Jan 8, 2013

တရားမ၀င် ဗလီအဆာက်အဦေ ဆာက်လုပ်ေ န မှု အား တာဝန် ရှိသူများမှ အေ ရးယူ နိုင်ေ ရး အ တွက် သိရှိနိုင်ပါရန်


မန္တလေးေ ဒ သကြီး အမရပူရမြို့ နယ် ..ေ ဈးချို ရပ် ကွက် ၊ စစ်ကိုင်း  မန္တလေးေ လးကားလမ်းေ ဘး၊ အကွက် (၆၀၁) ၊ ဦးပိုင် (၁၃၅)ေ ပါ် ရှိ အစလာမ် ဘာသာဝင်များ၏ ကိုယ် ၇ံေ တ်ာဗလီ တွင် ဗလီ ဥကဌ ဦးစိုးနိုင် ဦးေ ဆာင္ေ သာ အစလာမ္ဘာသာဝင္မ်ားသည္  မႏၱေလး  ေ လးျမိုေ တာ် စည်ပင် သာယာေ ရးေ ကာ္မတီ အေ ဆာက္အအုံ နှင့် ကုန်ရုံ ဌာန၏ ၁၀-၁၁-၂၀၁၂ ရက်ေ န့  ရက်စွဲပါ စာအမှတ် . ၆- ၀၈၀၀၀၁/ ၃၅.အ (ပြင်) ၂၀၁၂ ပါ စာအရ မူလ ဗလီအေ ဆာက္အဦအား
(က) ေ ရွ့မ်က္နွာစာ ပြင်ဆင်ခြင်း
( ခ ) နံရံ ပြုပြင်ခြင်း
( ဂ ) အမိုး ပြင်ဆင်ခြင်း
တို့  ကိုသာ ခွင့် ပြု ထားမှု ကို အလွဲသုံးစား ပြုလုပ်ကာ အခွင့်ေ ကာင်းယူကာ လက် ရှိ ဗလီအေ ဆာက်အဦနှင့် ဝတ်ပြု အေ ဆာက္အဦအ ျကား၌ အုတ္နံရံ တက္အေ ဆာက္အဦ (၁)လုံးအား ကြီးကျယ် ခမ်းနားစွာေ ဆာက်လုပ်လျက် (၅၀ ရာခိုင်နှုန်း ခန့်ေ ဆာက်လုပ်ပြီးစီးလျက်ရှိ) ရှိသည်ကို မြို့ နယ်တာဝန် ရှိသူများမှ သိရှိလျက် စစ်ေ ဆးအေ ရးယူေ ဆာင်ရွက် ခြင်းမရှိသည်ကို ရပ်ကွက်ေ န ဗုဒ(ဓ)ဘာသာဝင် ပြည်သူများမှ ေ က်နပ္မွ ု မရွိ၍ အမွန္တကယ္အေ ရးယူေ ဆာင်ရွက်မည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အကြီးအကဲများထံ အေ ကြာင်းကြားတိုင်တန်းရန်လိုလားလျက်ရှိပါသည် ။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ငြိမ်းချမ်းရေး ကိစ္စ နောက်ကြောင်းပြန်မလှည့်ဟု KNU ပြောပြီ


လက်ရှိအစိုးရနှင့် ဆွေးနွေးပြောဆိုနေသော ငြိမ်းချမ်းရေးကိစ္စရပ်များတွင် နောက်ကြောင်းပြန်လှည့်လိမ့်မည်မဟုတ်ကြောင်းကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောဆိုလိုက်သည်။

“ကျနော်တို့ ကရင်လက်နက်ကိုင် တော်လှန်ရေးက နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ။ ကျနော်တို့ ကရင်ပြည်သူတွေလည်း ထိခိုက်သေကြေတာတွေ များလွန်းနေပြီ။ ဒီလိုအဖြစ်မျိုး အနာဂတ်မှာ မဖြစ်စေချင်တော့တဲ့အတွက် ကျနော်တို့ကတော့ ငြိမ်းချမ်းရေးအတွက် လုပ်နေတာတွေကို နောက်ကြောင်းပြန် လှည့်မှာမဟုတ်ဘူး” ဟု ရန်ကုန်သို့ ရောက်နေသော KNU ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

KNUအထွေထွေအတွင်းရေးမှူးချုပ်ပဒိုကွယ်ထူးဝင်းကလည်းလက်ရှိအခြေအနေတွင် ဆွေးနွေးလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများကို မပျက်ပြားစေလိုကြောင်း ပြောဆိုသည်။

“ကျနော်တို့ အနေနဲ့ကတော့ ဒီနေ့လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဘယ်နည်းနဲ့မှ မပျက်ပြားစေချင်ဘူး။ ကျနော်တို့ ရွေးလိုက်တဲ့ ဒီလမ်းကို ကျေနပ်မှုရှိတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ပြည်သူတွေနစ်နာလွန်းလှပါပြီ။ နာကျင်မှု အနည်းဆုံးနည်းနဲ့ ကိုယ့်ရည်မှန်းချက်ကို ဖြစ်မြောက်အောင်ပဲ ကြိုးစား လုပ်ချင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ထို့အတူ တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေး ပြောဆိုရာတွင် တဦးနှင့်တဦး ယုံကြည်မှု တည်ဆောက်ရန်နှင့် တဘက်နှင့် တဘက် သံသယများရှိနေသည်ကို ပြေလျော့စေရန်လည်း အရေးကြီးကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

“နှစ်ပေါင်း ၆၀ ကျော်တောင် ဖြစ်ခဲ့တဲ့ အဖွဲ့ ၂ ခုအနေနဲ့ သံသယတွေကတော့ ပျောက်ဦးမှာ မဟုတ်ဘူး။ ယုံကြည်မှုကလည်း အကန့်အသတ်နဲ့ပဲ ရှိနေအုံးမှာပဲ။ ဒါပေမယ့် ဒီလိုပဲ တဘက်နဲ့တဘက် ယုံကြည်မှုကို တည်ဆောက်သွားဖို့၊ သံသယတွေ ဖြေလျှော့သွားဖို့ ကျနော်တို့ဘက်ကတော့ ကြိုးစားပြီး လုပ်သွားမှာပါပဲ” ဟု သူက ပြောသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက KNU ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့ကို တွေ့ဆုံစဉ်

ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းကလည်း အကယ်၍ နှစ်ဘက်ယုံကြည်မှုကို မတည်ဆောက်နိုင်ဘဲ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေမှုများ ပျက်ပြားသွားမည် ဆိုပါက KNU အနေဖြင့် မူလလမ်းကြောင်းဖြစ်သည့် လက်နက်ကိုင် လမ်းစဉ်ကိုသာ ပြန်ရောက်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

“ဒီလို အခြေအနေ ရောက်သွားခဲ့ရင် ကျနော်တို့ ပြည်သူတွေပဲ အထိနာမယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် နောက်ပြန် မလှည့်တမ်း အဆုံးစွန်အထိ သွားမယ်လို့ ကျနော်တို့ ပြောတာဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

စစ်အစိုးရကို တော်လှန်သော သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် KNU အနေဖြင့် နိုင်ငံရေးနည်းလမ်း တကျ ဖြေရှင်းသွားမည်ဖြစ်သော်လည်း ပါတီတခုအဖြစ် တည်ထောင် လှုပ်ရှား သွားလိမ့်မည် မဟုတ်ကြောင်း သိရသည်။

“နိုင်ငံရေးနည်းလမ်းအရ စားပွဲဝိုင်းမှာ ထိုင်ဆွေးနွေးတယ် ဆိုပေမယ့် KNU ပါတီ မထောင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ မပြင်သေးသရွေ့၊ ရှင်းရှင်းပြောရရင် KNU က ပါတီထောင်ပြီး နိုင်ငံရေး လုပ်သွားမှာ မဟုတ်ဘူး” ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

KNU အဖွဲ့အတွင်း ဦးဆောင်သူများ အပြောင်းအလဲ ဖြစ်ခဲ့ပြီး မကြာမီတွင်ပင် သမ္မတ ဦးသိန်းစိန်က KNU မှ တာဝန်ရှိသူများကို နေပြည်တော်သို့ လာရောက်ရန် ဖိတ်ခေါ်မှုကြောင့် ဥက္ကဋ္ဌသစ် မူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်း၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်တို့ပါဝင်သည့် အဖွဲ့မှာ နေပြည်တော်နှင့် ရန်ကုန်မြို့တို့သို့ ရောက်နေကြခြင်း ဖြစ်သည်။

၎င်းအဖွဲ့အနေနှင့် ယခုတကြိမ်လာရောက်ခြင်းသည် ပြောင်းလဲသွားသော ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန် အစိုးရကို မိတ်ဆက်သည့် သဘောသာဖြစ်ပြီး နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ သီးသန့် ပြောဆိုခဲ့ခြင်းမရှိကြောင်း ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာတွင် ယနေ့ပြုလုပ်သည့် KNU နှင့် ပြည်တွင်းရှိ ကရင်လူမှုအဖွဲ့အစည်းများ တွေ့ဆုံချိန်တွင် KNU တာဝန်ရှိသူများက ပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်တို့နှင့် တွေ့ဆုံချိန်တွင် လက်ရှိ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်မက်များနှင့် ပတ်သက်ပြီးလည်း ပြောဆိုခဲ့သည်ဟု သိရသည်။

“ကချင်ကိစ္စ၊ ကချင်နဲ့ဖြစ်နေတဲ့ ကိစ္စကလည်း ကျနော်တို့ ကရင်နဲ့ ဆက်စပ်နေတယ်။ ကချင်နဲ့ စစ်ဖြစ်နေတုန်းမှာ ကရင်နဲ့ ငြိမ်းချမ်းရေးပြောနေတယ်၊ ချင်းနဲ့ ငြိမ်းချမ်းရေး ပြောနေတယ်။ တကယ်လို့သာ တပြည်လုံး အပစ်အခတ် ရပ်စဲရေး တည်ဆောက်ချင်တယ် ဆိုရင် ကရင်နဲ့သာမက၊ ချင်းနဲ့သာမက ကချင်တွေနဲ့လည်း ညှိနှိုင်းရမယ်။ ဒါမှသာ တပြည်လုံး အတိုင်းအတာ ငြိမ်းချမ်းရေးရမယ်။ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်မယ် ဆိုရင် တဖွဲ့တည်း၊ တဘက်တည်းက ရပ်လို့မရဘူး။ နှစ်ဘက်လုံးက ရပ်မှရမယ် ဆိုတာတွေကို သမ္မတ ဦးသိန်းစိန်၊ ၀န်ကြီးဦးအောင်မင်းတို့ကို ကျနော်တို့ ပြောခဲ့ပါတယ်” ဟု ပဒိုကွယ်ထူးဝင်းက ရှင်းပြသည်။

အနာဂတ်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်းများတွင် KNU ကို မတရားအသင်းအဖြစ် သတ်မှတ်ထားမှု ဖျက်သိမ်း ပေးရေး၊ KNU နှင့် ပတ်သက်မှုကြောင့် အကျဉ်းကျနေရသူများ အရေးတို့ကိုလည်း ထပ်မံ ထည့်သွင်း ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစိုးရအဖွဲ့များနှင့် KNU အဖွဲ့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်ခဲ့ပြီး ထိုစဉ်က အဖွဲ့ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် အဖွဲ့တို့ ရန်ကုန်တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်သည်အထိ ဆက်ဆံရေး တိုးတက်ခဲ့သည်။ KNU ၏ ဆက်ဆံရေးရုံးခွဲကိုလည်း ၂၀၁၂ ခုနှစ် ဧပြီလတွင် ပဲခူးတိုင်း ကျောက်ကြီးမြို့၌ ပထမဆုံးအဖြစ် ဖွင့်လှစ်နိုင်ခဲ့သည်။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

လိုင်ဇာနားက စိုးမိုးကုန်းကို တပ်ခွဲမှူးဗိုလ်ကြီးတစ်ဦး အသက်နဲ့ရင်းပြီး သိမ်းနိုင်ခဲ့တဲ့ ခလရ ၁၀၁ အောင်မြင်မှူ

(ကျောက်ကြီး )ခလရ ၁၀၁ လိုင်ဇာနားက စိုးမိုးကုန်းကို သိမ်းနိုင်ခဲ့ပါပြီ ။ စိုးမိုးကုန်းက အမြင့်ဆုံးတောင်ကုန်းပါ ။ အများကြီးရင်းခဲ့ရပါတယ် ။ ဒုရင်းမှူးပါ ဒဏ်ရာရတယ် ။ နောက်တန်းပြန်ဆွဲပေါ့ ။ နောက်တပ်ခွဲဗိုလ်ကြီးဦးဆောင်ပြီး တိုက်တယ် ။ တောင်ကုန်းရတယ် ။ ဗိုလ်ကြီးကျတယ် ။ အမြဲပြုံးနေပြီး ခပ်ပေပေနေတတ်သူ ။ ၄၆ဆင်းက ။ မိန်းမနဲ့ ဆယ်လသားကလေးလေး ကျန်ခဲ့တယ် ။ ကျောက်ကြီးက KNUဂွင်နယ်ကပါ ။ KNUနဲ့ ငြိမ်းချမ်းရေးရပြီဆိုပြီး ကျနော်တွေးမိသေးတယ် ။ သြော်ဗိုလ်ကြီးတော့ အေးဆေးပြီပေါ့လို့ ။ ခုတော့ ဒီကချင်မှာတိုက်ရပြီး ကျတယ် ။ ဒါပါပဲ . . လူကြီးတွေ စားပွဲဝိုင်းမှာ စကားပြောတယ် . . လူငယ်တွေသေရတယ် . . စစ်စစ် . . ငြိမ်းချမ်းရေး အလိုချင်ဆုံးက စစ်သားတွေပါ အကိုကြီး ကောင်းရာသုဂတိပါစေ ။


 From:[_Okkar Shwe Win _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား(၂)ဦးအား ဖမ်းဆီးရမိ

၇-၁-၂၀၁၃ရက်နေ့ ၁၇၀၀အချိန် ဗန်းမော်မြို့ (၅) မိုင်စစ်ဆေးရေးရဲကင်းရှိတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် လွယ်ဂျယ်မှ ဗန်းမော်သို့ ဗန်းမော်မြို့နယ်၊ သာစည်ရပ်ကွက်နေ ဖိုးခွား(ခ)ပြည့်ဖြိုးဟန်(၂၈)နှစ် မောင်းနှင်လာသည့် ၉က/xxxx ဗင်ကားအား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင်တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံ၊ ရင်ကျန်းခရိုင်နေသူများ ဖြစ်သည့် ဆွန်ရိန်(၃၃)နှစ်နှင့် ဖုန်ဆန်း(၅၀)နှစ်တို့ ၂ ဦးအား မြန်မာငွေကျပ်(၄၅)သိန်း၊ တရုတ်ယွမ်ငွေ ၁၀၀ တန် (၃၈၂)ရွက်၊ LEPHONE တံဆိပ်ပါ တရုတ်ဖုန်း(၁)လုံး၊CHAMGHCNG တံဆိပ်ပါ တရုတ်ဖုန်း (၁)လုံး၊ CERIA တံဆိပ်ပါ တရုတ်ဖုန်း(၁)လုံး၊YUNAN ငွေထုတ်ကဒ် ၁ ကဒ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိ တရုတ်နိုင်ငံသား ၂ ဦးနှင့် သိမ်းဆည်းရမိပစ္စည်းများအား နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှုကာကွယ်ရေးအဖွဲ့ထံ လွှဲပြောင်းအပ်နှံပေးခဲ့ရာ ဗန်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌် စစ်ဆေးလျက်ရှိပြီး အမှုဖွင့်အရေးယူသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ From:[_ ရဲဇာနည်_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မြန်မာမှာ နူကလီးယားဓါတ်ပေါင်းဖို ရှိသင့်တယ်

ကျွန်ုပ်မောင်ကျောက်ခဲကတော့ အချိန်လည်းမအားလို့ သိပ်အရှည်ကြီးမပြောချင်ဘူး ။နောက်ပြီး ကျုပ်တို့မြန်မာနိုင်ငံသားတွေက စာလေးများ ရှည်လာရင် ကိန်းဂဏာန်းတွေ ပါလာရင် သိပ်ဖတ်ချင်တာမဟုတ်တဲ့လူစားတွေကိုဗျ ။ဒီတော့လည်း ကျွန်ုပ် သိပ်ပြီး ကိန်းကြီးခန်းကြီး မပြောတော့ဘူး ။လိုရင်းပြောမယ် ။

ကျွန်ုပ်တို့နိုင်ငံဟာ အင်အားကြီး နိုင်ငံ တရုတ်နဲ့ အိန္ဒိယ ကြားမှာရှိတယ် ။အဲဒီနှစ်နိုင်ငံမှာ နူကလီးယားဓါတ်ပေါင်းဖိုရှိတယ် ။နိုင်ငံရဲ့ လျှပ်စစ်စွမ်းအားအနေနဲ့ယူသုံးသလို စစ်ဘက်ရေးရာသုံးတယ် ။အဲ.နောက်တစ်ကောင်.အနောက်မြောက်ဘက်က နေ ကျွန်ုပ်တို့နိုင်ငံကို လစ်ရင်လစ်သလိုတွယ်မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသာ သေးတာ နူကလီးယားဓါတ်ပေါင်းဖိုက စွမ်းအင်နဲ့ နိုင်ငံကလည်ပတ်နေတယ် ။မကြာခင်မှာ စစ်ဘက်ကိုပါ နူကလီးယားဒုံးတွေများသုံးလာရင် ကျွန်ုပ်တို့ ရခိုင်ဒေသ က စ ပါပြီ ။နောက် အရှေ့ဘက်က ထိုင်း ..သူတို့လည်း 2025 ကနေစပြီး နိုင်ငံမှာ နူကလီးယားဓါတ်ပေါင်းဖိုတွေဆောက်တော့မယ် ။အခု အစီအစဉ်တွေရေးနေပြီ ။ နောက်မလေးရှား.သူတို့လည်း ရှိတယ် ။

ဒီနိုင်ငံတွေကြားမှာ ကျွန်ုပ်တို့နိုင်ငံက လျှပ်စစ်မီး မမြင်ဖူးသေတဲ့ ဒေသတွေ ရှိသေးတယ် ။ရန်ကုန် မန္တလေး တွေတောင် ဖုတ်လိုက်ဖုတ်လိုက်နဲ့ ။အခု နိုင်ငံတကာက လုပ်ငန်းတွေ အောတိုက်လှိမ့်ဝင်မှာ ။ကိုယ့်နိုင်ငံတောင် မီးမမှန်သေးတာ ။ဒင်းတွေကို ပေးဖို့ခက်တယ် ။အဲဒါကြောင့် မလာချင်တော့ဘူး ။

ကျွန်ုပ်တို့မှာ ရှိတယ့် ရေအားလျှပ်စစ် ရေရှိမှ မီးလာမှ ။အဲလောက်ပေါပေါများများလည်း ရေမသုံးနိုင်ဘူး ။ကျောက်မီးသွေးစက်ရုံ..ဒါကလည်း ဒေသတစ်ခုချင်းစီမှာပဲ တတ်နိုင်မယ် ။တနိုင်ငံလုံးကို ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားတွေဆောက်လို့မဖြစ်ဘူး ။ဒါတွေက Limited resource တွေ တစ်ချိန်ကျ ကုန်မှာ ။သဘာဝကိုမထိအောင် သုံးတဲ့နည်းတွေတော့ ရှိတယ်။
သဘာဝဓါတ်ငွေ့..သူကတော့ မျှော်လင့်ချက်ရှိတယ် ။သဘာဝဓါတ်ငွေ့နဲ့ ထုတ်နိုင်ကောင်းရဲ့ ။သို့သော် နိုင်ငံခြားဝင်ငွေက ဒင်းဆီကပဲ ရတာ ။သဘာဝဓါတ်ငွေ့နဲ့သုံးမယ်ဆို ရောင်းထားတာတွေကို ယတိပြတ်ဖြတ်ပြီး ဆောက်မှရမယ် ။သူလည်း တစ်ချိန်ကျရင်ကုန်ဆုံးမယ့် သဘာဝရင်းမြစ်ကြီး ။ကောင်းပြီ။
နူကလီးယား ။ဆောက်သင့်တယ် ။ကျွန်ုပ်အမြင်ပေါ့ ။နူကလီးယားဓါတ်ပေါင်းဖို နှစ်ဖိုလောက်နဲ့ နိုင်ငံကို မီးအပြည့်ပေးနိုင်မယ် ။ဒါက စွမ်းအင်အသုံးချမှူတစ်ခု ။နောက်တစ်ခု  စစ်ရေးယှဉ်ပြိုင်မှူ  နူကလီးယားစွမ်းအင်ရှိတဲ့နိုင်ငံတနိုင်ငံဆိုတာနဲ့ တကမ္ဘာလုံးက ရှိန်တယ် ။သေချာတာတော့ စော်ကားခံရမယ်မဟုတ်ဘူး ။ဒေသတွင်းမှာလည်း ဂုဏ်တတ်မယ် ။မြန်မာနိုင်ငံမှာ နူကလီးယားဓါတ်ပေါင်းဖို ရှိပြီဟေ့ ဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ် ထိုင်း အဲနှစ်ကောင် မြန်မာကို မျက်လုံးပြူးနဲ့စောင့်ကြည့်ရတော့မယ် ။


ဒီတော့ ဘာလုပ်လုပ် ကန့်ကွက်ကြမယ့်စီမံကိန်းတွေကြားထဲမှာ ကျွန်ုပ်တို့နိုင်ငံက ပုံထဲကလို ဖယောင်းတိုင်နဲ့ပဲ နေကြတာပဲကောင်းမလား ။စဉ်းစားတော့ဗျာ ။

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Jan 7, 2013

မိန်းမလှဘော်ဒီဂတ်တစ်အုပ်ခြံရံပြီး သတင်းထောက်လုပ်ချင်သလား.The Voice Weekly ဂျာနယ်တွင်အလုပ်လျှောက်ပြီး ကေအိုင်အေနယ်မြေသို့သွားရောက်ရန်ဆန္ဒပြုပါ


 ကေအိုင်အေ၏ ပြန်ကြားရေးနှင့်ဆက်ဆံရေးရုံးတာဝန်ခံ မမကြီး ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးနဲ့ လုံးထွေးပေါင်းဖက်ချိတ်ဆတ်ပြီး သင်သတင်းယူရာနေရာများ သွားလေရာသို့ သင့်ကားနောက်တွင် သေနတ်ကိုင် အမျိုးသမီးငယ် ၄ ဦးခြံရံလိုက်ပါသော ဘဝကိုလိုချင်ပါသလား ။The Voice Weekly ဂျာနယ် တွင် အလုပ်လျှောက်ပြီး ကေအိုင်အေ နယ်မြေ လိုင်ဇာသို့ သွားရောက်ရန်ဆန္ဒပြုပါ ။ဖော်ပြပါ ပုံပါ မိန်းမလှလေးများနှင့် သာသာယာယာဖြစ်စေရန် ကေအိုင်အေ ဗိုလ်ချုပ် ဂမ်ရှောင်မှ ဖန်တီးပေးလိမ့်မည် ။သရဲကြောက်လို့ ည တစ်ယောက်တည်း မအိပ်ရဲသူအတွက် နှစ်သီးစား အခွင့်အရေးရနိုင်မည့် မဟာ အခွင့်အရေးကြီးဖြစ်သည် ။

 (မောင်ကျောက်ခဲ)
Readmore »

ဂျီနီဗာ ကွန်ဗင်းရှင်းနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ

ဂျီနီဗာကွန်ဗင်းရှင်းများ (Geneva Conventions)
တကယ်တော့ ဂျီနီဗာကွန်ဗင်းရှင်းများသည် လက်နက်ကိုင်ပဋိပက္ခများတွင် လူသားများအပေါ် ပြုမူဆက်ဆံရမည့် နိုင်ငံ တကာစံနှုန်းများကို ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ဂျီနီဗာကွန်ဗင်းရှင်းများတွင် ကွန်ဗင်းရှင်းလေးခုနှင့် နောက်ဆက်တွဲ သဘောတူညီချက် (additional protocol) သုံးခုပါဝင်သည်။ ဂျီနီဗာကွန်ဗင်းရှင်းများ၏ အစမှာ ပြင်သစ်နှင့် သြစတြီးယား တပ်များ ၁၈၅၉ခုနှစ် ဇွန်လ ၂၄ ရက်နေ့ အီတလီနိုင်ငံ Solferino မြို့ အနီးတွင်ဖြစ်ပွားခဲ့သည့် စစ်ပွဲဖြစ်သည်။ ထိုတိုက်ပွဲ နေရာသို့ ရောက်သွားခဲ့သော ဆွစ်ဇာလန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ လူမှုရေးကူညီလှုပ်ရှားသူလည်း ဖြစ်သည့် ဟန်နရီဒူးနန့်သည် ထို့နေ့တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သော နှစ်ဘက် တပ်ဖွဲ့များက စစ်သည် သုံးသောင်း ရှစ်ထောင်ကျော် စစ်မြေပြင်မှာ ပြုစုသူ၊ ကယ်ထုတ်သူမရှိပဲဖြစ်နေသည်ကိုတွေ့ခဲ့ရပြီးထိုလူနာများကို ဘေးကင်းရာသို့ ရွှေ့ ပြောင်းပေးနိုင်ရန်နှင့် ကူညီနိုင်ရန်အတွက် ၎င်း၏ကိုယ်ပိုင်ငွေကြေးဖြင့်စေတနာရှင်များ၏ အကူအညီကို ရယူဆောင်ရွက် ပေးခဲ့ရသည်။

၁၈၆၂ ခုနှစ်တွင် ဟင်နရီဒူးနန့်က Solferino တိုက်ပွဲအကြောင်းကို စာအုပ်ရေးသားခဲ့ပြီး စစ်ပွဲများတွင် ဒဏ်ရာရရှိသူများကိုကာကွယ်စောင့်ရှောက်ရန်အတွက်နိုင်ငံတကာသဘောတူညီချက်စာချုပ်တစ်ခုပေါ်ပေါက်ရေးကို လှုံ့ဆော်ခဲ့သည်။ ၎င်း ၏ကျေးဇူးဖြင့် ၁၈၆၃ ခုနှစ်တွင် နိုင်ငံတကာကြက်ခြေနီကော်မတီ International Committee of the Red Cross (ICRC) ပေါ်ပေါက်ခဲ့ပြီး ၁၈၆၄ ခုနှစ်တွင် စစ်ပွဲအတွင်းဒဏ်ရာရသူများနှင့်ပတ်သက်သည့် ပထမဂျီနီဗာကွန်ဗင်းရှင်းပေါ်ပေါက်လာခဲ့ ရသည်။ ၁၉၀၆ ခုနှစ်တွင်တော့ ပင်လယ်ပြင်စစ်ပွဲများအတွင်းဒဏ်ရရသူများနှင့်ပတ်သက်သည့် ဒုတိယဂျီနီဗာကွန်ဗင်း ရှင်း၊ ၁၉၂၉ ခုနှစ်တွင် စစ်သုံ့ပန်းများနှင့်ပတ်သက်သည့် ဂျီနီဗာကွန်ဗင်းရှင်းများဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးတွင်မူစစ်ပွဲအတွင်းက အတွေ့အကြုံများကိုအခြေခံပြီး စစ်ပွဲများအတွင်း အရပ်သားများကိုအကာအကွယ် ပေးနိုင်ရန်အတွက်လိုက်နာရမည့် စတုတ္ထဂျီနီဗာကွန်ဗင်းရှင်း Geneva Convention relative to the Protection of Civilian Persons in Time of War ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။

၁၉၄၉ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်းမှာ စစ်ပွဲအခြေအနေအားလုံးနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက် ၂ နှင့် ၃ ( Common Articles 2 and 3 ) ပါရှိသည်။ ပြဋ္ဌာန်းချက် ၂ က နိုင်ငံတကာစစ်ပွဲများနှင့်သက်ဆိုင်ပြီး ပြဋ္ဌာန်းချက် ၃ က နိုင်ငံတကာ တကာအဆင့်မဟုတ်သည့် လက်နက်ကိုင်ပဋိပက္ခများ (Non-International Armed Conflict ) တနည်းအားဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့်သက်ဆိုင်သည်။

ပြဋ္ဌာန်းချက် ၃( Common Articles 3 )
ပြဋ္ဌာန်းချက် ၃ မှာ နိုင်ငံတစ်နိုင်ငံ၏ နယ်နမိတ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားများကိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လိုက်နာရမည့်အချက်များဖြစ်သည်။ ပြဋ္ဌာန်းချက် ၃ ၏ ဖွင့်ဆိုချက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟုဆိုရာတွင် အစိုးရနှင့် ဆန့်ကျင်ဘက်လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများသာမက အစိုးရကို ဆန့်ကျင်နေသည့်အဖွဲ့များအချင်းချင်းဖြစ်ပွားသည့်ပဋိပက္ခများလည်းပါဝင်သည်။

ပြဋ္ဌာန်းချက် ၃ က ဒဏ်ရာရမှုကြောင့်လည်းကောင်း၊ ဖျားနာမှုကြောင့်လည်းကောင်း၊ အဖမ်းခံရခြင်းကြောင့် လည်းကောင်း တိုက်ပွဲဝင်နိုင်မှုမရှိသည့် စစ်သည်များအပါအ၀င် စစ်ပွဲနှင့်ပတ်သက်မှုမရှိသူများ( အရပ်သားများ)အပေါ် အောက်ပါ အချက်များမပြုလုပ်ရန်တားမြစ်ထားသည်။
(က) သတ်ဖြတ်ခြင်း၊ ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း၊ လူမဆန်စွာဆက်ဆံခြင်း၊ နှိပ်စက်ခြင်း။
( ခ) ဓားစာခံအဖြစ်ဖမ်းဆီးခြင်း။
( ဂ) ဂုဏ်သိက္ခာထိပါးနိမ့်ကျအောင် ပြုမူဆက်ဆံခြင်း။
(ဃ) တရားရုံးများတွင် ဥပဒေနှင့်အညီစစ်ဆေးခြင်းမပြုဘဲ ပြစ်ဒဏ်ချမှတ်ခြင်း။


နောက်ဆက်တွဲ သဘောတူညီချက်များ (additional protocols)
ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင်ပေါ်ပေါက်လာသည့် စစ်အေးတိုက်ပွဲအတွင်းတွင်မူ စစ်ပွဲများ၏ သဘာဝမှာ ပြောင်းလဲ လာခဲ့သည်။အထူးသဖြင့်စစ်အေးတိုက်ပွဲကာလတွင် နိုင်ငံချင်းဖြစ်ပွားသည့်စစ်ပွဲထက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ကပိုမိုများပြားလာခဲ့သည်။ ထိုအခြေအနေများကို ခြုံငုံမိစေရန်အတွက် ရှိပြီးဂျီနီဗာကွန်ဗင်းများကို အထောက် အကူ ပေးမည့်နောက်ဆက်တွဲသဘောတူညီချက်များကို နိုင်ငံတကာကွန်ဖရင့်များတွင်အတည်ပြုခဲ့ရသည်။ ထိုကဲ့သို့ အတည်ပြု ခဲ့သည့် သဘောတူညီချက်သုံးခုရှိသည့်အနက် ၁၉၇၇ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဒုတိယနောက်ဆက်တွဲ သဘောတူညီ ချက် Protocol Additional to the Geneva Conventions of 12 August 1949, and relating to the Protection of Victims of Non-International Armed Conflicts (Protocol II) ) သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများနှင့် သက်ဆိုင်ပါသည်။

ဒုတိယနောက်ဆက်တွဲသဘောတူညီချက်ပုဒ်မ ၂၅ ခုပါဝင်ပြီး ပုဒ်မ အားလုံးမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ များတွင် စစ်ပွဲ၌ပါဝင်ခြင်းမရှိသူ ( အရပ်သားနှင့် ဒဏ်ရာရ/ အဖမ်းခံစစ်သည်များ) များအပေါ် လိုက်နာကျင့်သုံးရမည့် အချက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ နှင့် ဒဏ်ရရသူများကို ရှာဖွေခြင်း၊ ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများတွင်လိုက်နာရမည့် အချက် များသာပါဝင်ပါသည်။

ကချင်ပြည်နယ်ကတိုက်ပွဲများ

တကယ်တော့ ဂျီနီဗာကွန်ဗင်းရှင်းသည် နိုင်ငံတကာစစ်ပွဲများနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများတွင် လူသားများ အပေါ် ဆက်ဆံရာတွင် လည်းကောင်း၊ ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း လိုက်နာရမည့်အချက်များကို ပြဋ္ဌာန်း ထားခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် စစ်ပွဲတွင်းပါဝင်ပတ်သက်နေသူများ (About people in war) နှင့် သာ ပတ်သက် ပါသည်။ စစ်ဆင်မှုနည်းလမ်း (Warfare) များနှင့်လုံးဝ ( လုံးဝ) ပတ်သက်မှုမရှိပါ။

ထို့ကြောင့် ကချင်ပြည်နယ်တွင်းဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး မီဒီယာများပေါ်တွင် ဂျီနီဗာကွန်ဗင်းရှင်းတွင် ပြည်တွင်းစစ်(သို့မဟုတ်) ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများတွင် လေယာဉ်များအသုံးမပြုရ ဆိုသည် ပြောဆိုရေးသားမှုများသည်ဂျနီဗာကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များအပေါ်နားလည်မှုလွဲမှားနေခြင်းသာဖြစ်သည်။ တပ်မတော် အနေဖြင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးစစ်ပွဲများတွင် လိုအပ်ချက်အရ လေယာဉ်ပျံများအသုံးပြုခဲ့သည်မှာ ယခုမှ မဟုတ်ပါ။ဖဆပလအစိုးရလက်ထက်လွတ်လပ်ရေးရပြီးစအချိန်တွင်ပြည်ဘက်မှရန်ကုန်သို့ချီတက်လာသည့် သောင်းကျန်း သူတပ်ဖွဲ့များကို လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ လေတပ်သာမက ရေတပ်က အမြောက်တွေပါ ကုန်းပေါ်တင်ပြီးရန်ကုန်မြို့ကိုခုခံကာကွယ်ခဲ့ရသဖြင့်ရန်ကုန်အစိုးရဘ၀ကလွတ်မြောက်ခဲ့ရခြင်းဖြစ်ပါသည်။
ထို့နောက်တွင်လည်းစစ်ဆင် ရေးကြီးများတွင် လေကြောင်းမှ ထောက်ပံ့ရေးဆောင်ရွက်သကဲ့သို့ လေကြောင်းမှ ပစ်ကူပေးခဲ့သည့် ဖြစ်စဉ်အများ အပြား ရှိပါသည်။ နိုင်ငံတကာမှာလည်း ဒီလိုသာဓကတွေ အများကြီးရှိသည်။ လေကြောင်းမှတိုက်ခိုက်တာ၊ မတိုက် တာက အရေးမကြီး၊ အရေးကြီးတာက ဒီတိုက်ခိုက်မှုတွေမှာ အပြစ်မဲ့အရပ်သားတွေ ထိခိုက်မှုမရှိအောင်တတ်နိုင်သမျှ ရှောင်ရှား ရန်ဖြစ်သည်။ ဒါကမှ ဂျီနီဗာကွန်ဗင်းရှင်းကိုလိုက်နာခြင်းဖြစ်သည်။ ဒါ့ကြောင့်လည်း တပ်မတော်အနေဖြင့် လိုင်ဇာ လို ကေအိုင်အေက စစ်ရှောင်ပြည်သူများကို စုစည်းထားသည့်နေရာမျိုးကို လုံးဝတိုက်ခိုက်မှုမပြုလုပ်ခြင်းဖြစ်သည်။

ဂျီနီ ဗာကွန်ဗင်းရှင်းများတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၌ စစ်သည်များအပေါ်တွင်လည်းကောင်း၊ အရပ်သားများ အပေါ်တွင်လည်းကောင်း မည်ကဲ့သို့ ပြုမူဆက်ဆံရမည်ကို အတိအကျပြဋ္ဌာန်းထားမှုများရှိရာ ယနေ့ ကချင်ပြည်နယ် အခြေအနေကို စိတ်ဝင်စားသူများအနေဖြင့် ထိုအချက်များကို သိထားသင့်ပေသည်။ ဥပမာအားဖြင့် ဒုတိယ နောက်ဆက် တွဲသဘောတူညီချက်ပုဒ်မ ၄မှာ စစ်ပွဲမှာ ပါဝင်ခြင်းမရှိသူ ( အရပ်သားများနှင့် ဒဏ်ရာကြောင့်၊ ဖျားနာမှုကြောင့်၊ အဖမ်းခံရ မှုကြောင့် တိုက်ပွဲမ၀င်တော့သည့် စစ်သည်များ) အပေါ် ဓားစာခံဖမ်းဆီးခြင်း၊ အကြမ်းဖက်မှု ကျူးလွန် ခြင်း (acts of terrorism)၊ ပုဂ္ဂလိဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေရန် ဆောင်ရွက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများ မပြုလုပ်ရန် တားမြစ် ထားရာဒီကနေ့ကေအိုင်အေဘက်ကအင်တာနက်ပေါ်တွင်လွှင့်တင်ထားသည့် ဓာတ်ပုံအရတွေ့မြင်နေရသည့် လုပ်ရပ်များ မှာ ဂျီနီဗာကွန်ဗင်းရှင်းနှင့် ညီမညီစဉ်းစားသင့်ပေသည်။

အလားတူပင် ပုဒ်မခွဲ ၃ ပါ အသက် ၁၅ နှစ်အောက်ကလေးငယ်များကို လက်နက်ကိုင်ဆောင်ပြီး တိုက်ပွဲ ၀င်ခွင့် မပြုရန်တားမြစ်ချက်များ၊ ပုဒ်မ ၁၄ပါ အရပ်သားများအတွက် ရိက္ခာပို့ဆောင်မှုများ၊ ရိက္ခာစိုက်ပျိုးထုတ်လုပ်ရာ နေရာများ ကို တိုက်ခိုက်ခြင်းမပြုရန် တားမြစ်ချက်များ၊ ပုဒ်မ ၁၅ပါ ဆည်များ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက် ခြင်း မပြုရန် တားမြစ်ချက်များကို ကေအိုင်အေအဖွဲ့၏ တိုက်ခိုက်နေမှုအခြေအနေများနှင့် နှိုင်းယှဉ်သုံးသပ် မည်ဆိုပါက ဂျီနီဗာ ကွန်ဗင်းရှင်းနှင့် ကိုက်ညီမှုရှိမရှိ ဝေဖန်သုံးသပ်စရာများပေါ်ပေါက်လာမည်ဖြစ်ပါသည်။

ယနေ့နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုတွေအများကြီးရှိသကဲ့သို့ စိန်ခေါ်မှုတွေလည်း အများကြီးရှိပါသေးသည်။ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်သကဲ့သို့ ပဋိပက္ခတွေဆက်ဖြစ် နေတာလည်းရှိသည်။ ဒါတွေကို မီဒီယာများက သုံးသပ်ရေးသားကြတာလည်း သဘာဝကျပါသည်။ သို့သော် နိုင်ငံ တကာကွန်ဗင်းရှင်းတွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ချိတ်ဆက်ပြီးရေးသားသုံးသပ်မည်ဆိုလျှင်တော့ ထိုကွန်ဗင်းရှင်းများ အကြောင်းလေ့လာပြီးနှစ်ဘက်လုံးက ကွန်ဗင်းရှင်းနှင့်မကိုက်ညီသည့်လုပ်ရပ်များရှိလာပါက ဘက်မလိုက်ပဲ ထောက်ပြခြင်း က ပိုပြီး သင့်တော်လိမ့်မည်ထင်ပါသည်။

From:[_ ရဲထွဋ်_]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မိန်းမပျို ရောင်းစားတဲ့ မြန်မာနှစ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ စံခလဘူရီမြို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် မြန်မာအမျိုးသမီး ၁၈ ယောက်နဲ့အတူ လူပွဲစား မြန်မာနိုင်ငံသား ၂ ယောက်ကို ဒီဇင်ဘာ၂၅ ရက်နေ့ညက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။
စံခလဘူရီမြို့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ ညဘက်က ပြည့်တန်ဆာလုပ်ငန်း အတင်းအဓမ္မ သွတ်သွင်းခံရသူ မြန်မာအမျိုးသမီး ၁၈ ယောက် ကို ထိုင်းရဲတပ်ဖွဲ့ဝင်များက ကယ်ထုတ်လာပုံ

 မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်ဖက်ကနေ တရားမဝင်ခေါ်သွင်းလာတဲ့ မြန်မာအမျိုးသမီးတွေဟာ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မှာ ပြည့်တန်ဆာ အလုပ်လုပ်ကိုင်နေရကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ကို တိုင်ကြားလာတဲ့အတွက် ကွင်းဆင်းစုံစမ်းမှုတွေ ပြုလုပ်ပြီးနောက် အခုလို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးရုံးက အရာရှိတစ်ဦးကပြောပါတယ်။

ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတွေကို နောင်လူးရပ်ကွက် အုပ်စုအတွင်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ဝင်ရောက်ရှာဖွေခဲ့ရာမှာ မနွေး ဆိုတဲ့ အသက် ၃ဝ အရွယ် မြန်မာအမျိုးသမီးကို တွေ့ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသမီး ၃ ဦးထံက သိရှိထားတာက မနွေးကနေပြီး လာရှာတဲ့ ဧည့်သည်တွေကို တစ်ယောက်ကို ဘတ်ငွေ ၁၅ဝဝ နဲ့ လိုက်အိပ်ခိုင်းတယ်။ လာအိပ်တဲ့ ဧည့်သည်တွေ လာရှာပြီဆိုရင် မနွေးက ပြည့်တန်ဆာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေကို ထိန်းသိမ်းထားတဲ့ ကိုသိန်းကျော် ဆိုတဲ့သူထံကို တဆင့်ပို့ပေးတယ်။ ကျနော်တို့က ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ မနွေး နဲ့ ကိုသိန်းကျော် တို့ကို ဖမ်းဆီးခဲ့တယ်"

ထိုင်းနိုင်ငံကို ဘယ်လိုရောက်ရှိလာပြီး အခုလို အလုပ်လုပ်ကိုင်နေရတယ်ဆိုတာတွေ မေးမြန်းဖို့ အဲဒီမြန်မာအမျိုးသမီးတွေကို ဘန်ကောက် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဌာနကို ခေါ်ဆောင်သွားပြီး ပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

လူကုန်ကူးမှုလုပ်ကိုင်နေတဲ့ မနွေးနဲ့ ကိုသိန်းကျော်တို့နှစ်ဦးကိုတော့ လူကုန်ကူးမှု၊ ထိုင်းနိုင်ငံထဲ တရားမဝင်ခေါ်ဆောင်လာမှုစတဲ့ အမှု ၅ ခုနဲ့ တရားစွဲဆိုပြီး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးဌာနက အရာရှိက ပြောသွားပါတယ်။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

နာမည်ကြီး အထူးသင်တန်း

အကယ်၍ သင်သည် မြန်မာပြည်မှာ နာမည်ကြီးချင်ပါသလား၊ လွှတ်တော်အမတ်အဖြစ် ကျိန်းသေ အရွေးခံလိုပါသလား၊ အလွန်တော်သော လူငယ်နိုင်ငံရေးသမားဟု ကင်ပွန်တပ်ခံလိုပါသလား၊ အောက်ဖော်ပြပါ အချက်များကို လိုက်နာပါက ၃ လ မှ ၆ လ အတွင်း ကျိန်းသေ အောင်မြင်စေရမည်။ မည်သည့် ဗေဒင်ဆရာနှင့်မျှ မေးရန် ဓါတ်ရိုက်ဓါတ်ဆင်ပြုရန်မလို။

၁။ မည်သည့် ပုဒ်မှနှင့်မဆို ထောင်ကျဖူးလျှင်ပိုကောင်းသည် (ဆေးမှုနှင့် ထောင်ကျပြီးလည်း နိုင်ငံရေးမှုပြောင်း၍ လွတ်လာလျှင် နိုင်ငံရေးလုပ်လို့ ဖမ်းပါတယ်ဟု ပြောနိုင်ပါသည်)

၂။ ချက်ချင်းလက်ငင်း အမေ အမေ အမေ ဟု မိမိမွေးမိခင်မဟုတ်သည့် အခြားအမေတစ်ဦးကို တန်းတစွာဖြင့် ဘယ်နေရာရောက်ရောက် အော်ပေးပါ တစ်နေ့ အခါ ၃၀၀ အော်လျှင်ပိုကောင်းသည် (facebook ရောက်လည်း အော်ပါ လူပိုကြည်ညိုသည်)

၃။ မြန်မာအစိုးရ ဘာလုပ်လုပ် မတရားဘူး ပွင့်လင်းမြင်သာမှုမရှိဘူး ပတ်ဝန်းကျင်ထိခိုက်တယ်၊ အောက်ခြေလူတန်းစားကိုနှိပ်ကွပ်တယ် ဟုသာ များများအော်ပါ။

၎။ မြန်မာ့တပ်မတော် ဘာလုပ်လုပ် လူမျိုးတုန်းသတ်ဖြတ်နေပါတယ်။ ဂျီနီဗျာကွန်းဗန်းရှင်းကိုချိုးဖောက်တယ် (ဟုတ်လားမဟုတ်လား သိစရာမလို)၊ ထိုးစစ်ဆင်နေတယ်၊ ဒုက္ခသည်တွေကိုသတ်ပစ်တယ် စသည်ဖြင့် များများအော်နိုင်ပါသည်။

၅။ လိုအပ်လျှင် Facebook တွင် အကောင့် ၃ ၄ ခု ဖွင့်၍ အော်နိုင်သလို မြို့တော်ခန်းမရှေ့တွင်လည်း (တစ်ခါတစ်လေ ရွှေတိဂုံဘုရားရှေ့နှင့် ရွှေဂုံတိုင်တွင်) ဆန္ဒပြ၀န်ဆောင်မှုပေးသော လူများနှင့်ပူးပေါင်းနိုင်ပါသည်။ (နေ့တွက်လည်းကိုက်သလို နာမည်ကြီးမည်၊ ထမင်းအလကားလည်း စားရပါသည်)

၆။ ထိုထက်ပိုနာမည်ကြီးလိုလျှင် တပ်မတော်အစိုးရကို အကြမ်းဖက်တိုက်ခိုက်နေသူများ၏ ဌာနချုပ်များသို့အလည်သွား၍ သူတို့ကျွေးတာစားခြင်း၊ သူတို့ပေးသော မိန်းကလေးငယ်များနှင့် ပျော်ပါးခြင်း၊ တပ်မတော်ကို ပစ်ခတ်နေသူများကို ဗီဒီယိုရိုက်ခြင်း ပြန်ရောက်လျှင် မိမိလုပ်ခဲ့သမျှကိုမေ့ထားကာ အင်တာနက်နှင့် လမ်းတကာ လူတကာလှည့်ပြီး တပ်မတော် မကောင်းကြောင်းပြောကြားနိုင်ပါသည်။

၇။ အကြမ်းဖက်သမားများကို လူကောင်းဟု တသက်လုံးမှတ်ယူပြီး ချစ်ခင်ပါက သင်ကောင်းစားနိုင်ပါသည်။

၈။ မည်သည့်နေရာတွင်ဖြစ်စေ သမာသမတ်ကျကျ သုံးသပ်သည့်သူကို တွေ့ပါက မိုးမွှန်အောင်ဆဲဆိုပြီး သူရဲကောင်းလုပ်နိုင်ပါသည်။ အစိုးရမကောင်းပြောသည်နှင့် လူအများက သင့်ကို ကောင်းချီးပေးပါလိမ့်မည်။

၉။ မိမိက ဒီမိုကရေစီကို ချစ်မြတ်နိုးသူဟု အမြဲလူကြားအောင်အော်၍ အစိုးရနှင့်ပတ်သက်သမျှ အစိုးရကိုကြားချဝေဖန်သူပါမကျန် ဆဲဆိုကာ မိမိအလှည့်ကျလျှင် ဝေဖန်သူမှန်သမျှကို block လုပ်ခြင်း comment ကို ဖျက်ပစ်ခြင်းများ ဆောင်ရွက်ပေးပါ။

၁၀။ အစိုးရသတင်းမှန်လျှင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အချိန်မရွေး ဆင်ကို လိပ် ကြံပိုးကို ကြံ့ဖြစ်အောင် ရေးသားပါ။ (ဥပမာ စစ်ဆေးမှ ဗိုလ်လောင်းများ assignment လုပ်နေသည်ကို တပ်မတော်မှ စစ်ဗိုလ်ဝါဒဖြန့်သမားများဟုလည်း သုံးစွဲနိုင်ပါသည်)။

၁၁။ comment များတွင်လည်း အစိုးရအကြောင်း တပ်မတော်အကြောင်း ချီးမွန်းခန်းဖွင့်ထားသူကိုတွေ့ပါက မင်းနိုင်ငံရေးဘယ်လောက်နားလည်လို့လည်း၊ မင်းဘယ်လောက်တတ်လို့လဲ၊ မင်းငယ်ပါသေးတယ်၊ ငါတို့က ဘယ်နှနှစ်ခံရတာစသည်ဖြင့် ကိုယ်မမွေးသေးသော ခုနှစ်များ လိုအပ်လျှင် လွတ်လပ်ရေးမရခင်ကတည်းကခုနှစ်များပါ ထည့်ပြောလျှင် ပိုကောင်းပါသည်။)

၁၂။ မည်သည့် စစ်လက်နက်များ စစ်ဗျူဟာများမှ သိစရာမလိုပါ မည်သည်ဟယ်လီကော့ပတာမဆို တိုက်ခိုက်ရေးရဟတ်ယာဉ်ဟု အမည်ထည့်ပါ သူများနိုင်ငံမှပျံသန်းနေသော ရဟတ်ယာဉ်ပုံများ လေယာဉ်များကိုလည်း photoshop နှင့် ပြုပြင်ပြီး မလိုအပ်လျှင်လည်း မပြင်ပဲ ရုပ်တည်ဖြင့် ထိုးစစ်တိုက်ခိုက်ပုံ ဒုံးပစ်နေပုံဟု ရေးနိုင်ပါသည်။ flares ကျဲချနေသည်ကို တွေ့လျှင်လည်း ဟုတ်သော်ရှိ ဒုံးပစ်နေပုံဟုရေးလျှင် လူများ ပိုစိတ်ဝင်စားပါသည်။

၁၃။ မကြာခဏ ခနဲ့နိုင်ပါသည်။ သင်များများ အစိုးရကို ခနဲ့နိုင်လေ သင်အောင်မြင်လေဖြစ်ပါသည်။ လူအများသည် ခနဲ့ခြင်းကို ကြိုက်ပါသည်။ သင်ပိုမိုကြိုးစားလျှင် ပရိတ်သတ်ပေးသော နံပါတ် ၁ ဖြစ်နိုင်ပါသေးသည်။

၁၄။ မိမိမကျေနပ်သော ပါတီမှ အဖွဲ့ဝင်တစ်ဦး ဥပဒေချိုးဖောက်လျှင် ဒါပါတီကချိုးဖောက်တာ အစိုးရကချိုးဖောက်တာဟု အစဉ်အော်ပြီး မိမိအားပေးသော ပါတီမှ အဖွဲ့ဝင် ဥပဒေချိုးဖောက်လျှင် (ဥပမာ မဒိန်းကျင့်လျှင်) ဒါက သူ့ကိစ္စ ပါတီနဲ့မဆိုင်ဘူးဟု အမြဲယူဆနိုင်ပါသည်။

၁၅။ သင် ၁၀ တန်းအောင်ရန် သို့မဟုတ် သင်တက်နေသောကျောင်းတွင် အမှတ်ကောင်းရန်မလိုပါ။ အစိုးရမကောင်းဘူးနှင့် သင်ယောကျာ်းဖြစ်ပါစေဦး ထမီစကို ပတ်ထားနိုင်လျှင် သူရဲကောင်းဖြစ်နိုင်ပါသည်။ မိမိအားပေးသူပါတီခေါင်းဆောင်တစ်ဦး မိန့်ခွန်းပြောကြားစဉ် အရက်မူးသမားရုပ်နှင့် စင်ပေါ်တက်ပါကလည်း အောက်က ပရိတ်သတ်များက အမေ အမေ အမေ ဟု အော်ကာ သင့်အား ကောင်းချီးပေးပါလိမ့်မည်။

အထက်ပါသင်တန်းများအား မိမိကိုယ်တိုင် လေ့ကျင့်ခြင်းဖြင့် သင်၏ နိုင်ငံရေး အောင်မြင်ကျော်ကြားမှုကို ထိန်းသိမ်းနိုင်ပါသည်။

From:[_ ဝေဟင်ချစ်သူ//www.facebook.com/theuseofforc_]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

အင်တာနက်ပေါ်တွင် Facebook အသုံးပြု၍ နိုင်ငံတော်အစိုးရနှင့်စစ်တပ်တို့အား စော်ကားပြောဆိုသော ဒေါ်စု၏ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒီမိုဖက်တီး(ခ)မေဇင်အေး(ခ)ခွန်ဒီးယမ်

အထက်ပါ ဓါတ်ပုံသည် ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာတွင် "ခွန်ဒီးယမ်" အမည်ဖြင့် နိုင်ငံတော်အစိုးရ အကြီးအကဲများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တစ်ကွ စစ်သည်များအားလုံးကို စော်ကား မော်ကားများ ပြုလုပ်လျက် ရှိသော မေဇင်အေး အမည်ရှိ ဖက်တီးမ၏ ဓါတ်ပုံ ဖြစ်သည်။ မေဇင်အေးသည် "ဒီမိုဖက်တီး" အမည်ဖြင့် အွန်လိုင်းတွင် သမ္မတဦးသိန်းစိန်၊ ၀န်ကြီးများ စသည်တို့ကို တောက်လျှောက် ပုတ်ခတ်စော်ကားခဲ့ပြီး ယခုအခါ KIA တိုက်ပွဲများ ပြင်းထန် လာချိန်တွင် စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား၊ စစ်တပ်နှင့် ကချင်တိုင်းရင်းသားများ အကြား အမျိုးမျိုးသွေးကွဲစေရန်၊ တင်းမာမှုများ ပိုမို ဆိုးရွားပြင်းထန်လာစေရန် လှုံ့ဆော် နေသူတစ်ဦး ဖြစ်သည်။ 


 မေဇင်အေးသည် ဖက်တီးအမည်ကို လူသိများလာပြီ ဖြစ်၍ ခွန်ဒီးယမ် အကောင့်မှ ပိုမိုလှုပ်ရှားဆောင်ရွက်ရန် ရည်ရွယ်၍ ဖက်တီးအကေင့် အဟက်ခံရသလို ဟန်ဆောင်ဇာတ်လမ်း ခင်း၍ ကလိမ်စေ့ငြမ်းဆင် ဆောင်ရွက်လာခဲ့သည်။ ယခု ခွန်ဒီးယမ်အကောင့်မှာ Eleven ဂျာနယ်နှင့် ပြဿနာများ တက်ခဲ့ကာ တရားစွဲဆိုမှုများ ဖြစ်ပေါ်ခဲ့စဉ်က Eleven ဂျာနယ်ကို အွန်လိုင်းမှ သွားပုတ်လေလွင့် တိုက်ခိုက်ထိုးနှက်ရန် အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သော အကောင့် ဖြစ်သည်။ ဤအကောင့်မှပင် သတင်းမီဒီယာများကို ဆဲချင်တိုင်းဆဲ တိုက်ခိုက်ချင်တိုင်း တိုက်ခိုက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မေဇင်အေး၏ W3M အိုင်တီကုမ္ပဏီသည် လှိုင်နယ်မြေရှိ MICT Park တွင် ရုံးခန်း ဖွင့်လှစ်ထားပြီး လက်ရှိ လေဒီဂျာနယ်အား ထုတ်ဝေနေသူ ဖြစ်သည်။ 

မေဇင်အေး၏ မိတ်ဆွေများ၏ ပြောပြချက်အရ ၄င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်လေ့ ရှိကြောင်း၊ သို့ မဟုတ် တယ်လီဖုန်းဖြင့် ဆက်သွယ် လေ့ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အကြံပြုပြောကြားချက်များကို အလေးထား စဉ်းစားဆောင်ရွက်လေ့ရှိကြောင်း၊ ဥပမာ သတင်းမီဒီယာများအား အကုန် မဖိတ်ဘဲ ရွေး၍ ဖိတ်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် သူမကပင် အကြံပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့  သူမ အကြံပြု၍ ဒေါ်အောင်ဆန်စုကြည် လိုက်လံဆောင်ရွက်ခဲ့သည်မှာ အခြားအရေးကြီးကိစ္စ များစွာလည်း ရှိခဲ့ကြောင်း မေဇင်အေး ကိုယ်တိုင် နှုတ်မှ ပြောကြားခဲ့သည်ဟု သိရှိရသည်။ မေဇင်အေးသည် ဒီမိုဖက်တီး အကောင့်မှာ ၄င်းဖြစ်ကြောင်း လူသိများလာသည့်အတွက် ၄င်းအတွက် အန္တရာယ်ကင်းစေရန် ယခုအကောင့်ဖြင့်သာ လှုပ်ရှားဆောင်ရွက်ရန် ပြောင်းလဲလာကြောင်း တွေ့ရှိရသည်။





မေဇင်အေးသည် ခွန်ဒီးယမ် အကောင့်မှတဆင့် သမ္မတဦးသိန်းစိန်နှင့် မြန်မာအစိုးရ သိက္ခာကျဆင်းစေရန်၊ ယုံကြည်မှု နည်းပါးစေရန် အစဉ်အမြဲ တိုက်ခိုက်ဝေဖန်လေ့ ရှိ သည်။ တစ်ဖန် ကချင်ပြည်နယ်အရေးကိစ္စတွင် KIA ဘက်မှ ၀ါဒဖြန့် ပေးရုံသာမက မြန်မာ့တပ်မတော်ကို တစ်စက်မျှ ရစရာ မရှိအောင် ပုတ်ခတ်စော်ကားခြင်းများ ဆောင်ရွက်ခဲ့သည်။


NLD ပါတီဝင်ကုလားမှ 15 နှစ်မိန်းမပျိုအား NLD ကျုရှင်ဖြစ်သော ပညာဒါန အခန်းထဲတွင် မုဒိန်းကျင့်ခဲ့စဉ်က အထက်ပါအတိုင်း ရေးသားခဲ့သည်

၎င်း၏ ရင်းနှီးသူ မိတ်ဆွေရင်းများက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် ပြောကြားခဲ့ခြင်းများ ရှိသော်လည်း လိုက်နာခြင်း မရှိသည့်အပြင် မည်သူ့  ပြောကြားချက်ကိုမျှ ဂရု မိုက်သည့် အနေအထားမျိုး ဆောင်ရွက်နေကြောင်း သိရှိရသည်။ အွန်လိုင်းမှ အများစုကလည်း မေဇင်အေးသည် ဒေါ်အောင်ဆန်းစုကြည်ကို အတော်ကလေး ပိုင်ပုံရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ခွန်ဒီးယမ်အကောင့်မှ မေဇင်အေး ယနေ့  တစ်ခုခု ပြောလိုက်သည်နှင့် နောက်နေ့ တွင် လိုက်လုပ်တတ်သည်ကို တွေ့ရှိရ ကြောင်း၊ ထို့ ကြောင့် မေဇင်အေးသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှန်တစ်ကယ် သြဇာ ညောင်းလျှင် ညောင်းမည်၊ သို့ မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည် လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြိုတင် သိရှိထားဖွယ်ရာ ရှိကြောင်း ခန့် မှန်သုံးသပ်မှုများလည်း ရှိနေသည်။

တစ်ချို့ ကလည်း ဇေင်အေးသည် ခွန်ဒီးယမ်အကောင့်မှ ဖော်ပြနေသည်များမှာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆလျက် ရှိကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဖက်ရေ၊ ဒီသတင်းလေး ဖြန့်လိုက်ပါဦး ဟု ခိုင်းစေတတ်ပြီး မေဇင်အေးက တည်ဆောက်ထားသည့် အွန်လိုင်းကွန်ရက်မှတ်ဆင့် သတင်း ဖြန့် ပေးရကြောင်းလည်း NLD ပါတီနှင့် နီးစပ်သူများ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်း ၀င်ထွက်သွားလာနေကြသူများ အသိုင်းအ၀ိုင်းက ပြောကြားခဲ့ဘူးသည်။


ခွန်ဒီးယမ် အကောင့်မှ ရေးသားဖော်ပြနေမှုများသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများ၊ ရပ်တည်ချက်များ ဟုတ်-မဟုတ် တိကျခိုင်မာစွာ သိရှိနိုင်ရန် အရေးကြီးလာပြီ ဖြစ်သည်။ အကြောင်းရင်းမှာ ခွန်ဒီးယမ်အကောင့်မှ မေဇင်အေး ရေးသားဖော်ပြနေသည်များမှာ ပြည်တွင်ငြိမ်းချမ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စသည်တို့ အကုန်လုံးကို ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာစေသော အချက်အလက်များ ဖြစ်နေကြောင်း အထင်အရှား တွေ့ရှိရသည်။

ခွန်ဒီးယမ်အကောင့်မှ ရေးသားဖော်ပြနေမှုများသည် NLD ပါတီ၏ သဘောထားများ ရပ်တည်ချက်များ ဖြစ်နေပါက ပြည်သူများအနေဖြင့် အထူးပင် သတိပြု ဆင်ခြင်စရာ ဖြစ်လာမည် ဖြစ်သည်။

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Jan 6, 2013

ကေအိုင်အေများ မြန်မာ့တပ်မတော်၏ ပွိုင့် ၇၇၁ စခန်းကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်နေခြင်းဆိုသည်မှာ မဟုတ်မှန်ကြောင်း ကေအိုင်အေများ အမြီးကုပ်နေကြောင်း တပ်မတော်အရာရှိတစ်ဦးပြောကြား

ဒီနေ့ KIA က၀ါဒဖြန့်နေတဲ့ ထဲမှာ အစိုးရတပ်တွေသိမ်းထားတဲ့ ၇၇၁ တောင်ကုန်းကိုလာတိုက်တယ်ဆိုတာတွေ့လိုက်ရပါတယ်။
အထက်ပါသတင်းလုံးဝမမှန်ပါ။ ၇၇၁ ကို လာတိုက်၇င်မှားသွားပါလိမ့်မယ်။ ၇၇၁ မှတပ်အင်အားတွေလဲအများကြီးဖြည့်ထားပါတယ်။ ရဟတ်ယာဉ်နဲ့တောင် ရိက္ခာ ခဲယမ်းတွေပို့နေပါပြီ။ ၇၇၁ တောင်ကုန်းရဲ့ပတ်ဝန်းကျင်က ရဲ့ကာကင်းကုန်းတွေကိုလဲကျွန်တော်တို့ရထားပြီးပါပြီ။ တွေ ၇၇၁ ကိုတိုက်ဖို့နေနေသာသာ အနီးကပ်ဖို့အတွက် တောင်လုံးဝမလွယ်ပါဘူး။ ၇၇၁ ကနေ လိုင်ဇာကို အမြောက်နဲ့ပစ်တယ်ဆိုတာလုံးမဟုတ်ပါ။ ပစ်နိုင်တဲ့အနေအထားရှိပေမဲ့ ပစ်ရန်အစီအစဉ်လုံးဝမရှိပါ။ တစ်ခုတော့ရှိပါသည် လိုင်ဇာကိုလက်နက်ကြီးနှင့် ပစ်သည်ဆိုတိုင်းလည်း လူနေရပ်ကွက်ထဲ
သို့ပစ်မည်ဟုအများစုမှမြင်ထားကြပါသည်။ လိုဇာတွင် မည်သူ့ကိုမှဝင်ခွင့်မပေးသော KIA စစ်ဘက်ဆိုင်ရာပစ်မှတ်များအများအပြားရှိပါသည်။ လူနေရပ်ကွပ်မှ လိုင်ဇာမြို့၏ သုံးပုံတစ်ပုံသာရှိပါသည်။
သတင်းဓာတ်ပုံအများကြီးရှိပေမဲ့ကန့်သတ်ချက်လေးတွေ၇ှိလို့မတင်ဖြစ်သေးတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။



From:[_ရန်နိုင်အောင် _] 
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မိမိတို့ ကေအိုင်အေသည် သူပုန်သက်သက် ဖြစ်ကြောင်း ကေအိုင်အေ ဗိုလ်ချုပ် ဂမ်ရှောင်ဝန်ခံပြောကြားပြီး ကချင်နယ်မြေအတွင်း ဘိန်းခင်းများတွေ့ရှိရမှူအခြေအနေ

ယခုတလော အင်တာနက်စာမျက်နှာတွေပေါ်မှာ အစိုးရတပ်တွေက KIO/ KIA အဖွဲ့အပေါ်   လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်ချေမှုန်းတဲ့သတင်းများနှင့်အတူ ဂယောင်ချောက်ချားနဲ့ သက်ပြင်း တချချလုပ်ပြီး ဘုရားသခင်က တိုက်ခိုင်းလို့ ကျူးကျော်သူဗမာတပ်ကို တိုက်ခိုက်နေရပါတယ် ဆိုတဲ့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ Interview ကို အံ့သြဖွယ်ရာ နားထောင်လိုက်ရပါတယ်။
 
          ဘာဖြစ်လို့ အံသြရသလဲဆိုတော့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့  Interview ဖြေဆိုချက်တွေအရ   KIA အဖွဲ့ ဟာ အစိုးရကို ပုန်ကန်နေတဲ့ သူပုန်အဖွဲ့ဖြစ်ကြောင်း၊ တရုတ်ဗဟိုအစိုးရက KIA ကို မထောက် ခံပေမဲ့ ယူနန်ပြည်နယ် အစိုးရနဲ့ ရွှေလီမှာရှိတဲ့ တရုတ်စီးပွားရေးသမားများက KIA ကို ထောက်ခံ   နေကြောင်း၊ တရုတ်ပညာရှင်များ အကူအညီနဲ့ လက်နက်များထုတ်လုပ်သုံးစွဲပြီး တိုက်ပွဲကြီးများကို ရင်ဆိုင်နိုင်တဲ့ စစ်သွေး ကြကချင် လူမျိုးများ စုစည်းမှုရှိနေကြောင်း၊ ကချင်အချင်းချင်း စည်းလုံး ညီညွတ်မှုရှိလာပါတယ်လို့ပြောပြီး လချိတ်လူမျိုး အများစုဖြစ်တဲ့ NDAK အဖွဲ့က ဘိန်းစိုက်နေကြောင်း ၊ ဗမာလူမျိုးများက ကချင်တွေကို မူးယစ်ဆေးဝါးရောင်းခိုင်း၊ စိုက်ခိုင်း၊ သုံးစွဲခိုင်းတယ်ဆိုတဲ့ ယုတ္တိမရှိတဲ့ စွပ်စွဲချက်တွေနဲ့ ကိုယ့်ကချင်လူမျိုးတွေ ကိုနိမ့်ချပြီး ကချင်တွေဟာ ဘိုးဘွား အစဉ်အဆက် မူးယစ်    ဆေးဝါးသုံးစွဲတတ်တယ်ဆိုတဲ့ အကြောင်းအရာ တွေကို  မကြောက်မလန့်နဲ့ ခပ်တည်တည် Internet မှတစ်ဆင့် သက်သေခံချက် ဆိုပြီး ကိုယ်တိုင်ထုတ်ဖော် ၀န်ခံ   ပြောကြားခဲ့ ပါတယ်။ 
အဆိုပါဒေသသည် ကေအိုင်အေ ထိန်းချုပ်နယ်မြေဖြစ်သည်

အထူးသဖြင့် Interview မေးမြန်းသူရဲ့ ပညာသားပါတဲ့ အတို့အထောင်မေးခွန်းတွေအပေါ် လူမျိုးရေး အမြင်ကျဉ်းမြောင်းတဲ့ ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့ ပြောကြားချက်များကြောင့် ကချင်လူမျိုးများကို   နိုင်ငံတကာမှ သနားညှာတာမှု၊ မေတ္တာသက်ဝင်မှုမဖြစ်စေဘဲ တယူသန်၊ ခေါင်းမာသူများရဲ့ လက်နက် အားကိုး ၊ အကြောက် တရားနဲ့ ဖိနှိပ်ခံထားရတဲ့ ပညာမတတ်၊ ဆင်းရဲနုံချာတဲ့ ဘ၀ပေးမကောင်းသူ လူ့အသိုင်းအ၀န်း အဖြစ်သာ မြင်စေပါတယ်။

          အဆိုးဆုံးကတော့ ဘုရားသခင်ရဲ့အလိုကျ၊ ဘုရားသခင်ရဲ့ ခိုင်းစေချက်ကြောင့် စစ်တိုက်နေရ ပါတယ်ဆိုတဲ့ အယူအဆဟာ ဒီနေ့ကမ္ဘာက လက်မခံတဲ့ အစ္စလာမစ်အစွန်းရောက် အကြမ်းဖက် အဖျက်သမား များရဲ့ အယူအဆနဲ့ထပ်တူ ဖြစ်နေတာကို စိုးရိမ်ဖွယ်ရာ မြင်တွေ့နေရပြီး ဒီလိုလူမျိုးတွေ KIA အဖွဲ့တွင်း ရှိနေခြင်းဟာ ကချင်မျိုးနွယ်စုများအတွက် အလွန် အန္တရာယ်ကြီးပါတယ်။



ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့အမိန့်အရ ဒီနေ့ ကချင်ပြည်နယ်အတွင်းမှာ စစ်ပွဲများနဲ့  မဆိုင်တဲ့ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာ၊ အပြစ်မဲ့တဲ့ ကချင်လူငယ်တွေ ကိုယ့်မိုင်းကိုယ်ကွဲပြီး သေကြေပျက်စီး ရတာ၊ အဖိုးအဖွား ကလေးငယ်တွေ ဒုက္ခသည်စခန်းကို ရောက်ရှိရတာ၊   အေးချမ်းစွာ လုပ်ကိုင် စားသောက်နေတဲ့ ပြည်သူလူထုကို အခွန်ဆိုပြီး မတရားသဖြင့် ဆက်ကြေးကောက်ခံတာတွေကို ဘုရားသခင်ခိုင်းလို့ လုပ်ရပါတယ်ဆိုတာကတော့ ရူးကြောင်ကြောင်   သွေးရူးသွေးတန်းစကား   ဖြစ်ပါ တယ်။ သူပုန်အဖွဲ့ရဲ့ အဖျက်လုပ်ရပ်တွေကို ကျွန်တော်တို့ ကချင်လူမျိုးများ အပါအ၀င် ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀န်းက လက်ခံမယ်မထင်ပါဘူး။ ဒါ့ကြောင့်လည်း ဘုရားသခင်ရဲ့ အမည် နာမတော်နဲ့ သမ္မာကျမ်းစာတွေကို အစွန်းရောက်ပြီး အဓိပ္ပါယ်ကောက်မှားတဲ့ တစ်နေ့သုံးကြိမ် ဘုရားဝတ်ပြုတဲ့ စာတန်ဂမ်ရှောင်ကို ဘုရားသခင်ရဲ့အလိုတော်ကျ တပည့်များကလက်စွမ်းပြ လိုက်ပြီ   ဖြစ် ပါတယ်။ ဗိုလ်ချုပ် ဂမ်ရှောင်ကို ဘုရားသခင် ကောင်းချီးပေးပါစေ.....
စခုန်ဇော်ရော် 
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကချင်ဒေသစစ်မြေပြင်က မြန်မာတပ်မတော်သားတစ်ဦး၏ ဒိုင်ယာရီစာအုပ်ထဲမှ မျက်ရည်စို့စေမယ့် စာသားတွေ



ဒီစာတွေကို စစ်သားတစ်ယောက် ရေးခဲ့ပါတယ်။ အတိအကျ ပြောရရင်တော့ ကချင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သား တစ်ယောက်ရေးခဲ့တဲ့ ဒိုင်ယာရီက စာသားတွေပါပဲ။
သူ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ သူ စားစရာ မရှိတဲ့ဘ၀ကို ရင်ဆိုင်ခဲ့ရတယ်။ သူနာဖျားချိန်မှာ ဆေးတပ်ဖွဲ့က ပေးတဲ့ စားဆေးလောက်နဲ့ သူကျန်းမာအောင် နေခဲ့တယ်။ သူဟာ သူ့ရဲ့ မိန်းမနဲ့မိသားစုကို အရမ်း ကို သတိရခဲ့ပါတယ်။

သူ့ရဲ့ ဟင်းတစ်ခွက်က တောထဲက ပေါက်တဲ့ မျစ်ကို အချဉ်လုပ်ပြီး စားခဲ့ရတယ်။ နှင်းဒဏ်တွေနဲ့ ကချင်တောင်တန်းရဲ့ ချမ်းစီးတဲ့ ဒဏ်တွေကို သူခံခဲ့ရတယ်။ စိုရွဲနေတဲ့ နှင်းစိုဝတ်တွေကို မီးကင်ပြီး ကျောပိုးအိတ် တစ်လုံးမှာ ပါသမျှ အ၀တ်အထည်တွေနဲ့ သူတိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

ပေ တစ်သောင်းကျော် တောင်ကုန်းကို သူတက်ခဲ့ရတယ်။ သူ ရသင့်တယ်လို့ ထင်ခဲ့တဲ့ ရိက္ခာတွေကို သူစားသုံး ခွင့် မရှိဘူး။ တာဝန်ပေး ခိုင်းစေချက်တွေကို သူမကျေနပ်ဘူး။ ဒါပေမယ့် သူအကုန်လုံးကို ထမ်းဆောင်ခဲ့တယ်။ နောက်တော့ သူ ဂရုဏာဒေါသောနဲ့ အားလုံးကို မကျေမနပ် ဖြစ်ခဲ့တယ်။
သူဒီလောက် အပင်ပန်းခံလုပ်နေတာတောင်မှ အရပ်ထဲမှာ အစိမ်းရောင်ကို မြင်လို့ အထင်သေးတဲ့ သူတွေကို သူ စိတ်တိုတယ်။ ဒီလောက် ပင်ပန်းဆင်းရဲတာကို ဒီအတိုင်း ကြည့်နေရမလားဆိုပြီး လူကြီးတွေကို အပြစ်ဆိုမိတယ်။ ငါ့သားတွေ ဘယ်တော့မှ စစ်ထဲ မ၀င်နဲ့လို့ သူရေးခဲ့တယ်။


တစ်နေ့မှာတော့ တိုင်းပြည် တာဝန်ထမ်းဆောင်ရင်း သူ့အသက်ကို ပေးခဲ့ရတယ်။ အောင်ပွဲဆိုတာကို သူမမြင် ခဲ့ဘူး။ ငြိမ်းချမ်းရေးဆိုတာ အတွက် အသက်ကို ပေးဆပ်ရင်း မကျေမနပ်ဖြစ်ခြင်းတွေနဲ့ သူဟာအခုထိ ကချင် တောင်တန်းတွေကြားမှာ ရှိချင်ရှိနေအုံးမှာပါ။From:[_ oppositeye_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

တပ်မတော်သို့ အကြံပေးလိုခြင်း

ယခု အခါ ပြည်သူများအနေနှင့် မိမိနိုင်ငံ တပ်မတော်၏ စွမ်းရည်များ ကို အထင်မသေးစေရန်လည်းကောင်း လက်နက်စနစ်များ အကြောင်း သိရှိမှူ အားနည်းမှူကြောင့် မီဒီယာတိုက်ခိုက်မှူတွင် နားယောင်ကာ တပ်မတော်အား အထင်မှားမြင်မှားများရှိလာပြီဖြစ်သည် ။ထို့ကြောင့် ပြည်သူအများအား မိမိတပ်မတော် စွမ်းရည်အကြောင်း ပြသရန် မိမိ နို်င်ငံသည်လည်း အခြားနိုင်ငံများနှင့်ယှဉ်ကာ နာမည်ကျော် လက်နက်စနစ်များ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်းကို ပြသရန်လိုလာပြီဖြစ်သည် ။အိမ်နီးချင်းနိုင်ငံများမှလည်း အထင်မသေးရန် ပြသချိန်တန်ပြီဖြစ်သည် ။ထို့အတွက် ယခုနှစ်တပ်မတော်နေ့စစ်ရေးပြပွဲတွင် စစ်သည်များလမ်းလျှောက်စစ်ရေးပြအဆင့်မှသည် အမြောက်များ သံချပ်ကာကားများ လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်များ လေယာဉ်များ ကိုပါ ပွဲထုတ်ပြသရန် လိုပြီဖြစ်ကြောင်း အကြံဥာဏ်ပေးလိုပါ၏ ။






(မောင်ကျောက်ခဲ အဖွဲ့)
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ