Jan 13, 2013

KIAတပ်ဖွဲ့ကရှေ့တန်းစစ်သားများနေရာတွင် လီဆူးလူမျိုးများဖြင့် အစားထိုး


KIAလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံတော်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ(၁၁)ကြိမ် ပြုလုပ်ပြီး သည့်တိုင် ထူးခြား ထင်ရှားတဲ့ အဖြေရလာဒ်တစ်ခု ပေါ်ထွက်မလာခဲ့ပါဘူး။ ၂၀၁၂ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ နှစ်ဦးနှစ်ဖက် အဆင့်မြင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေပါဝင်ပြီး တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင် ထားပေမယ့် KIA ဘက်က စစ်ဘက် ခေါင်းဆောင် ပိုင်းက တက်ရောက်မှုမရှိတာကြောင့် ဆွေးနွေးပွဲ ပျက်ပြား သွားခဲ့ရ ပါတယ်။ အဲဒီ နောက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲ တွေ ပြင်းထန်လာခဲ့ပြီး နှစ်ဖက်စလုံးမှာ ကျဆုံးမှုတွေရှိ နေခဲ့ပါတယ်။ စစ်တပ်က ပစ်ခတ် တိုက်ခိုက်မှုတွေပြင်းထန် လာတာမို့ KIA ခေါင်းဆောင်ပိုင်း အနေနဲ့ တရုတ် ပြည်ဘက်ကို တိမ်းရှောင် နေကြ ပါတယ်။



KIA တပ်ဖွဲ့တွေမှာ ကျဆုံးမှုတွေပိုမိုများပြားလာပြီး ထွက်ပြေးတာတွေ၊ အစိုးရထံမှာ လက်နက် ချတာတွေ ရှိနေတာ ကြောင့် KIA စစ်ဦးစီးချုပ်က တရုတ်ပြည်ထဲမှာ အရင်ကတည်းက ရောက်နေတဲ့ လီဆူး လူမျိုးတွေကို KIA တပ်မှာ အမှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်နေပါတယ်။ လီဆူးလူမျိုးတွေကို KIA အဖွဲ့ရဲ့ ရှေ့တန်းတိုက်ပွဲတွေအတွက် အသေခံတပ်ဖွဲ့အဖြစ် ဖွဲ့စည်းပေးပြီး တိုက်ခိုင်းနေပါတယ်။ ရှေ့တန်းစခန်း တွေ မှာရှိနေတဲ့ ဂျိမ်းဖော လူမျိုးတွေရဲ့ နေရာမှာ လီဆူးလူမျိုးတွေနဲ့ အစားထိုးခြင်း ဖြစ်ပါ တယ်။ ``ခိုင်းတဲ့အတိုင်း လုပ်တတ်တဲ့ လီဆူးလူမျိုးတွေကို အစားထိုးခြင်း ဖြစ်တယ်``လို့ KIA တပ်ရင်းမှူး တစ်ဦးဖြစ်တဲ့ ဗိုလ်မှူး မဒွမ်နော်ကပြောပါတယ်။

နာမည်ကျော် လီဆူးတိုင်းရင်းသူ သရုပ်ဆောင် ခင်လေးနွယ်အား အကယ်ဒမီပေးပွဲတွင် တိုင်းရင်းဝတ်စုံဖြင့်တွေ့ရစဉ်


From:[_Kacin Daily News _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဟဲ့ကောင်ဂွမ်မော်
လဂျားယန် စခန်းကို တပပ်မတော်က လွယ်လွယ်ကူကူ သိမ်းနိုင်တာ တပ်မတော်ကို ဘုရားသခင် စောင့်ရှောက်လို့ကွ

God save Myanmar soldier

Anonymous said...

God save Myanmar soldier

KIA are falling back because God save Myanmar

Anonymous said...

ကချင်မျိုးနွယ်စုချင်းအတူတူဘုရားကျောင်းတက်ရင်တောင်လီဆူးတွေကိုအတူတူအတက်မခံပဲလူမျိုးကြီးဝါဒကိုကျင့်သုံးတဲ့ဂျင်းဖောတွေခေါင်းဆောင်တဲ့ kia အတွက်လီဆူးတွေကအသေခံရမယ်ပေါ့။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ