Jan 18, 2013

ညတိုက်ပွဲဖြင့် KIA အကြမ်းဖက်သောင်း ကျန်းသူ ရင်း(၆) ပင်မစခန်းကုန်းအား တပ်မတော်မှချေမှုန်းလိုက်ခြင်း

ဖားကန့်မြို့နယ်နှင့် အရှေ့မြောက်ဖက် ၁၀ မိုင်အကွာရှိ ကန်စီး၊ စိုင်းလှ ဒေသအခြေစိုက် KIA အကြမ်းဖက်သောင်းကျန်းသူ ရင်း(၆)၊ အင်အား (၅၀၀)ခန့် ရှိသော ပင်မစခန်းအား အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ်(တိုက်တိုင်းအောင် တပ်မ)မှစစ်သည်များမှ (၁၇-၁-၂၀၁၃)ရက်နေ့ ညပိုင်း(၂၂၀၀) ချိန်တွင် ညတိုက်ပွဲဆင်နွဲကာ သိမ်းပိုက်လိုက်ပြီဖြစ်ပါသည်။

အဆိုပါ ညတိုက်ပွဲမတိုင်ခင် လက်နက်ကြီး ပစ်ကူများဖြင့် ရန်သူ KIA အကြမ်းဖက်သောင်းကျန်းသူများအား ဦးနှိမ်ပစ်ခတ်ထားပြီး ညပိုင်းအချိန် လ၏အလင်းရောင်ကို အသုံးချကာ ရန်သူပင်မ စခန်းကုန်းကိုတက်ရောက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း၊(၁၆-၁-၂၀၁၃)ရက်နေ့တွင် အဆိုပါ သောင်းကျန်းသူများ၏ ကာကင်းကုန်းများဖြစ်သော ဒွန်းမောင်းကုန်းနှင့် လမောင်းကုန်းကို သိမ်းပိုက်ထားခဲ့ပြီး အဆိုပါ သိမ်းပိုက်ထားသော ကာကင်းကုန်းများ လက်နက်ကြီး/လက်နက်ငယ် များဖြင့်ကာပစ် ပစ်ကာ တက်ရောက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

(၁၈-၁-၂၀၁၃)ရက်နေ့ နံနက်ပိုင်းချိန်ထိ ကန်စီဒေသမှ ကစဉ်ကလျား ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်သောင်းကျန်းသူများကို လိုက်လံရှင်းလင်းနေရသည်အတွက် လက်နက်ငယ်သံများကို ဖားကန့်မြို့ထဲမှ ပင်ကြားနေရကြောင်း ၊တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စာသင်ကျောင်းများအား ခေတ္တ ပိတ်ထားရကြောင်း ဒေသခံများမှ ပြောကြားပါသည်။

From:[_ khitthit.blogspot.com_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

6 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဪ ကိုကျောက်ခဲရေ

အမတ်တွေက ဒေါက်တာဆိပ်ဖွား အတွက် အချိန် ကုန်နေချိန်မှာ တပ်မတော် က သူပုန်ကို တိုက်နေပါလား

Anonymous said...

သိပ်ကောင်းတဲ့သတင်းပေါ့ဗျာ တပ်မတော်ဘက်မှာအသေအပျောက်နည်းရင်တော့
အကောင်းဆုံးပေါ့ တစ်ယောက်မှမသေရင်တော့
အလွန်ကောင်းပေါ့ဗျာ ဒီလောက်ခေါင်းမာတာ
အပြတ်သာတီးပစ် တပ်မတော်ကနည်းနည်းလျော့တာနဲ့
KIAကိုအင်အားစုခိုင်းသလိုဖြစ်သွားမယ် သတိထားပါ
တပ်မတော်ကိုအမြဲအားပေးလျှက်

Unknown said...

ဒါမှ ငါတို့တပ်မ ၆၆ ဟေ့ တပ်မ ၆၆ လက်အောက်မှာရှိတဲ့
တပ်တွေက တကယ့်ဖိုက်တာတွေ ခလရ ၁၁ ဆို ရန်သူ
ကိုကြမ်းမှကြမ်းဘဲ ဒုသမ္မတဟောင်းဆို အဲဒီတပ်ကနေ
သီဟသူရဘွဲ့ရထားတာ တပ်ရင်းတခုလုံး သီဟသူရ ၂ယောက် သူရ ၉ယောက် သူရဲကောင်းမှတ်တမ်းဝင်က၃၀၀ကျော် အစဉ်လာကောင်း
တဲ့တပ်ပါ ၆၆လက်အောက်ကတပ်အားလုံး ဖိုက်တာချည်းဘဲ မြန်မာပြည်ရဲ့ အကောင်းဆုံးဖိုက်တာ
တပ်မနဲ့တွေ့လို့ကတော့ kia ခွေးပြေးပြေးရတော့မယ်
အရပ်ကူပါလူဝိုင်းပါဆိုပြီး အော်ရတော့မယ် အဟက်

Anonymous said...

တပ်မတော် ခင်ဗျား KIA ကိုခွေးချောင်ပိတ်ရိုက်သလိုနာနာလေးဆော်ပေးလိုက်စမ်းပါ။

Anonymous said...

Bravo

Anonymous said...

ကိုကျောက်ရေ ဒီကောင်တွေအမျိုးပြုတ်သွားရမှာ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ