Jan 17, 2013

Eleven Media ဒေါက်တာသန်းထွဋ်အောင် ပါးစပ်ထဲ ဂမ်ရှောင်ငယ်ပါဝင်နေသဖြင့် ပြည်သူအများကို အမှန်အတိုင်းမပြောရဲသည့် ကေအိုင်အေဖောက်ခွဲခဲ့သော မြစ်ကြီးနား-မန္တလေး မီးရထားလမ်းရှိ တံတားအကြောင်း(ဓါတ်ပုံ/ဗီဒီယို)

မြစ်ကြီးနား- မန္တလေး မီးရထား လမ်းပိုင်း နဘား ဘူတာနှင့် အင်းတော် ဘူတာကြား မိုင်တိုင် အမှတ် (၅၈၉)ရှိ ပေ ၁၆ဝ ရှည် တံတား အမှတ် (၄၃၆)နှင့် ၎င်းနှင့် ယှဉ်လျက် ရှိသည့် နဘား- ကသာလမ်း ပိုင်းမှ ပေ ၁၆ဝ ရှည် တံတား အမှတ် (1 BK) တို့၌ ယမန်နေ့ ည ၈ နာရီ ၇ မိနစ် ခန့်တွင် မိုင်းပေါက်ကွဲ ဖြစ်စဉ် နှစ်ခု တစ် ပြိုင်တည်း ဖြစ်ပွား ခဲ့ကြောင်း သိရသည်။


 မိုင်းပေါက်ကွဲ မှုကြောင့် တံတား အမှတ် (၄၃၆) တွင် ရေလယ်တိုင် အမှတ် (၂) ၏ အရှေ့ဘက် အောက်ခြေ အုတ်ကြမ်းခင်း တစ်ပေခွဲ ပတ်လည်၊ အနက်တစ်ပေ ပျက်စီးပြီး ရေလယ်တိုင်၏ အရှေ့ဘက် အောက်ခြေ အမြင့် ၂ ပေ ပတ်လည်၊ အနက် ၄ ပေ ၆ လက်မခန့် ပျက်စီး၍ ရေလယ်တိုင် အတွင်း သံချောင်းများ ပေါ်ခဲ့ပြီး တံတား သံပေါင် အနောက်ဘက်သို့ ၃ ပေခန့် ရွေ့ပြီး ဇလီဖားတုံး ၁၅ တုံးခန့် ပျက်စီး သွားခဲ့သည်။ ထို့အတူ တံတား အမှတ် (1 BK) ၏ ရေလယ်တိုင် အမှတ် (၂) အနောက် ခြမ်း၌ အမြင့် ၈ ပေ၊ အနံ ၂ ပေခွဲ ပျက်စီး၍ အောက်ခြေ အုတ်များ ပြိုကျခဲ့ပြီး ၄ ပေ အရှည် ရှိသော အက်ကြောင်းများ ဖြစ်ပေါ်ကာ တံတား သံပေါင် အရှေ့ဘက်သို့ ၃ ပေခန့် ရွေ့ပြီး ဇလီ ဖားတုံး ၆ဝ ခန့် ပျက်စီး သွားကြောင်း သိရှိရသည်။

အောက်ပါဗီဒီယိုဖိုင်တွင် ကေအိုင်အေတို့ဖောက်ခွဲခဲ့သော တံတားအား တပ်မတော်သားများမှ ရှင်းလင်းရေး စစ်ဆေးရေးများပြုလုပ်နေသည်ကိုတွေ့ရမည်။
From:[_ မြဝတီ_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ