အစိတ်အပိုင်းလိုက်ထုပ်ပိုးပြီးသေတ္တာထဲကနေ ထုတ်ယူတပ်ဆင်နေတဲ့သမိုင်းဝင်ပုံတစ်ပုံပါ
ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ ဗြိတိသျှသမိုင်းတင်မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ် ။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ ။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို တူးဖော်ခွင့်ပေးခဲ့မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ် ။ဟုတ်ပြီ ။ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင် ဘဲစားဘဲခြေ လေး ကစားကြည့်ရအောင် ။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား ငမောက်ကြီး ဘယ်ရောက်နေတုန်း ။
ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။
  •  
  • ၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
  •  ၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား 
  •  ၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား 
  •  ၄။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား 
  •  ၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား 
  •  ၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား
  •  
  • ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ ကြီးကို ရောပြန်ပေးနိုင်မလား ။
  • ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ 
  • သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် 
  • စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း 
ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ် ။
ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ ဖြစ်နိုင်ပါတယ်
ပြီးတော့ ဗြိတိသျှ ပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှူ အနုပညာပစ္စည်းတွေ ပြန်ပေးမလား ။ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား ။အခုဗြိတိသျှ ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ ။ကျွန်တော်တို့နိုင်ငံကနန်းစဉ်ကျောက်တွေနဲ့လုပ်ထားတာပါ ။တန်ဖိုးလား ။ဟုတ်ကဲ့ ဗြိတိသျှနဲ့ပြင်သစ်နှစ်နိုင်ငံကမြေတွေကို အကုန်ဝယ်လို့ရနိုင်ပါတဲ့ တန်ဖိုးတွေပါ ။ ဒါတွေပြန်ပေးမလား ။
စပစ်ဖိုင်းယားတွေဟာ ဗြိတိသျှရဲ့ အမျိုးသားရေးဂုဏ်တစ်ခုပါ ။တကယ်လေးစားဖွယ်ကောင်းပါတယ် ။ဒီတော့ကာ ဗြိတိသျှတွေဆီရောက်နေတဲ့ ကျွန်တော်တို့ နန်းစဉ်ပတ္တမြားတွေကရော တန်ဖိုးမဲ့ခဲ့ပြီလား ။ဓါးပြတိုက်ယူသွားတဲ့ ကျောက်တွေမို့ အောက်ဈေးနဲ့ပဲ ရနိုင်တာပေါ့လို့ ဖြေသိမ့်တော့မှာလား ။အဲဒီကျောက်တွေကရော ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်တစ်ခုမဟုတ်တော့ဘူးလား ။ကမ္ဘာ့ကျောက်မျက်ရတနာလောကမှာ ပတ္တမြားငမောက်ဆိုတာ ဒဏ္ဍာရီအဆန်ဆုံး နာမည်အကြီးဆုံးပါ ။ Burmese Royal  Ruby လို့တသွယ် SuFaYarLatt's Ruby လို့တနည်း နဲ့ ခုချိန်ထိ နာမည်ကြီးဆဲပါ ။တသသပြောလို့မဆုံးတဲ့ ကမ္ဘာ့ကျောက်မျက်လောကရဲ့ စနိုးဝှိုက်ပုံပြင်တစ်ခုပါ ။ ကိုင်း ....အဲဒါနဲ့ တည့်-တည့် ပြန်ချိန်းလိုက်ရအောင်လား ။နိုင်ငံရေးစကားနဲ့ဆိုရရင် Win-Win အခြေအနေပါပဲဗျာ ။
နာမည်ကျော်စပစ်ဖိုင်းယားများ
အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆ စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တယ် ။အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာအနှံပြန့်ကျဲနေပါတယ် ။ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်းတည်း အကောင်းပတိ ရှိနေပါတယ် ။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင် ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ ။ ဒါမှမဟုတ် ၁၀ စီးကို ပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအတိုင်းပြန်ဆင်ပြီး အပျော်တမ်းကလပ်ပုံစံ သို့မဟုတ် ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာသူတွေအတွက် မောင်းနှင်စီးနင်းနိုင်အောင် လုပ်ထားခဲ့မယ်ဆိုရင် ???? ။
ဒုတိယကမ္ဘာစစ်အတွင်းက စပစ်ဖိုင်းယားလေယာဉ်တစ်အုပ်ကို မြန်မာပြည်တစ်နေရာတွင်တွေ့ရစဉ်
သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့  ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။
ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကျွန်တော်တို့ဆီလာကြည့်လာလေ့လာရမှာပါ ။အဲဒီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့ မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေ ထိုင်ယူနေရုံပါပဲ ။ဘယ်လောက်ကြာအောင် ထိုင်ယူနေမှာလဲ ။ဒီလေယာဉ်တွေ မြန်မာနိုင်ငံမှာရှိနေသမျှ နဲ့ နောင် သားစဉ်မြေးဆက်အထိ နှစ်ထောင်ပေါင်းများစွာ နိုင်ငံခြားငွေသဲ့ယူလို့ရမဲ့ အရာတွေပါ ။
သူတို့ကလည်း သူတို့နိုင်ငံရဲ့  ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ယဉ်ကျေးမှူအမွေအနှစ်တွေ ပြန်တောင်းတယ် ။ကဲ.ဒါ ရာဇဝတ်မှူလည်းမဟုတ်ဘူး ။ မလုပ်ရတဲ့ စည်းမျဉ်းလည်း မဟုတ်ဘူး ။သူတို့လူမျိုးဟာကျတော့ သိတတ်ပြီး
ကျွန်တော်တို့ ဟာတွေကျတော့ ခပ်တည်တည်နဲ့ ပြတိုက်ထဲထည့်ပြီး သူတို့နိုင်ငံက လုပ်စားပြစား ဂုဏ်ယူနေတာတော့ မဟုတ်သေးဘူးခင်ဗျ ။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Jan 12, 2013
အလင်းဝင်ရောက်လာသော ကေအိုင်အေ တပ်မဟာ ၅ မှ ကေအိုင်အေရဲဘော်တစ်ဦးမှ ၄င်းတို့အားလူတစ်ယောက်ကျည်တောင့် ၃၀ နှင့် တိုက်ခိုင်းထားပြီး ကေအိုင်အေအတွင်းရေးသိသူလုပ်သက်ရင့် ရဲဘော်များကို လိုင်ဇာတွင်ထိန်းချုပ်နေပြီဖြစ်ကြောင်း ပြောကြား
ကေအိုင်အေသောင်းကျန်းသူအဖွဲ့မှ အလင်းဝင်ချင်သူများအား ခြိမ်းခြောက်၍တနည်း မက်လုံးပေးကာတသွယ် ထိန်းချုပ်ထားနေပြီဖြစ်သည်။
အလင်းဝင်လာသော ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ ရဲဘော်တစ်ဦးအား သူ၏ မိသားစုမှ ဝမ်းသားအာရပွေ့ဖက်ကြိုဆိုနေပုံ
ကေအိုင်အေမှ ကွန်ပျူတာ အလုပ်လုပ်ရမည်။ လိုင်ဇာတွင် ထားမည်။ လခ ကောင်းကောင်းပေးမည်ဟုဆိုကာ စည်းရုံး ကာ ကေအိုင်အေ စစ်သားအဖြစ် သိမ်းသွင်းခြင်းခံခဲ့ရသည့် အလင်းဝင် ကေအိုင်အေ သတင်းဖြန့် တစ်ဦးမှ ကေအိုင်အေ တပ်ဖွဲ့အတွင်း ရိက္ခာ၊ခဲယမ်းများ မလုံလောက်တော့ကြောင်း၊ ရှေ့တန်းစခန်းများရှိ ကေအိုင်အေ ရဲဘော်များအား ကျည် ၂၉ တောင့်ခန့်သာ ပေးနိုင်တော့ကြောင်း ပြောခဲ့သည်ဟု သိရသည်။
သူ့ကဲ့သို့ပင် ဖမ်းဆီးပြီး ကေအိုင်အေ အတွက် ၀ါဒဖြန့် လုပ်ပေးရသူများကို လိုင်ဇာ ဌာနချုပ်တွင် ထားရှိကြောင်း၊ အပြင်သို့ သူတို့ မပါဘဲ ပေးမထွက်ကြောင်း၊ မိုင်းများ ထောင်ထားသည့်အတွက် ထိမှာ စိုးသည် ဟု အကြောင်းပြပြီး အဆောက်အအုံထဲတွင် ထိန်းသိမ်းထားခဲ့သည်ဟု ၄င်းမှ ဆိုသည်။
ကေအိုင်အေမှ စုဆောင်းခဲ့သည့် တိုင်းရင်းသားများအား ရခိုင်လူမျိုးဆိုလျှင် ရခိုင်တပ်ဖွဲ့၊ ရှမ်းဆိုလျှင် ရှမ်းတပ်ဖွဲ့ သီးခြားစီ ထားရှိကြောင်း၊ လူမျိုးစုများ တစ်စုစီခွဲခြား ဆက်ဆံယုံမက ကျွေးသည့် အစားအသောက်တွင်လည်း ကေအိုင်အေ ဂျိမ်းဖောများက အခွင့်အရေး ပိုရကြောင်း၊ မြန်မာ့တပ်မတော်မှ သတ်မည် မဟုတ်ဘဲ ကူညီထောက်ပံ့ပေးမည် ဆိုသော သတင်းများသူတို့ သိပါက ကေအိုင်အေကို ပြန်တိုက်ကာ အလင်းဝင်ကြမည် ဖြစ်သည်ဟု ၄င်းမှ ဆက်ပြောခဲ့သည်။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
KIA သူပုန်တွေ ကျောင်းသူတစ်ဦးအား လူမဆန်စွာ အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့
ဇန်နဝါရီလ၇ရက် နေ့ က နန့်ဆန်းယန် ဘုရားကျောင်းတွင်စစ်ဘေးရှောင်နေသော ကျောင်းသူတစ်ဦးအား KIAမှလူမဆန်စွာအုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ကြောင်းနန့် ဆန်ယန်ကျေးရွာမှပြည်သူ့ စစ်ခေါင်းဆောင်ဦးဂွမ်ရှောင်
ကပြောကြားသည်။အဆိုပါမိန်းကလေးမှာနန့်လတ်ချောင်းတွင်ဘုရားကျောင်းမှအဝတ်များကိုလျှော်ဖွတ်ရန်
သွားရောက်စဉ်KIAအဖွဲ့ မှအခုလိုအုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ကြောင်းသိရှိရသည်။
မ....မှ"သမီးကအဝတ်သွားလျှော်တာ..ချောင်းရောက်ခါနီးလမ်းမှာသူတို့ နဲ့ တွေ့ တာ...သမီးလည်းကြောက်တာနဲ့ 
ထွက်ပြေးတာမရဘူး........သူတို့ က ၅ယောက်တောင် ဝိုင်းဖမ်းပြီးချောင်းစပ်ကိုခေါ်ပြီး ဟိုလို လုပ်ကြတာ... သမီးအော်လို့ မရအောင်ပါးစပ်ကိုအုပ်ပြီးလက်တွေကိုလည်းဖိထားတော့ဘာမှလုပ်လို့ မရဘူး...
သူတို့ တစ်ယောက်ကိုတစ်ခါလုပ်တယ်..နောက်ဆုံးလုပ်တဲ့သူကနှစ်ခါလုပ်တယ်..
.ပထမတစ်ခါကပုံမှန်လုပ်တာ..နောက်တစ်ခါကမစင်ပေါက်ကိုလုပ်တာ"ဟုပြောသည်။
မ...မှာဘုရားကျောင်းသို့ ပြန်မလာသောကြောင့်ကျေးရွာသို့ သတင်းပို့ ခဲ့ရာကျေးရွာပြည်သူ့စစ်အဖွဲ့မှ
ချောင်းစပ်နားတွင်သွေးများဖြင့်မေ့နေသောမ...အားခေါ်ယူပြီးနီးစပ်ရာမြစ်ကြီးနားဆေးရုံသို
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ အင်အား ၃၅ ယောက် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်
KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ ဒုတိယ တပ်ရင်းမှူး လရိန် ဦးစီး အင်အား ၃၅ ဦး သည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၀၈၃၀ ချိန်ခန့်တွင် တပ်မဟာ(၅) နယ်မြေ အတွင်း၊ ဘန်တောင် ကျေးရွာ အနီးရှိ တပ်မတော် စခန်းတစ်ခု၌ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။
၎င်းတို့နှင့် အတူ အမ်-၂၂ သေနတ် ၂၈ လက်၊ ကျည်အိမ်(၃၀)ခု၊ ၄င်းကျည် ၂၈၀၉ တောင့်၊ အမ် ၂၁ သေနတ် ၇ လက်၊ ကျည်အိမ် ၁၀ ခု၊ ၄င်းကျည် ၁၂၀၀ တောင့်၊ တရုတ်လက်ပစ်ဗုံး ၃၇ လုံး၊ မှန်ပြောင်း (BOSMA) ၂ လက်၊ အိုင်ကွန်အထိုင်စက် ၁ လုံး၊ Kenwood လမ်းလျှောက် စကားပြောစက် ၃ လုံး၊ ရီမုကွန်ထရိုးမိုင်း ၅ လုံး၊ လျှပ်စစ် ဒစ်တိုနေတာ ၅ ခု ပါရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အဖွဲ့၏ ပြောကြားချက်အရ အဖွဲ့အတွင်း အာဏာပြိုင်မှုများကြောင့် လည်းကောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပြီး နိုင်ငံတော် တိုးတက်ရေးနှင့် ၄င်းတို့ဒေသ တိုးတက် ဖွံ့ဖြိုးရေးအတွက် လည်းကောင်း၊ ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမည် ကို မလိုလား၍ လည်းကောင်း၊ ကချင် ပြည်နယ် အတွင်းမှ တိုင်းရင်းသားတွေ အားလုံး စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး ပြဿနာတွေ ၊ သေကြေ ပျက်စီးမှု ဒုက္ခတွေကို ခံစား နေကြရသည်ကို မကြည့်ရက်တော့ သောကြောင့်လည်းကောင်း ယခုလို ခွဲထွက်၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
From:[_ OE_]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ဟီလာရီ ကလင်တန်၏ အနီးကပ် လုံခြုံရေးအရာရှိ နတ်မိမယ်လေးများ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ အနီးကပ် လုံခြုံရေး အဖွဲ့တွင် ပါဝန်နိုင်ရန်မှာ သင့်အနေဖြင့် လျင်မြန်ရမည်၊ သွက်လက်ရမည် ဖြတ်ထိုးဥာဏ် ကောင်းရမည်၊ ကြံ့ခိုင်သန်စွမ်းရမည်။ ဒီထက်ပိုပြီး အရေးကြီးသည်မှာ ရဲစွမ်းသတ္တိ ရှိရန်ဖြစ်ပြီး လိုအပ်ပါက သင့်အနေဖြင့် ဒေါက်မြင့်ဖိနပ်ပင် ဝတ်ဆင်ထားပါစေ။ ကျည်ဆံအား ရဲရဲဝံ့ဝံ့ ရင်ဆိုင် ရဲရပေမည်။
Secret Service Agent ဖြစ်ရန်မှာ လွန်စွာမှ ခက်ခဲပြီး နှစ်စဉ် နှစ်တိုင်း Agent အဖြစ် လျှောက်ထားသူ ထောင်ပေါင်း များစွာထဲမှ ရာခိုင်နှုန်း အနည်းငယ်သာ ပြင်းထန် ခက်ခဲသည့် စမ်းသပ် စစ်ဆေးမှုများကို အောင်မြင်စွာ ကျော်လွှားနိုင်သည်ဟု သိရှိရသည်။ ကိုယ်အား၊ ဥာဏ်အား၊ စိတ်ဓါတ်အင်အား လွန်စာမှ ပင်ပန်းပြီး ၃ လလျှင် တစ်ကြိမ် ကြံ့ခိုင်မှုနှင့် လက်နက် ပစ်ခတ်မှု အရည်အချင်း စစ်ဆေးမှုကို ခံယူရသည်။
Secret Service Agent တစ်ဦးသည် လက်နက် (၄) မျိုးအား ဇောက်ထိုး အနေအထားဖြင့်ပင် ပတ်ခတ်နိုင်စွမ်း ရှိသည်။ ဒိုက် (၄၅) ခါအား (၂) မိနစ်အတွင်း ထိုးနိုင်သကဲ့သို့ မော်တော်ယာဉ်တန်း၏ ဘေးမှ အချိန်အတန်ကြာပင် ပြေးလိုက်နိုင်စွမ်း ရှိကြသည်။
မစ္စစ် ကလင်တန်အား စောင့်ရှောက်ပေးနေသည့် အမေရိကန် လျို့ဝှက် လုံခြုံရေး အဖွဲ့ (Secret Service)တွင် အမျိုးသမီး အေးဂျင့် အရေအတွက် တိုးပွားလာနေပြီး လက်ရှိ အချိန်၌ စုစုပေါင်း (၁၃) ဦး ရှိပြီး အဖွဲ့ တစ်ခုလုံး၏ (၅) ပုံ (၁) ပုံထိပင် ရှိနေပြီဟု သိရှိရပါသည်။
သူမတို့သည် ငယ်ရွယ်ပြီး အနှောင်အဖွဲ့ ကင်းကြသည့် အမျိုးသမီးများ ဖြစ်ကြသည်။ နံနက် ၄း ၃၀ တွင် အိပ်ရာမှထကာ နရီ (၂၀) အကြာတွင် ချက်ပြုတ်နည်း အစီအစဉ်အား ရုပ်သံ၌ကြည့်ရင်း အိပ်ရာဝင်ကြသူများလည်း ဖြစ်ကြသည်။
သူမတို့သည် တိုက်ခိုက်လာသည့် ရန်သူအား တစ်ချီထဲနှင့် အလဲထိုး နိုင်သလို အဝေးမှ ရန်သူအားလဲ ပစ်မှတ်မလွဲ ထိမှန်အောင် ပစ်ခတ် ထိမှန်နိုင်စေသူများ ဖြစ်ကြသည်။ အမှန်တကယ်တော့ သူမတို့သည် ဟီလာရီ၏ နတ်မိမယ်လေးများပင် ဖြစ်ပေသည်။
From:[_http://www.singaporefeel.blogspot.com _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
သိရိလင်္ကာအမျိုးသမီးအား ဆော်ဒီအစိုးရမှ သေဒဏ်ပေး ခေါင်းဖြတ်သတ်
ဆော်ဒီအာရေဗျတွင် ကလေးထိန်းအဖြစ် လုပ်ကိုင်ခဲ့သူ သီရိလင်္ကာအမျိုးသမီးအား ကလေးသေဆုံးမှုအတွက် သေဒဏ်ချမှတ်ကာ ခေါင်းဖြတ်သတ်ခဲ့မှုကြောင် ဆော်ဒီနှင့်သိရီလင်္ကာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာပြီး ကိုလံဘိုမြို့တွင်လည်း ဆော်ဒီအစိုးရအား ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေကြောင်း CNN သတင်းထုတ်လွှင့်သွားပါတယ်။ From:[_ွPlanet Myanmar Network_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ကေအိုင်အေနှင့် အပစ်အခတ် ရပ်စဲရေးကာလတွင် ABSDF ပျောက်ကွယ်နေခဲ့ပြီး ယခုမှ တိုက်ပွဲနှင့်အတူ ပြန်ပေါ်လာရခြင်း အပေါ် နားမလည်ဟု ပါဂျောင်လူသတ်ပွဲကြီးမှ လွတ်မြောက်လာသူ ABSDF ရဲမေဟောင်း နန်းအောင်ထွေးကြည် ဖွင့်ပြောပြီ
ပါဂျောင်အရေးတွင် အသက် ချမ်းသာရာ ရခဲ့သော ABSDF ကျောင်းသား တပ်မတော် ရဲမေဟောင်း နန်း အောင်ထွေး ကြည်က ABSDF မြောက်ပိုင်းအနေဖြင့် ၁၉၈၈ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ပေါက်ဖွားလာခဲ့ သည့် မူဝါဒအတိုင်းရှိသည်ဟုဆိုသော်လည်း ကေအိုင်အေနှင့် မြန်မာ့တပ်မတော် အပစ်အခတ်ရပ်စဲ ထားသည့် ကာလအတွင်း ပျောက် ကွယ်နေခဲ့ကာ ယခုတိုက်ပွဲ ကာလတွင်မှ ပြန်ပေါ်ထွက်လာရခြင်းကို နားမလည်ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြား ခဲ့သည်။ သို့ရာတွင် ယခင်က အပစ်အခတ် ရပ်စဲခဲ့သောအချိန်၌ ကေအိုင် အေအနေဖြင့် ABSDF ကို မောင်းထုတ် ခဲ့သည်ဟု ပြောကြခြင်းများအပေါ်တွင် “သူက အပစ်အခတ် ရပ်စဲထားတာ။ ရန်ဖြစ်ရင် မင်းငါ့အိမ်မှာ မနေနဲ့၊ နေရင်လည်း ရန်မဖြစ်နဲ့ ဆိုတာမျိုး ဖြစ်မယ် ထင်ပါတယ်” ဟု တွေးမိကြောင်း နန်းအောင်ထွေးကြည်က ဆက်လက် ပြောကြားသည်။ 
ယင်းသည် လိုင်စင်မြေ တွင် အသက်မသေဘဲ ကျန်ခဲ့သော် လည်း ABSDF မြောက်ပိုင်း၏ ဖမ်းဆီး ထိမ်းသိမ်းမှု ကို ခံခဲ့ရကာ ၁၉၉၂ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် ကေအိုင်အေသို့ တရားဝင်လွှဲပြောင်း ခံခဲ့ရသော ရဲမေ တစ်ဦး ဖြစ်သဖြင့် လက်ရှိ အနေအထားတွင် ABSDF ၏ တိုက်ပွဲတစ်ပိုင်း၊ ငြိမ်းချမ်းရေး တစ်ပိုင်း ဟန်ချက် အပေါ် မည်ကဲ့သို့ မြင်ပါသနည်းဟု မေးမြန်းခဲ့ရာ နန်းအောင်ထွေးကြည်က “ဒီ ABSDF မြောက်ပိုင်းက အဲဒီ ကေအိုင်အေ အပစ်အခတ် ရပ်စဲရေး မှာကတည်းက ပျောက်သွားပြီ။
ဘာကြောင့်လဲ ဆိုတော့ သံချောင်းတို့က တောင်ပိုင်း ရောက်သွား တယ်။ တာဝန်အရှိဆုံးဖြစ်တဲ့ ရော်နယ်အောင်နိုင် (ခေါ်) အောင်နိုင်လည်း AB ထဲမှာ မရှိတော့ဘူး။ သူက ဆက်လည်း မလုပ်တော့ဘူး။ သံချောင်းဆိုလို့ရှိရင် SSC ထဲ ကို ရောက်သွားတယ်ဆိုတော့ ဘယ်မှာလဲ ABSDF မြောက်ပိုင်း ဆိုတာ တောထဲမှာလည်း မရှိတော့ဘူး။ ကျွန်မပြောရရင်တော့ ABSDF မြောက်ပိုင်း ဆိုတာဟာ ပျောက်သွားတယ်။ ကွဲသွားတယ်။ တပ်ပျက်သွားတယ် လို့လည်း ပြောလို့ရတယ်။
အခု လက်ရှိ အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတော့ တိုက်ပွဲဖြစ်လိုက်တာနဲ့ ဘာဖြစ်သွားလဲဆိုတော့ ABSDF မြောက်ပိုင်း ဆိုတာလေးကို ကမန်းကတန်း ရှိတဲ့သူတွေနဲ့ ဖွဲ့လိုက်တယ်။ ရှိတဲ့သူတွေနဲ့ ပြန်ဖွဲ့လိုက်ပြီး တော့မှ အင်အား အနေနဲ့ စုတယ်။ တချို့သတင်း ကြားနေရတာကတော့ စစ်သား စုဆောင်းရေးတွေ လုပ်တယ်။ အင်အားဖြည့်တယ်။ အဲဒီလိုတွေ ကြားတယ်။
ဒါပေမယ့် ၁၉၉၂ ခုနှစ်မှာ ၅၅ ဦး ထွက်ပြေးသွားပြီးတော့ ကျွန်မတို့ ၉ ယောက်က အကျယ်ချုပ် ကျနေတဲ့အချိန် ရော်နယ်အောင်နိုင်(ခေါ်) အောင်နိုင်က စစ်ရေး တာဝန်ခံ၊ ဒုဥက္ကဋ္ဌ သံချောင်း ကိုယ်တိုင်က ၁၉၉၂ ခုနှစ်၊ ဇွန်၊ ဇူလိုင်လ လောက်မှာ စစ်သား စုဆောင်းရေး လုပ်တယ်။ စစ်သား စုဆောင်းရေး ဆိုတာက ဖမ်းတာပဲ။ ဒါတွေက ကျွန်မတို့ မျက်စိရှေ့မှာ ဖမ်းတာ။ အခုလက်ရှိ မြန်မာပြည် မြောက်ပိုင်း လူသတ်သမား လှစိုင်း ကိုယ်တိုင် ဦးစီးနေတယ်။ ကျွန်မက ဘာလို့ လူသတ်သမား လှစိုင်းလို့ ပြောသလဲ ဆိုတော့ သူကိုယ်တိုင် မောင်မောင်ကို ဓားနဲ့ ခုတ်သတ်ခဲ့တယ်။
ဒါကြောင့် ကျွန်မက သူ့ကို လူသတ်သမားလို့ ပြောတာ။ တောင်ပိုင်းက ဥက္ကဋ္ဌ သံခဲကတော့ အခု ပြည်တွင်းမှာလာပြီးတော့မှ ဒီအစိုး ရဆီမှာ ပေါ်လစီ တစ်ခု ရှိမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ ငြိမ်းချမ်း ရေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့။ သူတို့ လာတောင်းနေတယ်ဆိုတော့ အားလုံးက အတူတူပါပဲဆိုပြီး သူတို့ ပြောထားတယ်လေ။ ကျွန်မအနေနဲ့ ဘယ်လိုမြင်ရမလဲ မသိဘူး။ တော်တော် စဉ်းစားတာ” ဟု သူ၏ အမြင်ကို ရှင်းပြသည်။
တစ်ဖန် ယင်း၏ အတွေ့အကြုံ အရ ABSDF မြောက်ပိုင်း၏ နိုင်ငံ ရေးဆိုင်ရာ မူဝါဒတွင် ပြည်တွင်း နိုင်ငံရေး အခြေအနေနှင့် ဟန်ချက်ညီအောင် မည်ကဲ့သို့ လှုပ်ရှားဆောင်ရွက် ခဲ့ပါသနည်းဟု မေးမြန်းရာ “ကျွန်မတို့ မြောက်ပိုင်း မှာ ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်ဟာ မူဝါဒကြောင့် မဟုတ်ဘူးလို့ ကျွန်မ ပြောချင်တယ်။ အဓိက က မျိုးဝင်း ခေါင်းဆောင် မှု ကြောင့်လို့ ကျွန်မ တပ်အပ် ပြောရဲတယ်။
ဒါပေမယ့် ABSDF မြောက်ပိုင်းမှာ ကိုယ်ဝင်လိုက်ပြီး ကတည်းက ကျွန်မတို့မှာ ပြင်ပလောကနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ ဒါ အမှန်ပြောတာ။ သူတို့ လူကြီးပိုင်း တွေသာ သိလိမ့်မယ်။ ဘယ်တော့မှ အောက်ပိုင်း ရဲဘော်ရဲမေတွေကို ချပြခြင်း မရှိဘူး။ ပြည်တွင်း နိုင်ငံရေး အခြေအနေကို ကျွန်မတို့ မသိခဲ့ဘူး။ အဲဒီထဲကိုရောက်တာနဲ့ ကျွန်မတို့မှာ သတင်းစာဆိုတာ ဖတ်ပိုင်ခွင့် မရှိဘူး။
တာင်ပိုင်းလို မဟုတ်ဘူး။ ကိုယ်က တပ်တွင်းထဲမှာပဲ နေရတယ်။ ခွင့်ပြုချက် မရှိဘဲနဲ့ တပ်ပြင်ပကို သွားလို့မရဘူး။“ရဲဘော် ရဲမေတွေကို တစ်လ တစ်ခေါက်တောင်မှ ရှင်းလင်း ပြောကြားခြင်း မရှိခဲ့ဘူး။ ကျွန်မတို့ ရဲဘော် ရဲမေ များဟာ တပ်အတွင်းထဲကို ရောက်လာတဲ့ အချိန်မှာ မျက်စိပိတ်၊ နားပိတ်တွေ ဖြစ်ကုန်တယ်။ ဘာမှ မသိတော့ ဘူး။ ပြည်ပ တစ်ကမ္ဘာလုံးနဲ့ မပြောနဲ့ ကိုယ့်နိုင်ငံ အတွင်းမှာ ဖြစ်သွားတဲ့ဟာ ဆိုရင်လည်း ဥပမာ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတယ် ဆိုတာပဲ သိတယ်။
ဒါလောက်ပဲ။ လူကြီးပိုင်းတွေက တစ်ခါမှ အခြေခံ ရဲဘော်ရဲမေတွေကို တစ်လ တစ်ခေါက် ကလေးတောင်မှ ဒီလိုမျိုး သဘောတရား ရေးရာတို့ ဘာတို့မှာ ဆွေးနွေး တာတို့ ရှင်းလင်း ပြောပြတာတို့ လုံးဝမရှိခဲ့ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ ရှင်းလင်းပွဲဆိုတာ ကျွန်မတို့ ဒီမြောက်ပိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးဘူး။ ကျွန်မ ကိုယ်တိုင်ကိုက Pro team (propaganda team) ဝါဒ ဖြန့်ချိရေးက အသံလွှင့်သူ အနေနဲ့ သူတို့ချရေး ပေးလိုက်တဲ့ဟာကို ကျွန်မဖတ်ရတယ်။ ကျွန်မကိုလည်း သူတို့ သင်ကြားပေးခြင်း ဘာမှ မရှိဘူး။ အဲဒါတွေလည်း သူတို့ စိတ်မဝင်စားဘူး။ သံချောင်းတို့ မျိုးဝင်းတို့ကိုယ်တိုင်ကို နိုင်ငံရေး အမြင် လုံးဝ မရှိဘူး။ စစ်တိုက်မယ်၊ သတ်မယ်၊ ဖြတ်မယ် ဆိုတာကလွဲပြီး သူတို့မှာ နိုင်ငံရေးအမြင် လုံးဝ မရှိဘူး” ဟု ပြန်လည် ရှင်းပြပါသည်။
နန်းအောင်ထွေးကြည်သည် ၁၉၈၈ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် စိတ်ပညာ အဓိက၊ စာပေးစာယူ တက်ရောက် လျက် ရှိပြီး ၈၈၈၈ ဆူပူမှူကြီးအပြီးတွင် တောခိုခဲ့ကာ ABSDF မြောက်ပိုင်းမှ ၁၉၉၂ ခုနှစ်တွင် လွတ်မြောက်ပြီး ကေအိုင်အေမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ရောက်ခဲ့သည်။ ယခု အခါ ဩစတြေးလျနိုင်ငံတွင် အခြေ ချနေထိုင်ကာ ယခုအကြိမ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းမွေးရပ်မြေသို့ ပထမဆုံးအကြိမ် ပြန်လည် ရောက်လာခြင်း ဖြစ်သည်။
From:[_mmforward.blogspot.com _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ပေတစ်ရာဆီလျှောက်ပါလို့မြင်သလောက်ပြလိုက်ချင်ပါသည်
“မြေမြို၍လူမျိုးမပြုတ်၊ လူမြိုမှလူမျိုးပြုတ်မည်”ဆိုတဲ့ စကားတစ်ခွန်းကြားဖူးတယ်။ အခုလည်း ကေအိုင် အေ/ ကေအိုင်အိုအဖွဲ့ရဲ့လုပ်ရပ်တွေက ဒီပုံစံဖြစ်နေတယ်။
ကေအိုင်အေ/ကေအိုင်အိုအဖွဲ့နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တယ်။ ၂၀၁၁ ခုနှစ် ဇွန်လကနေ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းအထိဖြစ်ခဲ့တဲ့တိုက်ပွဲတွေကို သုံးသပ်ကြည့်ရင် ကေအိုင်အေ ဘက် က တစ်ဖက်သတ်ဆန်လွန်းနေတာတွေ့ရတယ်။ ဘာကြောင့်ကျိန်းသေဒီလိုပြောရသလဲဆိုတော့ စစ် တပ် က စစ်တိုက်နေရခြင်းဟာ ပျော်လို့စစ်တိုက်နေတာ၊ လက်တည့်စမ်းသဘောမျိုး စစ်တိုက်တာ မဟုတ် ဘူး။ သူတို့စစ်တိုက်နေတာရည်ရွယ်ချက်ရှိတယ်။ အဲဒါက နယ်မြေတည်ငြိမ်အေးချမ်းဖို့၊ ဒေသခံ ပြည်သူများရဲ့ဘ၀တွေ လုံခြုံအေးချမ်းစေဖို့၊ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်စေဖို့ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ချီပြီးပြောရရင်တော့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ စေဖို့ပါ။ ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာစေဖို့အတွက်ပါ။
ဒါဆို ကချင်အဖွဲ့လို့အလွယ်ခေါ်နေကြတဲ့ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့အနေနဲ့ စစ်တိုက်နေရ တာက ရော ဘာအတွက်ပါလဲ။ နှစ်ပေါင်းများစွာကြားခဲ့ရတဲ့ ဟစ်ကြွေးသံကတော့ ကချင်လူထု   ကောင်း စားရေး၊ ကချင်ပြည်နယ်ထူထောင်ရေး။ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ရယ်လို့ဖွဲ့စည်းပြီး လက်နက်စွဲ ကိုင်ခဲ့တဲ့ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်လောက်ကနေ ဒီကနေ့အချိန်အထိ ကချင်ပြည်နယ်နဲ့ ကချင် လူထုကို ဘာများကောင်းကျိုးပေးခဲ့ပါသလဲ။ မှတ်မှတ်ရရ ဘာအကျိုးများပြုခဲ့ပါသလဲ။
အတိုင်းအတာတစ်ခုအထိတော့ ကောင်းကျိုးတစ်ခုပြုခဲ့ဖူးပါရဲ့။ အဲဒါက ၁၉၉၄ခုနှစ်မှာ တပ်မတော် အစိုး ရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ငြိမ်းချမ်းရေးရယူခဲ့တာပါ။ အစိုးရက ဒီအဖွဲ့ကို ကချင် ပြည် နယ်၊ အထူးဒေသ(၂)အဖြစ်သတ်မှတ်ပေးပြီး စီးပွားရေးလုပ်ပိုင်ခွင့်တွေပေးခဲ့ပြီး ပြည်နယ်နဲ့ ဒေသ ခံအ ကျိုးကို ပူးပေါင်းဆောင်ရွက်စေခဲ့တယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးအတွက် တစ်ဖက်သတ် လိုက်လျောမှုတွေနဲ့ စီးပွားရေးတွေလုပ်ကိုင်ခွင့်ပေးလိုက်လို့ ကျွန်းသစ်၊ ကျောက်စိမ်း၊ ပတ္တမြား စတဲ့ လုပ်ငန်းတွေနဲ့ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့ကောင်းစားနေချိန်မှာရော ကချင်လူမျိုးကောင်းစားရေး အတွက် ဘာများလုပ်ကိုင်ပေးခဲ့ပါသလဲ။
ဘာပဲဖြစ်ဖြစ်ပါ။ ဘာမှမလုပ်ပေးသည့်တိုင် လူထုကို ဒုက္ခမပေးခဲ့တာပဲစိတ်ချမ်းသာရပါပြီ။ ဒီလိုလေးပဲ အေးအေး ချမ်းချမ်းနေသွားရရင် ကျေနပ်လှပါပြီလို့ဖြည့်တွေးခဲ့ကြပါတယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့် တွေကြောင့် ဓနအင်အားနဲ့ လျှို့ဝှက်စစ်သားစုဆောင်းခဲ့လို့ အင်အားတောင့်တင်းလာတဲ့ အချိန်လည်း ရောက် ရော လက်နက်စွဲကိုင်သောင်းကျန်းပါရောလား။ မြစ်ဆုံကိစ္စ၊ တာပိန်ရေအား လျှပ်စစ်ကိစ္စ၊ ဘာ ကိစ္စ၊ ညာကိစ္စတွေ အကြောင်းပြပြီး အစိုးရကို ဆန့်ကျင်တိုက်ခိုက်တယ်။ အစိုးရက အပစ် အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးကမ်းလှမ်းတယ်။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြီး လိုက်လျောမှု တွေဖြေလျှော့ပေးခဲ့တာလည်း ငြင်းဆန်ခဲ့တယ်။ သူတို့ကန့်ကွက်တဲ့စီမံကိန်းတွေရပ်ဆိုင်း ပေးခဲ့တယ်။ ဒါလည်းမရဘူး။
ဒါကြောင့်ပဲ တကယ့်အမှန်တရားရဲ့အကြောင်းပြချက်ကတော့ မြစ်ဆုံကိစ္စ၊ တာပိန်ကိစ္စ  မဟုတ် လောက်ပေ ဘူးလို့ အားလုံးက တွက်ဆလိုက်တယ်။ တွင်းထွက် သယံဇာတရတနာတွေ ပေါကြွယ်ဝ လှတဲ့ ရတနာမြေကို အပိုင်စီးချင်တာက အကြောင်းအရင်းအမှန်တရားဖြစ်ပါတယ်။ အခုပဲ ကြည့် ဖားကန့် ရတနာမြေကို စီးပွားရေးသမားတွေ မနေရဲအောင်၊ လူတွေ မလာရဲအောင် လက်နက် အားကိုးနဲ့ အကြမ်းဖက်တယ်။ စစ်သားတွေအဓမ္မစုလိုက်တာကလည်း မိန်းမတွေတောင်မချန်ဘူး။ ဆက်ကြေး တွေ အတင်းကောက်တယ်။ ကောက်တဲ့ဆက်ကြေးက ကျပ်သိန်းခြောက်ထောင်တဲ့။ ဒါက ဖားကန့် တစ်ခု တည်းမှာကိုကောက်တာ။ ကျန်တဲ့နေရာတွေမပါသေးဘူး။ လူတွေကြောက်ပြီး ပြေးကြတော့ ဖားကန့် မြေကို အပိုင်စီးပါရော။     ဒါတွေက ကေအိုင်အေ/ကေအိုင်အိုအဖွဲ့စစ်တိုက်နေရတဲ့ အကြောင်းအရင်း ပေပဲလား၊ ရည်ရွယ်ချက်လေလား။
ဘယ်မှာလဲ ကချင်လူထုကောင်းစားရေး၊ ကချင်တိုင်းရင်းသားများအပါအ၀င် ဒုက္ခသည်ပေါင်း တစ်သိန်းကျော် ကိုယ့်ရပ်ရွာကို စွန့်ပြီး စားရမဲ့၊ သောက်ရမဲ့ဖြစ်နေရတဲ့ဘ၀တွေက ကချင်လူမျိုးတွေ ကောင်းစားနေတယ်လို့ ဘယ်လိုပြောရမလဲ။ ကချင်အဖွဲ့စိုးမိုးရာဒေသမှာပဲ ဒုက္ခသည်ပေါင်းသောင်းချီ ပြီးရှိနေတယ်။ ဒီအဖွဲ့တွေကို ကေအိုင်အေက ထောက်ပံ့စောင့်ရှောက်ထားပါသတဲ့။ လူတစ်ယောက်ကို ဆန်နို့ဆီဗူး ၂ ဗူးတောင်မှ ပေးတစ်ရက်၊ မပေးနှစ်ရက်ဖြစ်နေတာ ထောက်ပံ့တယ်လို့ခေါ်ရမှာလား။ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့အခါ အဲဒီဒုက္ခသည်တွေကို ရှေ့တန်းတင်ပြီး လူတံတိုင်းအဖြစ်ကာရံ ထားတာတွေ၊ ရွာသူ၊ ရွာသားတွေကြားထဲပြေးဝင်ပြီး လူကြားထဲကနေ စစ်တပ်ကိုပစ်ခတ်၊ စစ်တပ်က ပြန်ပစ်တဲ့အခါ အပြစ်မဲ့လူထုကို ထိမှန်စေဆိုတဲ့ လုပ်ရပ်တွေက ကချင်လူထုကောင်းစားရေးတဲ့လား။
ကားလမ်း၊ ရထားလမ်းတွေကို မိုင်းခွဲဖျက်ဆီးတာကရော ကချင်လူထုကောင်းစားရေးပဲလား။ ကေအိုင်အေ / ကေအိုင်အိုရဲ့အဖျက်လုပ်ရပ်တွေကို စစ်တမ်းကောက်ရသလောက်စုစည်းမိတာတွေကို အများသိအောင် ဖောက်သည်ချပြချင်တယ်။ ၂၀၁၁ခုနှစ် ဇွန်လကနေ ၂၀၁၂ခုနှစ် ဒီဇင်ဘာလကုန် အထိ ကေအိုင်အေက ရထားလမ်းတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ အကြိမ်ပေါင်းက ၅၅ ကြိမ်တောင်ရှိ တယ်။ ကားလမ်းနဲ့ရထားလမ်းတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အကြိမ်တွေကိုပါ ထည့်ပေါင်းလိုက်ရင်တော့ မိုင်းခွဲတိုက်ခိုက်မှုပေါင်းက ၁၁၀ ရှိတယ်။ ဒါက စစ်တမ်းကောက်မိသလောက် ပြောတာနော်။ ဒီထက် တောင်မှ များနိုင်သေးတယ်။
အဲဒီအထဲမှာ ဒုက္ခရောက်နေတဲ့ ဒေသခံတွေအတွက် ရိက္ခာနဲ့ ဆေးဝါးတွေပေးပို့တဲ့ယာဉ်တန်း တွေကို တိုက်ခိုက် ခဲ့တာကတော့ မိုက်ရိုင်းလွန်းအားကြီးပါတယ်။ ဒေသအတွက် စားနပ်ရိက္ခာနဲ့ အသုံးအ ဆောင် ပစ္စည်းတွေပေးပို့ခဲ့တဲ့ ကုန်ရထားကိုလည်း မိုင်းခွဲတိုက်ခိုက်တယ်။ ဒီပစ္စည်းတွေက စစ်တပ်ပိုင် တဲ့ အရာတွေမဟုတ်ဘူး။ ပြည်သူပိုင် ပစ္စည်းတွေဖြစ်ပါတယ်။ ပို့ဆောင်ရေး လမ်းကြောင်း တွေပိတ်ဆို့ အောင် အမျိုးမျိုးတိုက်ခိုက်နေတာကလည်း မရေတွက်နိုင်အောင် ရှိပါတယ်။
တကယ်တော့ ဒါတွေဟာ မလုပ်ကောင်းတဲ့အရာတွေပါ။ ဒုက္ခရောက်နေတဲ့ဒေသခံတွေ၊ အကူအညီတွေ လိုနေတဲ့ ပြည်သူတွေအတွက် ပွင့်လင်းရာသီမှာ လမ်းတွေပြုပြင်မယ်၊ တံတားတွေ ဆောက်မယ်၊ စားနပ် ရိက္ခာတွေပို့ပေးမယ်။ ဒီလိုလုပ်ဆောင်ရာမှာ ကေအိုင်အေ/ကေအိုင်အိုအဖွဲ့အနေနဲ့ မနှောင့် ယှက်ကြဘဲ ဝိုင်းဝန်းအကူအညီပေးကြပါလို့ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီမှာကျင်းပ တဲ့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ကေအိုင်အေ/ ကေအိုင်အို ခေါင်းဆောင်ပိုင်းတွေကို ကြိုတင်မေတ္တာရပ်ခံပန်ကြားထားခဲ့ပြီးဖြစ်ပါတယ်။ ဒါနဲ့ များ တောင်ကိုယ့်လူမျိုး စားဝတ်နေရေး အခက်တွေ့အောင် အဖျက်လုပ်ငန်းတွေ လုပ်ရက်လေခြင်း။
ကိုင်း……ကေအိုင်အေ/ကေအိုင်အိုရဲ့အဖျက်လုပ်ရပ်နဲ့ စစ်တိုက်နေတာဟာ ကချင်ပြည်နယ်၊ ကချင် လူမျိုးကောင်းစားရေးဆိုတာ ဟုတ်ရဲ့လားလို့ သုံးသပ်ကြပါဦး။ ဒီပြည်တွင်းစစ်ကြောင့် ဒေသခံ တွေ လည်း ဒုက္ခတွေပင်လယ်ဝေရတယ်။ နှစ်ဖက်အဖွဲ့အစည်းကလူတွေလည်း သေကြရတယ်။ ဒီလူ တွေ က ဘယ်သူတွေလဲ။ မြန်မာလူမျိုးတွေလေ။ နိုင်ငံတော်သမ္မတကြီးကပြောဖူးတယ်။ ကချင်တပ်သား တစ်ယောက်ဆုံးရှုံးခြင်းကလည်း တိုင်းပြည်ရဲ့ဆုံးရှုံးမှုပါပဲတဲ့။ ဒါကြောင့်ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်နေလေရဲ့။ တပ်မတော်ကိုလည်း မိမိကိုယ်ကို ခုခံကာကွယ်ရုံကလွဲပြီး အပစ်အခတ်ရပ်ဆိုင်း ထားတယ်။ တပ်မတော်ဆိုတာ နိုင်ငံတော်အစိုးရ၊ တစ်နည်းအားဖြင့် သမ္မတဦးဆောင်မှုအောက်မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ တပ်မတော်ရဲ့ ထူးခြားတဲ့ ဝိသေသအတိုင်း အမိန့်နာခံတတ်မှုအပြည့်ရှိ တယ်။ သမ္မတရဲ့ အမိန့်အတိုင်းပဲ ဆောင်ရွက်ခဲ့တယ်။
ခုခံကာကွယ်မှုဆိုတဲ့နေရာမှာ နှစ်မျိုးရှိတယ်။ တစ်ခုက မိမိအတွက်၊ နောက်တစ်ခုက ပြည်သူ လူထုအတွက်။ ပြည်သူလူထုကို ကိုယ့်ရှေ့မှာဒုက္ခပေးနေတဲ့ အဖျက်လုပ်ရပ်တွေ၊ ပြည်သူ့အကျိုးစီးပွား ကို ထိခိုက်နစ်နာစေမှုရှိလာရင် ပြည်သူရှေ့က မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းပေးရမယ်။ ကာကွယ် စောင့်ရှောက်ပေးရမယ်။ ဒီလိုကာကွယ်စောင့်ရှောက်ရာမှာလည်း ပေါ့ပေါ့တန်တန်သဘောမျိုး မလုပ်ဘဲ အသက်စွန့်ပေးဆပ်ပြီးလုပ်ကြရတယ်။ ဒါဟာ တပ်မတော်ရဲ့ ဂုဏ်ရည်နဲ့ အစဉ်အလာကောင်းတွေ လည်းဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့ တပ်မတော်ရဲ့စိတ်ဓာတ်နဲ့ သစ္စာ စောင့်သိမှုတရားတွေပါ။
ကေအိုင်အေ/ကေအိုင်အိုအဖွဲ့မှာတော့ ဒီလိုစိတ်ဓာတ်မျိုးနဲ့ ဒီလိုလုပ်ရပ်မျိုးရှိလိမ့်မယ် မဟုတ်ဘူးလို့ ရဲရဲကြီးပြောရဲတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့သမိုင်းကြောင်းတစ်လျှောက်လုံးမှာ မကောင်းတဲ့ အဖျက်လုပ်ရပ်တွေနဲ့ လူထုကို ဒုက္ခတွေပေးနေခဲ့တာ အထင်အရှားရှိနေလို့ပါပဲ။
အောင်ကျော်မိုး
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
အတို့အထောင် မောင်သွေးချွန်ရဲ့ သန်း ၆၀ သို့ ခြောက်လှန့်စာ
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဝါရင့်သမ္ဘာရင့် ဆရာမောင်သွေးချွန်ရဲ့ “ရွှေတိဂုံဘုရားလင်းတနားတိုင်းကား ပြည်ရွာပျက်မှာလား” ဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ဆောင်းပါးဖတ်လိုက်ရပါတယ်။ ခေါင်းစဉ်ကိုဖတ်ရုံကြည့်ရုံနဲ့ နိုင်ငံသားတစ်ယောက် အနေနဲ့ စိုးရိမ်စိတ်ဝင်သလိုဖြစ်တဲ့အတွက် ဆက်ဖတ်ကြည့်တော့ဟုတ်မလိုလိုနဲ့ ဝါရင့်မီဒီယာသမား တစ်ယောက်က သန်း ၆၀ သော မြန်မာပြည်သူတွေ စိတ်ခြောက်ခြားအောင်ရေးထားတဲ့ စာဖြစ်နေ ပါရောလားဗျာ။
ဆရာမောင်သွေးချွန်က ဆောင်းပါးအစမှာပဲ ရွှေတိဂုံစေတီတော်ကြီးကို ငှက်လောကမှာ အယုတ်ဆုံး အညံ့ဆုံး လင်းတတွေနားတာဟာ အုပ်ချုပ်သူမင်းအစိုးရရော၊ ပြည်သူတွေရော၊ သာသနာ တော်ကြီးအတွက်ရော စိတ်ပူစရာဖြစ်တယ်အစချီပြီး ရေးသားထားတာတွေ့ရပါတယ်။ ဆောင်းပါး တစ်ပုဒ်လုံးဖတ်ကြည့်ပြီးတော့ ဆရာမောင်သွေးချွန်က မြန်မာနိုင်ငံသားများကို ပေးလိုတဲ့သတင်း Message က မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြည်သူလူထုဒုက္ခသုက္ခတွေ အကြီးအကျယ် ခံစားရမယ့် သဘောရေးထားတာ တွေ့ရပါတယ်။
ဆောင်းပါးမှာဖော်ပြသလို လင်းတဆိုတာအတိတ်ကောင်း နမိတ်ကောင်းဆောင်တဲ့ ငှက်      တိရ စ္ဆာန်မဟုတ်ဘူးလို့တော့ ရှေးအယူအဆအရ သတ်မှတ်ကောင်းသတ်မှတ်နိုင်ပါလိမ့်မယ်။ လင်းတ တွေက မူလကျက်စားရာ ဟိမ၀န္တာတောင်ရဲ့ မြောက်ဘက်မွန်ဂိုလီးယား၊ တိဘက်ဒေသတွေမှာ ရာသီဥတု အလွန်အေးတဲ့ကာလမှာ နွေးထွေးသော ကမ္ဘာ့တောင်ဘက်ခြမ်းဒေသများသို့ ဆောင်းခိုရန် မိုင်ထောင်ချီပြီး လေဟုန်စီးပျံသန်းရင်း အတောင်ညောင်းလို့ ၀င်ရောက်နားခိုခြင်းသာဖြစ်ပါတယ်။ လင်းတငှက်တွေက အတောင်ဖြန့်ပြီးပျံတဲ့ အမျိုးအစားမဟုတ်ဘဲ လေဟုန်စီးပြီးပျံတဲ့ အမျိုးအစား ဖြစ်ပြီး မနှစ်ကလည်း ရန်ကုန်မှာဆိုရင် ရွှေဂုံတိုင်ဘက်က ဖုန်းတိုင်တွေမှာ နားတာတွေ့ခဲ့ရသလို၊ မကွေးတိုင်းဘက်မှာလည်း တွေ့လေ့ရှိပါတယ်။
အရင်တုန်းကလည်း အခြားနေရာတွေ၊ မြင့်တဲ့နေရာ တွေမှာ နားခဲ့တာ၊ မြန်မာနိုင်ငံအနှံ့အပြားသို့ လင်းတဆင်းသက်ခြင်းမှာ နှစ်စဉ်ဖြစ်ပွားခဲ့တာတွေကို သတိမမူမိကြပါဘူး။ ဒီနှစ်လည်း ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဘုရားကုန်းကျေးရွာ ဘက်မှာလည်း ထိုကဲ့သို့သော ဆောင်းခိုငှက်ကြီးများ ဆင်းသက်တာတွေရှိခဲ့တာကို ဆရာ မောင်သွေးချွန်မသိဘဲ မနေဘူးလို့ထင်ပါတယ်။ မိမိတို့ဒေသတွင်းသို့ တစ်ခဏခိုနားရန် စတည်းချခြင်း၊ သို့မဟုတ် လမ်းမှားလာခြင်းမှတစ်ပါး တခြားမည်သည့်ပြစ်မှုကိုမှ ကျူးလွန်ထားခြင်းမရှိသော အပြစ်မဲ့ ငှက်ကြီးများကို ယိုးမယ်ဖွဲ့ပွဲဆူအောင် မဲတူလုပ်တာကိုတော့ ဆရာဗဟုသုတရစေချင်လို့ အသိပေး လိုက်ပါတယ်။
ဒါပေမယ့် ဆရာမောင်သွေးချွန်က ဒီလင်းတတွေလာနားတာနဲ့ လက်ပံတောင်းတောင်အရေး ကိစ္စတွေ၊ ရခိုင်ပြည်နယ်အရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေတွေ၊ သာသနာတော်အရေးကိစ္စ တွေ ကသောင်းကနင်းဖြစ်ပြီး အုပ်ချုပ်သူမင်းအစိုးရ(အစိုးရအဖွဲ့)ပါ ဒုက္ခရောက်တော့မယ့် သဘောရေး သားထားတာကတော့ တမင်ခြိမ်းခြောက်လိုဟန်တွေပါနေပါတယ်။
တစ်နည်းပြောရရင်တော့ အေးအေး ချမ်းချမ်းနဲ့ နေလိုတဲ့ ပြည်သူတွေကို အဓိကရုဏ်းဖြစ်တော့မယ့်ပုံစံနဲ့ ခြောက်လှန့်လိုက်တာပဲ ဖြစ်ပါ တယ်။ ဒီလိုခြောက်လှန့်တဲ့နေရာမှာ မောင်သွေးချွန်က ၁၉၈၈ အရေးအခင်းကို နမူနာပြဖော်ပြထား သလို ၂၀၀၇ ရွှေဝါရောင်အရေးအခင်းမတိုင်မီ ရွှေဂုံတိုင်တာဝါမှာ လင်းတတွေနားခဲ့တယ်လို့ အထောက်အထားမဲ့စွာနဲ့ ခြောက်လှန့်ရင်း မြှောက်ထိုးပင့်ကော်လုပ် နှပ်ကြောင်းပေးခဲ့တာတွေ့ရပါ တယ်။ သန်း ၆၀ သောပြည်သူများက သမ္မတဦးသိန်းစိန်ပြောခဲ့သလို နောက်ကြောင်းပြန် မလှည့်စတမ်းနဲ့ ဒီမိုကရေစီနိုင်ငံတော်ဖော်ဆောင်နေချိန်မှာ မောင်သွေးချွန်ကဲ့သို့သော အရိုးရင့်ကြီးမိုက် တွေက ကလောင်လက်နက်အားကိုးနဲ့ ပြည်သူတွေကို နောက်ကြောင်းပြန်လှည့်အောင် ခြိမ်းခြောက် နေတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ လင်းတနားရုံနဲ့တော့ အဲသည်လောက်ဆိုးရွားမသွားနိုင်ပါဘူး။ တစ်စိတ်ကိုတစ်အိတ်လုပ် ခေါင်းစဉ်ကြီးကြီးပေးပြီး ဗုဒ္ဓဘာသာအယူဝါဒအပြင် မိရိုးဖလာယုံကြည် ကိုးကွယ်တတ်တဲ့ပြည်သူတွေကို အတိတ်နမိတ်တဘောင်တွေနဲ့ တိုင်းပြည်ပျက်တော့မယောင်ယောင်၊ ၈၈ အရေးအခင်းလိုမျိုး၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းလိုမျိုးဖြစ်စေချင်တဲ့နှပ်ကြောင်းပေးပြီး              “မိုးသောက်ပြီ ထိုးဖောက်ကြကုန်လော့” ဆိုပြီး နှိုးဆော်တာတော့ အဆိုးဘက်ကိုဖြစ်စေချင်နေတာလား၊ နောက်ကြောင်းပြန်စေချင်နေတာလား၊ ပွဲလန့်တုန်းဖျာဝင်ခင်းနေတာလားဆိုတာတော့ ဆရာပဲသိမှာပါ။
ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ၀စီဒုစရိုက်လေးပါးထဲက ပိသုဏဝါစာနဲ့ သမ္ဖပ္ပလာပရဲ့ ယေဘုယျသဘောကိုပြောရရင် သူတစ်ပါးလည်းအကျိုးမရှိ၊ မိမိကိုယ်တိုင်အတွက်လည်း အကျိုးမရှိတဲ့ ယုတ်ညံ့သော၊ သူတစ်ပါးပျက်စီးထိတ်လန့်စေလိုသော ကုန်းတိုက်ခြိမ်းခြောက်စကားပြောခြင်းဟာ သူယုတ်မာတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ အခုတော့ ဆရာမောင်သွေးချွန်က ကျွန်တော်အထက်က ပြောခဲ့တဲ့အတိုင်း ခြောက်လှန့်တွန်းပို့နေလေတော့ ဆရာမောင်သွေးချွန်ရေ ကိုယ့်ဘာသာကိုယ် ဘယ်လို  လူစားလဲဆိုတာ နဖူးပေါ်လက်တင်ပြီး တစိမ့်စိမ့်စဉ်းစားပေးပါဦးလို့ အကြံပေးပါရစေဗျာ။
 ဗညားထော(မောင်ကျောက်ခဲ အဖွဲ့)
ဖြည့်စွက်ချက် ။ ရန်ကုန် စာပေအသိုင်းအဝိုင်းမှာတော့ မောင်သွေးချွန်ကို လူထုစိန်ဝင်း သေပြီးကတည်းက လူထုစိန်ဝင်းနေရာမှာ နေဖို့ ပြောဆိုနေတဲ့ ဘဝင်ရူးလို့ ပြောဆိုတတ်ကြပါတယ် ။
Readmore »
ကချင်ပြည်နယ်ရဲ့စစ်ပွဲတရားခံဟာ ကေအိုင်အေခေါင်းဆောင်တွေဖြစ်ကြောင်း ရှမ်းပါတီကြီးဖြစ်သော ကျားဖြူပါတီကပြောပြီ
ကေအိုင်အေခေါင်းဆောင်များမှ စစ်ကိုလိုလားသဖြင့် ကချင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ဟု ရှမ်းပါတီလွှတ်တော် ကိုယ်စားလှယ်ပြောဆို လိုက်ပါပြီ ကေအိုင်အေ စစ်ခေါင်းဆောင်များမှ စစ်ကိုလိုလားနေသဖြင့် ကချင်စစ်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ရှမ်း ပါတီကြီး တစ်ခုဖြစ်သည့် ကျားဖြူပါတီ သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းမှ (၁၀-၁-၂၀၁၃) ရက်နေ့တွင် ပြည်သူ့လွှတ်တော် အဆောက်အဦးတွင် RFA နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
 ၎င်းက “အဲဒီမှာရှိတဲ့ စစ်ဦးစီးချုပ်တို့ ဘာတို့ ကိုယ်၌က စစ်ကို လိုလားတာ ဖြစ်ချင်ဖြစ်မှာပေါ့ ကျွန်တော်တော့ ဒါနဲ့ ပတ်သတ်လို့ အသေးစိတ်တော့ မသိဘူး။ သို့သော် အပေါ်က အခုတွေ့ရ သိရသလောက်ကတော့ အဲဒီ သူတို့ စစ်ဦးစီးချုပ်တို့ ဘာတို့ဆိုတဲ့ပုဂ္ဂိုလ်များကိုက စစ်လိုလားတဲ့ သူတွေဖြစ်နေတော့ စစ်ရပ်ဆဲဖို့ ကျွန်တော်တို့ ဒီအစိုးရပြောတာကို သူတို့က လက်မခံဘဲ ကျွန်တော်တို့ သိသလောက်ဆို စဆွေးနွေးကတည်းက အကြောင်း အမျိုးမျိုးပြပြီး သူက ရှောင်ထွက်နေတာ အဲ့လိုဆိုတဲ့အခါကြတော့ ကိုင်း ဟုတ်ပြီ အဲလိုဆိုလို့ရှိရင်လည်း စစ်မရပ်ချင်ဘူးဆိုရင်လည်း တိုက်ကျတော့ဆိုတော့ အခု သူတို့နေတဲ့ စခန်း လိုင်ဇာတို့ ဘာတို့ ကျတော့မယ် ဆိုတဲ့ အခါကျတော့ အရပ်ကူပါ လူဝိုင်းပါ ကုလသမဂ္ဂတို့ ဘာတို့ ၀င်ပါ ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ပါ တို့တွေ ဖြစ်လာကော၊ ကျွန်တော်မြင်တာက ပြဿနာက ဒီအစိုးရဘက်မှာ မရှိဘူး ကေအိုင်အေ ဘက်မှာပဲ ရှိတယ်။ ကေအိုင်အေမှာတောင်မှ သူ့အဖွဲ့အစည်းထဲက အဓိကကျတဲ့ ပုဂ္ဂိုလ်များပေါ့ သူတို့အပေါ်မှာဘဲ တာဝန် ရှိတယ်။ ” ဟု ပြောဆိုသွားသည်။
ကချင်ပြည်နယ်တွင် ယခင်ကတည်းက ကချင်လူမျိုးကြီး သီးသန့်နေထိုင်တာမဟုတ်ဘဲ ရှမ်းလူမျိုးများနှင့် အခြားသော တိုင်းရင်းသားများလည်း နေထိုင်လျက်ရှိသည်။ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်များသည် ရှမ်းစော်ဘွား များ အုပ်ချုပ်ခဲ့သော ဒေသများဖြစ်ပြီး ကချင်ပြည်နယ်အတွင်းတွင် ရှမ်းလူမျိုးများအပြင် အခြားတိုင်းရင်းသား များပါ နေထိုင်လေ့ရှိပြီး KIA များထံမှ ဆက်ကြေးကောက်ခံခြင်း၊ စစ်သားများအဖြစ် အဓမ္မစုဆောင်းခြင်း၊ တိုက်ပွဲများတွင် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများအပြင် ရှမ်းရွာတွေအနီးတွင် အထင်လွဲစေရန် မိုင်းဆွဲ မိုင်းထောင်ခြင်း၊ ရှမ်းအမျိုးသမီးငယ်များ ကို မုဒိမ်းကျင့်ခြင်းစသည်ဖြင့် အနိုင်ကျင့်နှိပ်စက်လျက်ရှိကြောင်းကိုလဲ ဒီဇင်ဘာလ(၂၇)ရက်နေ့ထုတ် ရှမ်းနီပါတီ၏ ကြေငြာချက်တွင် ဖော်ပြထားကြောင်း သိရှိရသည်။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Jan 11, 2013
ကချင်ပြည်နယ်တွင် မြန်မာ့လေတပ် ရဟတ်ယာဉ်တစင်း စက်ချို့ယွင်းကာ ပျက်ကျ.လေသူရဲနှစ်ဦးစလုံး အသက်ဆုံးရှူံး
ကချင်ပြည်နယ် ဂရောင်ဂရာဘွန် အနီး ဘွန်နွယ်ဘွန်တွင် မြန်မာ့တပ်မတော် လေတပ် မှ MI35 ရဟတ်ယာဉ်တစ်စီးသည် အင်ဂျင်ပိုင်းပြဿနာ(single engine failure)ဖြစ်ကာ ပျံသန်းနေစဉ် ပျက်ကျသွားပါသည် ။ ရဟတ်ယာဉ်မှူးများဖြစ်သော ဗိုလ်မှူး ဖြိုးငြိမ်း(D-S-A -အမှတ်စဉ် ၄၁) နှင့် ဗိုလ်ကြီး ကျော်ထွန်းနောင်(D-S-A -အမှတ်စဉ် ၄၇)တို့သည်လည်း အဆိုပါဖြစ်စဉ်တွင် ကျဆုံးသွားသည်ဟု သိရှိရပါသည် ။ဆက်လက်စုံစမ်းဖော်ပြပါမည် ။
မြန်မာ့လေတပ်သုံးMI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
မလေးရှား ရဲတပ်ဖွဲ့သည် ဘာသာရေးဂိုဏ်း ခေါင်းဆောင် တစ်ဦး၏ နေအိမ်အား ဝင်ရောက် စီးနင်းခဲ့ရာ လက်နက် အများ အပြားကို သိမ်းဆည်းရမိ
မလေးရှား ရဲတပ်ဖွဲ့ အနေဖြင့် ဘာသာရေး ဂိုဏ်း ခေါင်းဆောင် တစ်ဦး၏ နေအိမ်အား ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက် အများ အပြားကို သိမ်းဆည်း ရမိခဲ့ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင် ခံစာ တစ်ခုအရ သိရှိ ရပါသည်။ အစီရင်ခံစာတွင် ဖော်ပြထားချက် အရ အဆိုပါ ဘာသာရေး ဂိုဏ်း အနေဖြင့် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင် နေခြင်း ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။ ထို့ပြင် မလေးရှား တောင်ပိုင်း ပြည်နယ် မလက္ကာမှ ရဲတပ်ဖွဲ့ သည်လည်း ဇန်နဝါရီလ ၅ ရက်နေ့က အသက် ၄၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် ဘာသာရေး ဂိုဏ်းခေါင်းဆောင် တစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရှိ ရပါသည်။ ထိုသို့ ထိန်းသိမ်း ခဲ့ရာတွင် ၎င်း၏ နေအိမ်မှ ဓားရှည်များ၊ ပုဆိန်များ၊ ဓားမြှောင်များ၊ ရာပေါင်း များစွာသော လေးနှင့် မြားများ၊ မှိန်းများ၊ သေနတ်အတု အမျိုးမျိုး၊ ယမ်းထည့်သည့် ဗူး ၂၃ ဗူးတို့ကို သိမ်းဆည်း ရမိခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားကြောင်း သိရှိ ရပါသည်။
From:[_ရခိုင်လူမှုရေး အသင်း _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ