Oct 19, 2012

ကေအိုင်အေမှ လက်အောက်စစ်သည်များ မြန်မာ့တပ်မတော်သေနတ်များအသုံးပြုခြင်းကြောင့် အပြစ်ပေးခြင်းနှင့် ပစ်သတ်ခံရခြင်းများရှိလာ

အရည်အသွေးညံကာ သေနတ်ဖြစ်ပြီးရော ဟူသော သဘောဖြင့် တရုတ် M 22 များကို ဒီဇိုင်းကွန့်ပြီး ထုတ်လုပ်ခဲ့သော KA 07 နှင့်  KA09 များကို ကချင်သူပုန်များကိုယ်တိုင် မကိုင်ချင်တော့ပဲ ကျဆုံးကျန်ခဲ့သော ချုံခိုမိုင်းခွဲတိုက်ခိုက်ရာမှ ရရှိလာသော မြန်မာတပ်မတော်သေနတ်များကို ကိုင်ဆောင်လာခြင်းကြောင့် ကေအိုင်အေ ဗဟိုဌာနချုပ်မှ အပြစ်ပေးအရေးယူခဲ့ရသည့်ဖြစ်စဉ်များရှိလာခဲ့ပါ
တယ် ။

မူလက "ဝ"  အကူအညီဖြင့် လက်နက်စက်ရုံထူထောင်ခဲ့သော်လည်း တရုတ် အမ် ၂၂ (တရုတ်ထုတ် အေကေ ၄၇ အညံစား များ)ကို မူတည်ပြီး ထုတ်ခဲ့သော ကေအေ 07 နှင့် ကေအေ 09 များသည် ကိုင်ဆောင်ရာတွင် အဆင်မပြေခြင်း သေနတ်ပြောင်းအရည်အချင်း ညံဖျင်းခြင်း ကျည်တောင့် ၂၀၀ကျော်ပစ်ပြီးတိုင်း ၅မိနစ်ခန့်အေးအောင် ထားရခြင်း ထိရောက်မှု ညံဖျင်းခြင်းကြောင့် မြန်မာ့တပ်မတော်နှင့် ရင်ဆိုင်နေရသော ရှေ့တန်းကျကျ ကချင်သူပုန်စစ်သည်များသည် ၄င်းတို့ထံတွင်ရှိသော မြန်မာ့တပ်မတော်ထုတ်သေနတ်များကို အသုံးပြုလာခြင်းကြောင့် ကေအိုင်အေ အနေဖြင့် ရှေ့တန်းတွင် ၄င်းကဲ့သို့ကိုင်ဆောင်ပါက ချက်ချင်းပစ်သတ်မည်ဖြစ်ပြီး နောက်တန်းတွင်ကိုင်ဆောင်ပါက ထောင်ချသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ် ။



 ထို့အပြင် ကေအိုင်အေ အနေနဲ့ တံတားများ ရထားလမ်းများကို မိုင်းခွဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လာပြီး အများပြည်သူ အပြစ်မဲ့ အရပ်သားများ မကြာခဏ မိုင်းနင်းမိခြင်းများကို တွေ့နေရပါသည် ။အထက်အမိန့်အရ မိုင်းထောင်နေရသော်လည်း အဆင့်မမှီထုတ်လုပ်ထားသော မိုင်းများနှင့်မကျွမ်းကျင်သောသူပုန်တို့ကြောင့်မိုင်းထောင်ရင်းကွဲသေသည့်သတင်းများလည်းတွေ့နေရပါသည်။

ထို့အပြင် မိုင်းနင်းမိသည်မှာလည်း ၄င်းတို့ဆွေမျိုးသားချင်း ရပ်ဆွေရပ်မျိုးများဖြစ်နေသည့်အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း ယခုလည်း အဆင့်မမှီ ထုတ်လုပ်ပေးသော သေနတ်များမကိုင်ဆောင်လိုသည့်အတွက် မြန်မာ့တပ်မတော် သေနတ်များကိုင်ဆောင်သော်လည်း မြင်လျှင် ပစ်သတ်လာသည့်အတွက် ဖြစ်နိုင်လျှင် ငြိမ်းချမ်းရေးရလျှင်လည်းရ..မရလျှင်လည်း မြန်မြန်သေချင်နေပြီဖြစ်ကြောင်း မိမိတို့မှာ ဆုပ်လည်းစုး စားလည်းရူးနေပြီဖြစ်ကြောင်း တိုးတိုးတိတ်တိတ် ဖွင့်ဟခဲ့ပါတယ် ။

(မောင်ကျောက်ခဲ)
______________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ