Jan 18, 2013

အင်တာနက်မှ အစိုးရဆီသို့

၁။ ဖေ့စ်ဘုတ်ဝယ် “အင်မတန်” ဟူသည့် ၀ိသေသန အသုံးပြုလိုသော စာနှစ်ပုဒ်ဖတ်လိုက်ရသည်။  တစ်ပုဒ်ကိုတော့ဖြင့် “အင်မတန် ကျက်သရေ မင်္ဂလာရှိသော” ဟူသည့် စကားလုံး ဖြည့်လိုပါသည်။ အခြားတစ်ပုဒ်ကိုကား အင်မတန်၏နောက်တွင် သင့်တော်ရာ ဖြည့်စွပ်ကြပါရန် တောင်းပန်လိုပါသည်။ ဘာဖြည့်ရမည်မှန်း မသိ၍ ဖြစ်ပါသည်။

၂။ အင်မတန်ကျက်သရေမင်္ဂလာရှိသော စာအကြောင်းကို ပထမပြောလိုပါသည်။ ဇာတ်လမ်းအစသည် မြန်မာ့အလင်း သတင်းစာတွင် သွေးတိုးနေသူများကို လက်ချောင်းဆယ်ချောင်း ထိပ်ကလေးများကို အပ်သန့်သန့်နှင့် ဖောက်၍ ကုသနိုင်သည်ဟု ရေးသားထားခြင်းကို ဖေါ်ပြရာမှစသည်။ ထိုသို့ အသက်နှင့် ဆိုင်သောကုသမှုတွင် စနစ်တကျ သုတေသနပြု သက်သေပြထားခြင်း မရှိသောနည်းများကို အသုံးပြုခြင်းသည် အန္တရယ်ရှိကြောင်း ဆရာ ချာလတန်တူးဘစ်မှ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်အား ထောက်ပြခဲ့သည်။ ကြေးမုံတွင် ထပ်မံပါလာပြန်သည်။ ထပ်မံထောက်ပြခဲ့သည်။

၃။ ထိုအချိန်တွင် အထက်ပါဖေါ်ပြခဲ့သော အင်မတန် ကျက်သရေ မင်္ဂလာရှိသောစာကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ ပြန်ကြားခဲ့ခြင်းဖြစ်သည်။ ချာလတန်တူးဘစ်၏ ထောက်ပြမှု အရ နိုင်ငံပိုင်သတင်းစာများ လိုက်နာဖို့ ရေးဆွဲထုတ်ပြန်ထားတဲ့ လုပ်ငန်းဆောင်ရွက်ပုံ စည်းမျဉ်း ကျင့်ဝတ်ကို လိုက်နာဖို့ အားနည်းခဲ့သောကြောင့် ပြုပြင်ဆောင်ရွက်သွားဖို့ ဦးဆောင်ညွှန်ကြားရေးမှူး၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက စာတည်းအဖွဲ့ကို မှာကြားခဲ့ပြီးဖြစ်ကြောင်း၊ နောင်ကို အကြံပေးနိုင်ကြောင်းကို ဒုဝန်ကြီးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွင် ပြန်ကြားခဲ့ခြင်း ဖြစ်ပါသည်။

၎။ ၀န်ထမ်းတစ်ယောက်အနေနှင့် ပြည်ထောင်စု ဒုဝန်ကြီးဟူသည့် အဆင့်ကို “ဘာ” ဆိုသည်ကို သိကြပါသည်။ ယခင်အတိတ်ကာလတစ်ခုတွင် ဒုဝန်ကြီးမဆိုနှင့်၊ ညွှန်ချုပ်အဆင့်ဆိုလျှင်ပင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရသော ကာလတစ်ခုရှိဘူးပါသည်။ (အချို့နေရာများတွင် ရှိနေဆဲဖြစ်ပါသည်) ချာလတန်တူးဘစ်သည် ပါမောက္ခဆရာဝန်ကြီး တစ်ဦးဖြစ်မှန်း ရင်းနှီးကျွမ်းဝင်သော ဆေးလောကသားများသိကြစေကာမူ ဦးရဲထွဋ် သိမည်မထင်ချေ။ သို့သော် ချာလတန်တူးဘစ်၏ “စေတနာ”ကို သိသည်။ အပြုသဘောဆောင်သော အကြံကိုလိုက်နာသည်။ ထိုမျှဆိုလျှင်ပင် ကျေနပ်ရပါသည်။

၅။ သို့သော် ဦးရဲထွဋ်သည် သူ ဘယ်သူဘယ်ဝါမှန်း မသိသော ချာလတန်တူးဘစ်အား လေးလေးစားစား ပြန်ကြားသည်။ အမှားကို ၀န်ခံသည်။ အခြေအမြစ် မသိသောသူ၏ စေတနာကို လက်ခံ၍ အစိုးရလုပ်ငန်းဆောင်တာတွင် ထည့်သွင်းပြင်ဆင် စေသည်။ ဒုဝန်ကြီးသည် ထရန်စ်ပယ်ရန်စီ ဆိုသည်မှာဟု မအော်ပဲ ထရန်စ်ပယ်ရန်စီကို သက်သေပြသည်။ အကြံဥာဏ်ကို လေးလေးစားစားဖိတ်ခေါ်သည်။ အင်မတန် ဒီမိုကရေစီ ဆန်ပါပေသည်။ အင်မတန်ကျက်သရေ မင်္ဂလာရှိပါပေသည်။

၆။ နိုင်ငံပိုင် သတင်းစာများ အမှောင်ဖုံးသော တစ်ခေတ်ရှိဘူးပါသည်။ သို့သော် သည်ပုံအတိုင်းဆိုလျှင် အမှောင်လွန်မြောက် အလင်းရောက် ပါတော့မည်။ နိုင်ငံပိုင် သတင်းစာတို့မှ ထိုကဲ့သို့ ပြောင်းလဲရန် ပြင်ဆင်နေချိန်တွင် အချို့ မီဒီယာတို့သည် ဖေ့စ်ဘုတ်စာမျက်နှာဝယ် အကြံပေးလာသူ၊ အပြုသဘောဝေဖန်သူတို့အား ကွန်မန့် ပိတ်ပင်ခြင်း၊ ဘလော့ခြင်းတို့ကို ပြုနေသည်ကိုလည်း တွေ့ရသည်။ ပြည်သူ့အသံကို နားမထောင်ပါက အစဉ်အလာ မည်မျှရှိခဲ့သည်ဖြစ်စေ၊ ကျဆုံးမည်ဖြစ်ကြောင်း သတိပေးလိုပါသည်။

၇။ နောက်ထပ် “အင်မတန်” အသုံးပြုရမည့် သတင်းမှာ လွှတ်တော်သတင်းဖြစ်ပါသည်။ အင်တာနက်စာမျက်နှာတစ်ခုဝယ် ဒေါက်တာဆိတ်ဖွား ဆိုသူက “ဥပဒေအထက်တွင် လွှတ်တော်ရှိသည်” ဟုရေးသားမှုကို လွှတ်တော်တွင် ကော်မရှင်ဖွဲ့ အရေးယူရန် ဒေါက်တာစိုးရင်မှ အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၄၇၊ ကန့်ကွက်မဲ ၁၅၇၊ ကြားနေမဲ ၄၂ဖြင့် အတည်ပြုခဲ့ကြောင်း The Voice ၏ သတင်းဖြစ်သည်။

၈။ ဒေါက်တာဆိတ်ဖွား ဆိုသူ၏ အဆို မှန်မမှန်ထက် လွှတ်တော်၏ လုပ်ရပ်ကိုသာ ကြည့်လိုပါသည်။ အသရေဖျက်မှုတွင် မောင်ဖြူက “မောင်နီဟာ တဏှာကြီးသူဖြစ်လို့ သူ့စာအုပ်က ညစ်ညမ်းတာ မဆန်း” ဟုပြောလျှင် အသရေဖျက်မှုမြောက်ပါသည်။ သို့သော် “မောင်နီ့စာအုပ်ဟာ ညစ်ညမ်းတာတွေများလို့ မောင်နီဟာ တဏှာကြီးသူ ဖြစ်ရမယ်” ဟုဆိုလျှင် အသရေဖျက်မှု မမြောက်ပါ။ ဆိုလိုသည်မှာ လုပ်ရပ်ကို ကြည့်၍ သဘောရိုးဖြင့် ဝေဖန်လျှင် အသရေဖျက်မှု မမြောက်ကြောင်း သိထားရန် ဖြစ်ပါသည်။

၉။ ဒီမိုကရေစီ၏ သဘောသည် လူ့အခွင့်အရေးပေါ်တွင် “တည်”ထားခြင်း ဖြစ်ပါသည်။ လူ့အခွင့်အရေးသည် လူသား၏ မွေးရာပါ အခွင့်အရေးဖြစ်သည်။ မိမိထင်မြင်ရာကို လွတ်လပ်စွာ ဖေါ်ထုတ်ခွင့်ရှိရပါမည်။ ဖေါ်ထုတ်ခွင့် မရှိသူများအတွက် လွှတ်တော်ကိုယ်စားလှယ်သည် အသံချဲ့စက်ဖြစ်ပါသည်။ ပြည်သူ့အသံကို ကိုယ်စားပြု ဖေါ်ထုတ်ပေးရပါမည်။ ပြည်သူ့အသံကို ဖေါ်ထုတ်ရမည့် ကိုယ်စားလှယ်တော်တို့သည် ပြည်သူ့အသံကို ပိတ်ပင်ရန်၊ ခြိမ်းခြောက်ရန် အားထုတ်လာသောအခါ…….

၁၀။ တစ်ဖန်လွှတ်တော်၏ အလုပ်သည်ဘာနည်း။ ပြည်ထောင်စု အဆင့်လွှတ်တော်တွင် ရပ်ကွက်မီးမလင်း၍ တောင်းဆိုသည့် အသံကို ကြားခဲ့ရပါပြီ။ ပြည်ထောင်စု အဆင့်ဟု နာမည်မတတ်၍ စွပ်စွဲပြစ်တင်သည့် အသံကို နာခဲ့ရပါသည်။ တစ်ရွာလုံး ပြည့်တန်ဆာ လုပ်စားသည် ဟု ရွာနာမည် မပြောရုံတမည် ထုတ်ဖေါ်သည်လည်း သိခဲ့ရပါသည်။ ကောင်းပါသည်။ လုပ်ကြပါဟုသာ ဆိုပါမည်။ ဆရာတစ်ယောက် ပြောသလို “သည်အသက်အရွယ် သည်အဆင့်အတန်းကျမှ ကိုယ်ညံ့တာ ကိုယ်ထုတ်ပြမနေရန်” သာ ဆုတောင်းလိုပါသည်။

၁၁။ အင်တာနက်မှ အစိုးရဆီသို့ ရှေးရှုရောက်ရှိလာသော စာနှစ်ပုဒ်ကို ဖေါ်ပြခဲ့ပါသည်။ တစ်ပုဒ်ကိုကား အင်မတန်ကျက်သရေ မင်္ဂလာရှိသောဟု ပြောခဲ့ပါသည်။ ကျန်တစ်ပုဒ်ကိုကား စာရှုသူ နာမည်တတ်ပေးစေလိုပါသည်။ “အင်မတန်………………………………….”

၁၂။ ထို့ထက်ပို၍ ဆိုရန် မရှိပါ။
From:[_ သက္က မိုးညို_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

Shancherry said...

အင်မတန်စုတ်ပဲ့သော လွှတ်တော်သတင်း

Anonymous said...

ဒေါက်တာဆိပ်ဖွာအောင်မြင်ပါစေ
Zzz

Anonymous said...

...စောက်သုံးမကျသော၊ ကြက်သရေ၊၀က်သရေ၊လဒသရေမရှိသော....ဟု ၁၀ခါပြန် ဖြည့်ပါသည်။ ဒေါက်တာဆိတ်ဖွားက တကယ့်သဘောရိုး၊ စိတ်ရင်းစေတနာအမှန်နဲ့ လွှတ်တော်ကြီးကို ကောင်းစေချင်၊ ဂုဏ်ယူချင်၊ အားကိုးချင်လွန်းလို့ disappoint ဖြစ်လို့ အပြုသဘော ဝေဖန်ထောက်ပြတယ်ဆိုတာ လုံးဝ (လုံးဝ) ရှင်းနေပါတယ်။ မထေမဲ့မြင် ကဲ့ရဲ့ပြစ်တင် အပျက်သဘောမဟုတ်ဘူးဆိုတာ လွှတ်တော်တွင်းက အမတ်မင်းများ သဘောမပေါက်ပေမဲ့ ပြင်ပကပြည်သူတွေအားလုံး သဘောပေါက် ကြပါတယ်ဗျို့။ ဒေါက်တာဆိတ်ဖွားရေးလို့ လွှတ်တော်ကြီး ဂုဏ်သက္ခာမကျဘဲ အခုမှလုံးလုံးကျတော့တာပါဘဲဗျို့။ စောက်ပေါအမတ်တွေ.....

Anonymous said...

ကျက်သရေတုံး၍ခေါင်းမရှိသူများ၏သတင်းဖြစ်သည်။ သန်းထွဋ်အောင်၏ လွှတ်တော်အမတ်များအပေါ် သြဇာညောင်းပုံကိုထင်ထင်ရှားရှားတွေ့နိုင်ပါသည်။

Anonymous said...

လွတ်တော်ကိုအပြစ်မတင် ရန်တောင်းပန်ပါတယ်။အရင် ကလုပ်ချင် ရာလုပ်တဲ့သူတွေကိုတ နေရာထဲစုပြီးထားတော့တိုင်းပြည်ပျက်တာနဲနဲသက်သာတာပေါ့။ရွာသာကြီးလဲဒီလိုထားတာဘဲမဟုတ်လား

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ