ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသက လုံးခင်းနဲ့ တောမှော်ကျေးရွာအကြား အလယ်စခန်းမှာ အခြေစိုက်တပ်စွဲထားတဲ့ ကေအိုင်အေ ပြည်သူ့စစ်တပ်ကနေ ဒေသခံတွေနဲ့ ခရီးသည်တင်ကားတွေဆီက အဓမ္မ ငွေကြေးကောက်ခံနေတာတွေ ရှိတယ်ဒေသခံတွေပြောပါတယ် ။
ဖားကန့်မြို့နဲ့ (၁၀)မိုင်ခန့် အကွာအဝေးမှာရှိတဲ့ အဲ့ဒီရွာက ဒေသခံတွေဟာ မီးသွေးဖုတ်လုပ်ငန်းနဲ့ ထင်းခုတ်တဲ့လုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်နေကြပါတယ်။ ကေအိုင်အေ ပြည်သူ့စစ်တွေက မီးသွေးကားနဲ့ ထင်းတင်တဲ့ကားတွေကို ကျပ်ငါးသောင်း ပေးဖို့ ကောက်ခံနေတာတွေရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အခုလို ငွေကြေးကောက်ခံနေတာတွေဟာ ပြီးခဲ့တဲ့ (၃)လကစပြီး ပြုလုပ်နေကြတာလို့ သိရပါတယ်။ (မောင်ကျောက်ခဲ အဖွဲ့)

![Print Friendly and PDF](http://cdn.printfriendly.com/pf-button-both.gif)
3 ယောက် ဆွေးနွေးခဲ့တယ်:
ဖားကန့်ဘက်က ကေအိုင်အေကိုပါ တွယ်တော့လေ
akyan kone galone salt chet,
ဗိုလ်မှူးမင်းဌေး ဆိုပီး ကချင်စစ်ပွဲနဲ့ပတ်သက်ပီးအာချောင်နေသူက...ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..ေ၇ာ်နယ်အောင်နိုင် လက်အောက်ကကောင်ပါ
ကချင်စစ်ပွဲ၌၀င်တိုက်နေသော ABSDF (မြောက်ပိုင်း)ခေါင်းဆောင် ဦးလှဆိုင် ဆိုသူမှာ...ကျောင်းသားခေါင်းဆောင်..ကိုထွန်းအောင်ကျော်၏ခေါင်းအား သစ်တုံးပေါ်တင်ခိုင်း၍ ကိုယ်တိုင် ရက်၇က်စက်စက် ဓါးမ နှင့် ခုတ်ဖြတ်ခဲ့သူ ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..လှဆိုင်း ဖြစ်ပါတယ်
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။